လွ်ပ္စစ္ဝန္ထမ္းအရာရိွရဲ႕ အိမ္ေျပာင္းပစၥည္းေတြတင္လာတဲ့ ေမာ္ေတာ္ကားမီးေလာင္

ဥသွ်စ္ပင္၊ ႏိုဝင္ဘာ၂၅-၂၀၁၉
ဂ်န္ကိုးလ္(VOM)

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ ဥသွ်စ္ပင္ၿမိဳ႕၊ ေက်ာက္ဖူးေက်း႐ြာအနီး ပုသိမ္-မုံ႐ြာလမ္းမႀကီး၊ မိုင္တိုင္အမွတ္၁၂၃/၅နဲ႔၆ၾကားမွာ ႏိုဝင္ဘာ(၂၄)ရက္ ည၁၂နာရီခ်ိန္ခန္႔က လွ်ပ္စစ္ဝန္ထမ္းအရာရိွရဲ႕ အိမ္ေျပာင္းပစၥည္းေတြတင္လာတဲ့ ေမာ္ေတာ္ကားတစ္စီး မီးေလာင္ခဲ့တယ္လို႔ ေက်ာက္ဖူးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးရံုးကေနသိရပါတယ္။

အဲဒီကားကို ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္က လွ်ပ္စစ္ဝန္ထမ္းကြၽမ္းက်င္၄ ကိုမိုးေက်ာ္ႏိုင္ဆိုသူက ေမာင္းလာတာျဖစ္ၿပီး သထုံၿမိဳ႕ကိုေျပာင္းမဲ့ အထက္အရာရွိရဲ႕ အိမ္ေျပာင္းပစၥည္းေတြကို တင္ေဆာင္လာရင္း ကားဘကၳရီကတဆင့္ ဝါယာေရွာ့ုခ္ျဖစ္ကာ မီးေလာင္ခဲ့တယ္လို႔ သိရပါတယ္။

မ်က္ျမင္ေတြ႕ရွိသူ ေက်ာက္ဖူးေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးမိုးေဝက ”ကားေနာက္ဘီးေတြေလာင္ေနတယ္ အဲ့ကတဆင့္ အိမ္ေျပာင္းပစၥည္း ေမြ႕ယာတို႔၊ ေရခဲေသတၱာတို႔၊ အထပ္သား၊ ဆိုဖာခုံ စာ႐ြက္စာတမ္းေတြ ၊ကားေခါင္းခန္းေတြ အကုန္ေလာင္တယ္ဘဲေျပာပါေတာ့”လို႔ ေျပာပါတယ္။

ကားမီးေလာင္တဲ့ေနရာကို ဥသွ်စ္ပင္ၿမိဳ႕ကမီးသတ္ကား၂စီးနဲ႔ ပန္းေတာင္းၿမိဳ႕ကမီးသတ္ကားတစ္စီး လာေရာက္ၿငိမ္းသတ္ခဲ့ၾကၿပီး ည၂နာေက်ာ္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။

ကားမီးေလာင္မႈနဲ႔ပတ္သက္ၿပီး ဥသွ်စ္ပင္နယ္ေျမရဲစခန္းက (ပ)၁၃၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၂၈၅နဲ႔ အမႈ႕ဖြင့္အေရးယူထားတယ္လို႔သိရပါတယ္။

#voiceofmyanmar #ဥသွ်စ္ပင္ #ကားမီးေလာင္

Unicode

လျှပ်စစ်ဝန်ထမ်းအရာရှိရဲ့ အိမ်ပြောင်းပစ္စည်းတွေတင်လာတဲ့ မော်တော်ကားမီးလောင်

ဥသျှစ်ပင်၊ နိုဝင်ဘာ၂၅-၂၀၁၉
ဂျန်ကိုးလ်(VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူးကျေးရွာအနီး ပုသိမ်-မုံရွာလမ်းမကြီး၊ မိုင်တိုင်အမှတ်၁၂၃/၅နဲ့၆ကြားမှာ နိုဝင်ဘာ(၂၄)ရက် ည၁၂နာရီချိန်ခန့်က လျှပ်စစ်ဝန်ထမ်းအရာရှိရဲ့ အိမ်ပြောင်းပစ္စည်းတွေတင်လာတဲ့ မော်တော်ကားတစ်စီး မီးလောင်ခဲ့တယ်လို့ ကျောက်ဖူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကနေသိရပါတယ်။

အဲဒီကားကို ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က လျှပ်စစ်ဝန်ထမ်းကျွမ်းကျင်၄ ကိုမိုးကျော်နိုင်ဆိုသူက မောင်းလာတာဖြစ်ပြီး သထုံမြို့ကိုပြောင်းမဲ့ အထက်အရာရှိရဲ့ အိမ်ပြောင်းပစ္စည်းတွေကို တင်ဆောင်လာရင်း ကားဘက္ထရီကတဆင့် ဝါယာရှော့ုခ်ဖြစ်ကာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိသူ ကျောက်ဖူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးဝေက ”ကားနောက်ဘီးတွေလောင်နေတယ် အဲ့ကတဆင့် အိမ်ပြောင်းပစ္စည်း မွေ့ယာတို့၊ ရေခဲသေတ္တာတို့၊ အထပ်သား၊ ဆိုဖာခုံ စာရွက်စာတမ်းတွေ ၊ကားခေါင်းခန်းတွေ အကုန်လောင်တယ်ဘဲပြောပါတော့”လို့ ပြောပါတယ်။

ကားမီးလောင်တဲ့နေရာကို ဥသျှစ်ပင်မြို့ကမီးသတ်ကား၂စီးနဲ့ ပန်းတောင်းမြို့ကမီးသတ်ကားတစ်စီး လာရောက်ငြိမ်းသတ်ခဲ့ကြပြီး ည၂နာကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ကားမီးလောင်မှုနဲ့ပတ်သက်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းက (ပ)၁၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅နဲ့ အမှု့ဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

#voiceofmyanmar #ဥသျှစ်ပင် #ကားမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW