အိႏိၵယနုိင္ငံမွာ အမ်ိဳးသမီးတစ္ဦးအား အုပ္စုဖြဲ႔အဓမၼက်င္႔ သတ္ျဖတ္သူေတြကို ေသဒါဏ္ေပးဖို႔ ေတာင္းဆုိေန

ေဒလီ၊ ဒီဇင္ဘာ-၂-၂၀၁၉
မ်ိဳးဆက္ (VOM)

အိႏိၵယနုိင္ငံ ဟိုက္ဒီရာဘတ္ျမိဳ႕က အသက္ ၂၇ နွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး အုပ္စုဖြဲ႔အဓမၼက်င္႔ သတ္ျဖတ္ခံရျပီးေနာက္ အိႏိၵယျပည္သူေတြရဲ႕ အမ်က္ေဒါသေတြ တိုးပြားလာေနပါတယ္။

ေထာင္ေပါင္းမ်ားစြာေသာ ဆႏၵျပသူေတြဟာ ဟိုက္ဒီရာဘတ္ျမိဳ႔ရိွ ရဲစခန္းျပင္ပမွာ စုေ၀းခဲ႔ၾကျပီး အဓမၼမႈနဲ႔ ပတ္သက္ျပီး ျပစ္မႈက်ဴးလြန္သူေတြကို ေသဒါဏ္ေပးဖို႔ ေတာင္းဆိုခဲ႔ၾကသည္။

အဓမၼက်င္႔ အသတ္ခံခဲ႔ရတဲ႔႔ အမ်ိဳးသမီးဟာ နို၀င္ဘာ ၂၇ ရက္က ေပ်ာက္ဆံုးသြားခဲ႔ျပီးေနာက္ မီးေလာင္ကြ်မ္းထားတဲ႔ ၎ရဲ႕ ရုပ္အေလာင္းကို ျပန္လည္ေတြ႔ရိွခဲ႔ပါတယ္။

အဲဒီအမ်ိဴးသမီးဟာ သတ္ျဖတ္ျခင္းမခံရမီက အုပ္စုဖြဲ႔အဓမၼျပဳက်င္႔ခံခဲ႔ရတယ္လို႔ ရဲတပ္ဖြဲ႔က ေကာက္ခ်က္ခ်ထားျပီး ဒီျဖစ္စဥ္နဲ႔ ဆက္ႏြယ္သူေလးဦးကို ဖမ္းဆီးထားပါတယ္။

အိႏိၵယနိုင္ငံမွာ အဓမၼျပဳက်င္႔တဲ႔ အမႈေတြအေပၚ အမ်ားျပည္သူေတြက က်ယ္က်ယ္ျပန္႔ျပန္႔ အမ်က္ေဒါသထြက္ေနၾကေပမယ္႔လည္း အမ်ိဳးသမီးမ်ားအေပၚ အဓမၼျပဳက်င္႔မႈနဲ႔ အၾကမ္းဖက္မႈေတြကေတာ႔ တိုးပြားလာေနဆဲျဖစ္ပါတယ္။

Ref : BBC Photo : Reuters
#voiceofmyanmar #ေဒလီ #အဓမၼက်င္႔ #ေသဒဏ္

Unicode

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်သူတွေကို သေဒါဏ်ပေးဖို့ တောင်းဆိုနေ

ဒေလီ၊ ဒီဇင်ဘာ-၂-၂၀၁၉
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ ဟိုက်ဒီရာဘတ်မြို့က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့အဓမ္မကျင့် သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယပြည်သူတွေရဲ့ အမျက်ဒေါသတွေ တိုးပွားလာနေပါတယ်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ဟိုက်ဒီရာဘတ်မြို့ရှိ ရဲစခန်းပြင်ပမှာ စုဝေးခဲ့ကြပြီး အဓမ္မမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို သေဒါဏ်ပေးဖို့ တောင်းဆိုခဲ့ကြသည်။

အဓမ္မကျင့် အသတ်ခံခဲ့ရတဲ့ အမျိုးသမီးဟာ နိုဝင်ဘာ ၂၇ ရက်က ပျောက်ဆုံးသွားခဲ့ပြီးနောက် မီးလောင်ကျွမ်းထားတဲ့ ၎င်းရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

အဲဒီအမျိူးသမီးဟာ သတ်ဖြတ်ခြင်းမခံရမီက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပြီး ဒီဖြစ်စဉ်နဲ့ ဆက်နွယ်သူလေးဦးကို ဖမ်းဆီးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်တဲ့ အမှုတွေအပေါ် အများပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်နေကြပေမယ့်လည်း အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေကတော့ တိုးပွားလာနေဆဲဖြစ်ပါတယ်။

Ref : BBC Photo : Reuters
#voiceofmyanmar #ဒေလီ #အဓမ္မကျင့် #သေဒဏ်

Related posts

Leave a Comment

VOM News

FREE
VIEW