အိုုင္စီေဂ်ကိုု အတိုင္ပင္ခံကိုယ္တိုင္သြားေရာက္ ရင္ဆိုင္မယ့္အေပၚ မံုုရြာမွာ ေထာက္ခံအားေပးပြဲျပဳလုပ္

အိုုင္စီေဂ်ကိုု အတိုင္ပင္ခံကိုယ္တိုင္သြားေရာက္ ရင္ဆိုင္မယ့္အေပၚ မံုုရြာမွာ ေထာက္ခံအားေပးပြဲျပဳလုပ္

 

မံုုရြာ-နိုုဝင္ဘာ ၂၄-၂၀၁၉

ရန္နုုိင္စိုုး (VOM)

 

 

 

ျမန္မာႏိုင္ငံအစိုးရအားအျပည္ျပည္ဆိုင္ရာတရား႐ုံး  (ICJ) မွာတရားစြဲဆိုထားတာနဲ႔ပတ္သတ္ၿပီးႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဦးေဆာင္မႈနဲ႔သြားေရာက္ရင္ဆိုင္သြားမယ့္အေပၚႏိုဝင္ဘာ၂၄ရက္ေန႔ကမုံ႐ြာၿမိဳ႕မွာေထာက္ခံပြဲျပဳလုပ္ခဲ့ၾကပါတယ္။

 

” ဒါႏိုင္ငံအတြက္တာဝန္ယူမႈတာဝန္ခံမႈသတၱိအျပည့္ရွိတယ္ဆိုတာ‌ျပသလိုက္တာပဲ။အမွန္တရားကိုခ်ျပရဲတာရင္ဆိုင္ရဲတာႏိုင္ငံေရးသမားတစ္ေယာက္ေခါင္းေဆာင္ေကာင္းတစ္ေယာက္အျဖစ္ ပီသတယ္ဆိုတာေဖာ္ျပတာပဲ။က်ေနာ္တို႔ျပည္သူေတြအေနနဲ႔ဒါအျပည့္ဝေထာက္ခံတယ္။” လို႔မုံ႐ြာၿမိဳ႕ေဒသခံဦးခ်န္စိန္ကေျပာပါတယ္။

 

ရခိုင္ျပည္နယ္မွာျဖစ္ပြားတဲ့ဘဂၤလီအေရးနဲ႔ပတ္သတ္လို႔ျမန္မာအစိုးရကလူမ‌်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့စြတ္စြဲခ်က္နဲ႔ဂမ္ဘီယာႏိုင္ငံကအျပည္ျပည္ဆိုင္ရာတရား႐ုံးမွာတရားစြဲဆိုတာျဖစ္ၿပီးဒီကိစၥနဲ႔ပတ္သတ္လို႔ႏိုင္ငံအက်ိဳးစီးပြားအတြက္ရည္႐ြယ္ကာအမႈကိုသြားေရာက္ရင္ဆိုင္မွာျဖစ္တယ္လို႔ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ေျပာဆိုထားတာလဲျဖစ္ပါတယ္။

 

 

ဂမ္ဘီယာႏိုင္ငံအေနနဲ႔ျမန္မာႏိုင္ငံရဲ႕ပကတိအေျခေနကိုနားမလည္တဲ့အတြက္အခုလိုတရားစြဲဆိုတာျဖစ္တယ္လို႔မုံ႐ြာၿမိဳ႕ခံဦးမင္းလြင္ကလဲအခုလိုေျပာဆိုပါတယ္။

 

” တကယ္ေတာ့အခုတရားစြဲဆိုတာဟာျမန္မာျပည္ရဲ႕ပကတိအျခ‌ေန၊အေနထားကိုတကယ္မသိရွိေသးလို႔ပဲလို႔ေျပာခ်င္တယ္။တကယ္ေတာ့ဘဂ္လီအေရးကလူမ‌်ိဳးေရးအျပင္၊ဘာသာေရးကိစၥေတြပါေရာေထြးေနတာ။ကိုင္တြယ္ရတာနက္နဲတယ္။ခက္ခဲတယ္၊ထိလြယ္ရွလြယ္တယ္။ဒါကိုေျဖရွင္းရတဲ့အေနထားသူတို႔နားမလည္တာ။” လို႔ေျပာပါတယ္။

 

အခုျပဳလုပ္တဲ့ေထာက္ခံပြဲကိုမုံ႐ြာၿမိဳ႕ၿမိဳ႕ေတာ္အခန္းမေရွ႕မွာျပဳလုပ္ခဲ့တာျဖစ္ၿပီးစစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္အပါဝင္တိုင္းအစိုးရအဖြဲ႕ဝင္ေတြတက္ေရာက္ခဲ့ၾကပါတယ္။

 

ေထာက္ခံပြဲမွာေဒသခံ၇၀၀ေက်ာ္တက္ေရာက္ခဲ့ၾကၿပီးတက္ေရာက္လာသူေတြထဲမွာဘာသာေပါင္းစုံပါဝင္ပါတယ္။

 

အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္သြားေရာက္ရင္ဆိုင္မယ့္အေပၚေထာက္ခံအားေပးပြဲျပဳလုပ္တာဟာဒါပထမဆုံးျဖစ္ပါတယ္။

 

#voiceofmyanmar #မံုုရြာ #အိုုင္စီေဂ် #ေထာက္ခံအားေပးပြဲ

Unicode

အိုင်စီဂျေကို အတိုင်ပင်ခံကိုယ်တိုင်သွားရောက် ရင်ဆိုင်မယ့်အပေါ် မုံရွာမှာ ထောက်ခံအားပေးပွဲပြုလုပ်

မုံရွာ-နိုဝင်ဘာ ၂၄-၂၀၁၉
ရန်နိုင်စိုး (VOM)

မြန်မာနိုင်ငံအစိုးရအား အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာနဲ့ပတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မှုနဲ့ သွားရောက်ရင်ဆိုင်သွားမယ့်အပေါ် နိုဝင်ဘာ ၂၄ ရက်နေ့က မုံရွာမြို့မှာ ထောက်ခံပွဲပြုလုပ်ခဲ့ကြပါတယ်။

” ဒါနိုင်ငံအတွက် တာဝန်ယူမှု တာဝန်ခံမှုသတ္တိအပြည့်ရှိတယ်ဆိုတာ ပြသလိုက်တာပဲ ။ အမှန်တရားကို ချပြရဲတာ ရင်ဆိုင်ရဲတာ နိုင်ငံရေးသမားတစ်ယောက်ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ပီသတယ်ဆိုတာ ဖော်ပြတာပဲ။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒါ အပြည့်ဝထောက်ခံတယ်။ ” လို့ မုံရွာမြို့ဒေသခံ ဦးချန်စိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ဘင်္ဂလီအရေးနဲ့ပတ်သတ်လို့ မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်ကာ အမှုကို သွားရောက်ရင်ဆိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ပြောဆိုထားတာလဲ ဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေနေကို နားမလည်တဲ့အတွက် အခုလို တရားစွဲဆိုတာ ဖြစ်တယ်လို့ မုံရွာမြို့ခံ ဦးမင်းလွင်ကလဲ အခုလို ပြောဆိုပါတယ်။

” တကယ်တော့ အခုတရားစွဲဆိုတာဟာ မြန်မာပြည်ရဲ့ပကတိအခြနေ ၊အနေထားကို တကယ်မသိရှိသေးလို့ပဲလို့ ပြောချင်တယ်။ တကယ်တော့ ဘဂ်လီအရေးက လူမျိုးရေးအပြင် ၊ ဘာသာရေးကိစ္စတွေပါ ရောထွေးနေတာ။ ကိုင်တွယ်ရတာ နက်နဲတယ်။ ခက်ခဲတယ်၊ ထိလွယ်ရှလွယ်တယ်။ ဒါကို ဖြေရှင်းရတဲ့အနေထား သူတို့ နားမလည်တာ ။” လို့ ပြောပါတယ်။

အခုပြုလုပ်တဲ့ ထောက်ခံပွဲကို မုံရွာမြို့ မြို့တော်အခန်းမရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ထောက်ခံပွဲမှာ ဒေသခံ ၇၀၀ ကျော်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူတွေထဲမှာ ဘာသာပေါင်းစုံပါဝင်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့်အပေါ် ထောက်ခံအားပေးပွဲပြုလုပ်တာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်။

#voiceofmyanmar #မုံရွာ #အိုင်စီဂျေ #ထောက်ခံအားပေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW