အၾကမ္းဖက္တိုက္ခိုက္ခဲ႔တဲ႔ ဘဂၤလားေဒ႔ရွ္အိုင္အက္စ္ ခုနွစ္ဦးကို ေသဒါဏ္ေပး

ဒါကာ၊ နုိ၀င္ဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႕ရွ္နုိင္ငံ၊ ဒါကာရိွ ေကာ္ဖီဆိုင္တစ္ခုမွာ နုိင္ငံျခားသားအမ်ားစုအပါအဝင္ လူ ၂၂ ဦးေသဆံုးခဲ႔ရတဲ႔ ၂၀၁၆ ခုနွစ္ကတိုက္ခိုက္မႈကို က်ဴးလြန္သူ ဘဂၤလားေဒ႔ရွ္အိုင္အက္စ္ ခုနွစ္ဦးကို ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။

အဲဒီတိုက္ခိုက္မႈဟာ ဒါကာရိွ Holey Artisan café မွာ ဓါးစာခံေတြဖမ္းဆိီးျပီး လူငါးဦးပါ အဖြဲ႔က လုပ္ေဆာင္ခဲ႔တာျဖစ္ပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ျပီး လူရွစ္ဦးကို ရုံးတင္စစ္ေဆးခဲ႔တာျဖစ္ျပီး အမ်ိဳးသားတစ္ဦး လြတ္ေျမာက္ခဲ႔ပါတယ္။ ၁၂ နာရီၾကာျမင္႔တဲ႔ တိုက္ခိုက္စီးနွင္းမႈမွာ ဘဂၤလားေဒ့ရွ္ရဲ႕ အေသအေပ်ာက္အမ်ားဆံုး အၾကမ္းဖက္ တိုက္ခိုက္မႈတစ္ခုျဖစ္ခဲ႔ျပီး ေသဆံုးသူအမ်ားစုဟာ အီတလီနဲ႔ ဂ်ပန္လူမ်ိဳးေတြျဖစ္ပါတယ္။

တိုက္ခိုက္မႈကို က်ဴးလြန္လုပ္ေဆာင္ခဲ႔ေၾကာင္း အိုင္အက္စ္အဖြဲ႕က အခိုင္အမာေျပာဆိုထားေပမယ္႔ ဘဂၤလားေဒ႔ရွ္အစိုးရက အျငင္းပြားခဲ႔ျပီး ဒါဟာနုိင္ငံအတြင္းက စစ္ေသြးၾကြအဖြဲ႔ရဲ႕ လုပ္ရပ္လို႔ဆိုပါတယ္။

အဲဒီတိုက္ခိုက္မႈျပီးေနာက္ မြတ္စလင္အမ်ားစုေနထိုင္ရာ ဘဂၤလားေဒ႔ရွ္နိုင္ငံအတြင္း မတည္မျငိမ္ျဖစ္ေစတယ္လို႔ ရႈျမင္ရတဲ႔ စစ္ေသြးၾကြအဖြဲ႔ေတြကို ဘဂၤလားေဒ႔ရွ္အာဏာပိုင္ေတြက အျပတ္အသတ္ ေခ်မႈန္းခဲ႔ၾကပါတယ္။

Ref : BBC Photo :Getty Images
#voiceofmyanmar #ဒါကာ #အိုင္အက္စ္ #ေသဒဏ္ေပး

Unicode

အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အိုင်အက်စ် ခုနှစ်ဦးကို သေဒါဏ်ပေး

ဒါကာ၊ နိုဝင်ဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာရှိ ကော်ဖီဆိုင်တစ်ခုမှာ နိုင်ငံခြားသားအများစုအပါအဝင် လူ ၂၂ ဦးသေဆုံးခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ကတိုက်ခိုက်မှုကို ကျူးလွန်သူ ဘင်္ဂလားဒေ့ရှ်အိုင်အက်စ် ခုနှစ်ဦးကို သေဒါဏ်ချမှတ်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဒါကာရှိ Holey Artisan café မှာ ဓါးစာခံတွေဖမ်းဆီးပြီး လူငါးဦးပါ အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူရှစ်ဦးကို ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး လွတ်မြောက်ခဲ့ပါတယ်။ ၁၂ နာရီကြာမြင့်တဲ့ တိုက်ခိုက်စီးနှင်းမှုမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အသေအပျောက်အများဆုံး အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပြီး သေဆုံးသူအများစုဟာ အီတလီနဲ့ ဂျပန်လူမျိုးတွေဖြစ်ပါတယ်။

တိုက်ခိုက်မှုကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က အခိုင်အမာပြောဆိုထားပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရက အငြင်းပွားခဲ့ပြီး ဒါဟာနိုင်ငံအတွင်းက စစ်သွေးကြွအဖွဲ့ရဲ့ လုပ်ရပ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေတယ်လို့ ရှုမြင်ရတဲ့ စစ်သွေးကြွအဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက အပြတ်အသတ် ချေမှုန်းခဲ့ကြပါတယ်။

Ref : BBC Photo :Getty Images
#voiceofmyanmar #ဒါကာ #အိုင်အက်စ် #သေဒဏ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW