ေဟာင္ေကာင္အေရးေထာက္ခံတ႔ဲ ဥပေဒဖ်က္သိမ္းေပးဖို႔ အေမရိကန္ကို တရုတ္ေတာင္းဆို

ေပက်င္း၊ နို၀င္ဘာ-၂၆-၂၀၁၉
မိ်ဳးဆက္ (VOM)

ေဟာင္ေကာင္ဆႏၵျပလႈပ္ရွားမႈေတြကို ေထာက္ခံတဲ႔ဥပေဒကို အေမရိကန္ကဖ်က္သိမ္းဖို႔ တရုတ္နိုင္ငံက ေတာင္းဆိုလိုက္ျပီး ဒါမွမဟုတ္ရင္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို တာဝန္ယူရမယ္လို႔ အေမရိကန္သံအမတ္ၾကီးကို ဆင္႔ေခၚသတိေပးခဲ႔တယ္လို႔ တရုတ္နိုင္ငံျခားေရး၀န္ၾကီးဌာနက နိုဝင္ဘာ ၂၆ မွာ ထုတ္ျပန္လိုက္ပါတယ္။

ေဟာင္ေကာင္ရဲ႕ အထူးစီးပြားေရး လုပ္ပိုင္ခြင္႔နဲ႔ပတ္သက္ျပီး ရုပ္သိမ္းဖို႔ ျခိမ္းေျခာက္မႈေတြရိွေနခ်ိန္မွာ အေမရိကန္ရဲ႕ ေဟာင္ေကာင္လူ႔အခြင္႔အေရးနွင္႔ ဒီမိုကေရစီအက္ဥပေဒဟာ သမၼတေဒၚနယ္ထရန္႔ လက္မွတ္ေရးထိုးဖို႔ က်န္ရိွေနပါတယ္။

ဒါ႔အျပင္ အေမရိကန္ရဲ႕ သီးျခားအစီအမံတစ္ခုမွာ ဆႏၵျပသူေတြကို နွိမ္နွင္းဖို႔ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြ အသံုးျပဳေနတဲ႔ မ်က္ရည္ယိုဗံုး၊ ရာဘာက်ည္ဆန္ေတြ အျခားပစၥည္းကိရိယာေတြေရာင္းခ်ျခင္းကို ပိတ္ပင္တားျမစ္ထားပါတယ္။

အေမရိကန္ရဲ႕ ဥပေဒၾကမ္းနဲ႔ပတ္သက္ျပီး ျပင္းျပင္းထန္ထန္ကန္႔ကြက္ေၾကာင္း တရုတ္နိုင္ငံျခားေရး ဒုတိယဝန္ၾကီး ေဂ်ာင္ဇီဂြမ္က အေမရိကန္သံအမတ္ၾကီး တယ္ရီဘရက္စတက္ကို နိုဝင္ဘာ ၂၅ ရက္က ဆင္႔ေခၚရာမွာ ေျပာဆိုခဲ႔တယ္လို႔ တရုတ္နုိင္ငံျခားေရး၀န္ၾကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီဥပေဒဟာ တရုတ္နုိင္ငံရဲ႕ ျပည္တြင္းေရးကို အရွက္မရိွဝင္ေရာက္စြက္ဖက္တာျဖစ္ျပီး ေဟာင္ေကာင္ရဲတပ္ဖြဲ႔ဝင္ေတြကို အေနွာက္အယွက္ျဖစ္ေစျပီး တရုတ္ဆန္႔က်င္သူေတြရဲ႕ အၾကမ္းဖက္ရာဇဝတ္အျပဳအမူေတြကို ခြင္႔ျပဳေထာက္ခံေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

Ref : CNA Photo :Reuters
#voiceofmyanmar #ေဟာင္ေကာင္ #အေမရိကန္ #သတိေပး

Unicode

ဟောင်ကောင်အရေးထောက်ခံတဲ့ ဥပဒေဖျက်သိမ်းပေးဖို့ အမေရိကန်ကို တရုတ်တောင်းဆို

ပေကျင်း၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်ဆန္ဒပြလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ဥပဒေကို အမေရိကန်ကဖျက်သိမ်းဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပြီး ဒါမှမဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ မှာ ထုတ်ပြန်လိုက်ပါတယ်။

ဟောင်ကောင်ရဲ့ အထူးစီးပွားရေး လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ရုပ်သိမ်းဖို့ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ အမေရိကန်ရဲ့ ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေဟာ သမ္မတဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ သီးခြားအစီအမံတစ်ခုမှာ ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်တွေ အခြားပစ္စည်းကိရိယာတွေရောင်းချခြင်းကို ပိတ်ပင်တားမြစ်ထားပါတယ်။

အမေရိကန်ရဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဂျောင်ဇီဂွမ်က အမေရိကန်သံအမတ်ကြီး တယ်ရီဘရက်စတက်ကို နိုဝင်ဘာ ၂၅ ရက်က ဆင့်ခေါ်ရာမှာ ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဥပဒေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အရှက်မရှိဝင်ရောက်စွက်ဖက်တာဖြစ်ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်တွေကို အနှောက်အယှက်ဖြစ်စေပြီး တရုတ်ဆန့်ကျင်သူတွေရဲ့ အကြမ်းဖက်ရာဇဝတ်အပြုအမူတွေကို ခွင့်ပြုထောက်ခံနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref : CNA Photo :Reuters
#voiceofmyanmar #ဟောင်ကောင် #အမေရိကန် #သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW