ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ရောက်ချိန် ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

မက်ဒရစ်၊ ဒီဇင်ဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို ရောက်ရှိချိန်မှာ ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက နယ်သာလန်ဝန်ကြီးချုပ် မာ့ရူတီနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နှစ်ပတ်လည်တက်ရောက်နေတာဖြစ်ပြီး နယ်သာလန်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလီအရေး စတင်ခဲ့တာဖြစ်ပြီး အဲဒီပြသနာဖြေရှင်းဖို့ဟာလည်း မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်တယ်လို့ သူကဆိုပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးုတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီးကြားနာမှုကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။

နိုင်ငံတကာတရားရုံးရဲ့ ကြားနာမှုကိုတက်ရောက်ဖို့ လာမယ့် သီတင်းပတ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်သို့လာရောက်ချိန်မှာ ဖိအားအချို့ပေးသင့်တယ်လို့ ရှိတ်ဟာစီနာက မာ့ရူတီကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မိမိတို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူမယ်လို့ အမြဲပြောဆိုခဲ့ပေမယ့် ဒီကိစ္စမှာမရိုးသားဘူးလို့ ရှိတ်ဟာစီနာက နယ်သာလန်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဦးစီးချုပ်သည်လည်း မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ရိုဟင်ဂျာပြသနာဖြေရှင်းရေးအတွက် ဘယ်လိုအဆင့်မျိုးကိုမဆို ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

Source –BSS News Photo : Reuters
#voiceofmyanmar #ဘင်္ဂလားဒေ့ရှ် #ဒေါ်အောင်ဆန်းစုကြည် #ရိုဟင်ဂျာအရေး

Zawgyi


မက်ဒရစ်၊ ဒီဇင်ဘာ-၃-၂၀၁၉
မျိုးဆက် (VOM)




ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီးကြားနာမှုကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။


မြန်မာနို်င်ငံဟာ မိမိတို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူမယ်လို့ အမြဲပြောဆိုခဲ့ပေမယ့် ဒီကိစ္စမှာမရိုးသားဘူးလို့ ရှိတ်ဟာစီနာက နယ်သာလန်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။



Related posts

Leave a Comment

VOM News

FREE
VIEW