ေတာင္ကုတ္ၿမိဳ႕မေဈးက ေဈးသည္အခ်ိဳ႕ တရားဝင္ေဈးေရာင္းခ်ခြင့္မရျဖစ္ေန

ရန္ကုန္၊ နိဝင္ဘာ ၂၆-၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕မွာရွိတဲ့ ၿမိဳ႕မေဈးႀကီးထဲက ဆိုင္ခန္းပိုင္ရွင္ (၂၄) ဦးဟာ ဆိုင္ခန္း(၃၄) ခန္းကို တရားဝင္မွတ္ပံုတင္မေပးတာနဲ႔ပတ္သက္ၿပီး ေက်နပ္မွဳမရိွတဲ့အတြက္ ႏိုဝင္ဘာ ၂၅ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာဂ်ာနယ္လစ္ကြန္ရက္႐ုံးခန္းမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။

အဲဒီေဈးသည္ေတြက ၿမိဳ႕မေဈးႀကီးထဲမွာ ႏွစ္ေပါင္းမ်ားစြာ ေရာင္းခ်ခဲ့ၾကၿပီး စည္ပင္သာယာကိုလည္း ေဈးေကာက္ပုံမွန္ေပးေနရေပမယ့္ ဒီေန႔အထိ တရားဝင္ေဈးေရာင္းခ်ခြင့္(မွတ္ပုံတင္) မရရွိတာေၾကာင့္ အခုလို ရန္ကုန္ၿမိဳ႕မွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရတာ ျဖစ္တယ္လို႔သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေတာင္ကုတ္ #ေဈးဆိုင္

Unicode

တောင်ကုတ်မြို့မဈေးက ဈေးသည်အချို့ တရားဝင်ဈေးရောင်းချခွင့်မရဖြစ်နေ

ရန်ကုန်၊ နိဝင်ဘာ ၂၆-၂၀၁၉
အောင်ထူးနိုင်(VOM)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ မြို့မဈေးကြီးထဲက ဆိုင်ခန်းပိုင်ရှင် (၂၄) ဦးဟာ ဆိုင်ခန်း(၃၄) ခန်းကို တရားဝင်မှတ်ပုံတင်မပေးတာနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့အတွက် နိုဝင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီဈေးသည်တွေက မြို့မဈေးကြီးထဲမှာ နှစ်ပေါင်းများစွာ ရောင်းချခဲ့ကြပြီး စည်ပင်သာယာကိုလည်း ဈေးကောက်ပုံမှန်ပေးနေရပေမယ့် ဒီနေ့အထိ တရားဝင်ဈေးရောင်းချခွင့်(မှတ်ပုံတင်) မရရှိတာကြောင့် အခုလို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာ ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #တောင်ကုတ် #ဈေးဆိုင်

Related posts

Leave a Comment

VOM News

FREE
VIEW