မသန်စွမ်းသူတွေ သွားလာရေးလွယ်ကူဖို့အတွက် စီမံကိန်းဆောင်ရွက်ဖို့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၃-၂၀၁၉
အေးရိပ်

မသန်စွမ်းသူတွေအနေနဲ့ လွယ်ကူစွာလက်လှမ်းမီ သွားလာနိုင်စေဖို့အတွက် ရန်ကုန်မြို့၊ နေပြည်တော်တို့မှာ အစိုးရနဲ့ ကျွမ်းကျင်သူတွေပူးပေါင်းပြီး စမ်းသပ်စီမံကိန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ မသန်စွမ်းသူများရဲ့ အခွင့်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

” မသန်စွမ်းသူများ အလွယ်တကူ သွားလာနိုင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တွင် Future We Want စမ်းသပ်စီမံကိန်းဖြင့် အများပြည်သူသုံး မော်တော်ယာဉ်များ၊ လူသွားလမ်းများအား မသန်စွမ်းသူများ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနဲ့ ကျွမ်းကျင်သူတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ နေပြည်တော်တွင်လည်း မြို့မဈေးနဲ့ ရေပန်းဥယျာဉ် တို့တွင် အလားတူ စမ်းသပ်စီမံကိန်း ၂ ခုတို့ကို မသန်စွမ်းသူတွေအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ် ” လို့ ဒုသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းပြီးသားဖြစ်တဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေး ဥပဒေ၊ မသန်စွမ်းသူများရဲ့ အခွင့်ရေးနည်းဥပဒေပါ ပြဌာန်းချက်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့အတူ မိတ်ဖက် လက်တွဲဖော် ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေရဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူ သိရှိနိုင်စေဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားတွေကို ၁၉၉၄ခုနှစ်ကစပြီး ယနေ့အချိန်ထိ နှစ်စဉ်ကျင်းပခဲ့ကာ (၂၆)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အများပြည်သူတွေအနေနဲ့ မသန်စွမ်းသူတွေရဲ့ အရေးအရာတွေကို ပိုပြီးတော့ သိရှိနားလည်စေဖို့အတွက်လည်း ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ပေါ်ထွက်လာစေဖို့ မသန်စွမ်းမှုအဆင့်ကို သတ်မှတ်ဖော်ထုတ်မယ့် အသက်ရွယ်အလိုက် မေးခွန်းလွှာကို ပြုစုထားရှိပြီး ၈ လတာ စမ်းသပ်စီမံကိန်းတွေကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနဲ့ ကရင်ပြည်နယ်၊ဘားအံမြို့တွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အများပြည်သူသွားလာတဲ့နေရာတွေနဲ့ အပန်းဖြေတဲ့နေရာတွေမှာ မသန်စွမ်းသူတွေပါ လွယ်ကူစွာ သွားလာနိုင်ဖို့ စမ်းသပ်စီမံကိန်းတွေ ဆောင်ရွက်နေတဲ့အပြင်ကို မသန်စွမ်းသူတွေအတွက် ပြုလုပ်တဲ့ ဟိုတယ်အခမ်းအနားတွေမှာ တည်းခိုသွားလာနိုင်ဖို့အတွက်လည်း စီမံကိန်းတွေလုပ်နေတယ်လို့ သိရပါတယ်။

” ပွဲလမ်းတွေ အခမ်းအနားတွေကျင်းပရာ နေရာဖြစ်တဲ့ နေပြည်တော် ဟိုတယ်ဇုံကိုလည်း စံပြဟိုတယ်ဇုံဖြစ်အောင် လက်ရှိဆောင်ရွက်နေပါတယ်။ မသန်စွမ်းတွေ အခမ်းနားတက်တဲ့အခါမှာ ဟိုတယ်တွေမှာ တည်းခိုတဲ့အခါ မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့ ပွဲတွေလုပ်တဲ့အခါ လွယ်ကူစွာ သွားလာဖို့အတွက် အခက်ခဲတွေ ကြုံရာတာ ရှိပါတယ် ” လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က ပြောပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့က ချမှတ်ပေးတဲ့ ဆောင်ပုဒ်က ” အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့ ” လို့ ဖြစ်ပြီး ဆောင်ပုဒ်အရ မသန်စွမ်းသူတွေအနေနဲ့ ၎င်းတို့ရဲ့ အခွင့်အရေးကို အများနည်းတူရရှိနိုင်စေဖို့ ဟန့်တားနေတဲ့ အတားအဆီးတွေကို ဖယ်ရှားကာ အနာဂတ်မှာ မသန်စွမ်းသူတွေအနေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေအပြင် အဟန့်အတားမရှိ အလွယ်တကူသွားလာနိုင်ရေး၊ အလုပ်အကိုင်ရရှိမှုမှာလည်း ခွဲခြားဆက်ဆံမခံရရေး နဲ့ ပညာသင်ကြားခွင့် ရရှိနိုင်ရေးတွေကို လက်လှမ်းမီရရှိနိုင်စေဖို့ အားလုံးအတူတကွ လက်တွဲဆောင်ရွက်ရမယ် လို့ ဒုသမ္မတက ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

လက်လှမ်းမီ သုံးစွဲခြင်းဟာ မသန်စွမ်းသူတွေအတွက် အကျိုးရှိရုံမကဘဲ သက်ကြီးရွယ်အိုတွေ သက်တောင့်သက်သာ သွားလာနိုင်ဖို့၊ ကလေးလက်တွန်းလှည်းတွေ အခက်ခဲမရှိ သွားနိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်း စတာတွေမှာလည်း အကျိုးကျေးဇူးတွေရနိုင်တယ်လို့ သိရပါတယ်။

” မသန်စွမ်းသူများ လက်လှမ်းမီအသုံးပြုနိုင်ရေးကိစ္စဟာ ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုပါတယ်။ အငစ်စတင်ဆောင်ရွက်ရမယ့် အစီစဉ်တွေမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေနဲ့ မသန်စွမ်းမှုဆိုင်ရာ လိုအပ်ချက်တို့ကို ထည့်သွင်းဆောင်ရွက်မှုသေချာစေရန် လက်လှမ်းမီရရှိ အသုံးပြုနိုင်ရေး သဘောတရားတို့ကို သိရှိနားလည် ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။ဒါမှသာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေမှာ မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရပြီး မသန်စွမ်းသူများနဲ့အတူ လက်တွဲဆောက်ရွက်သွားကြရမယ် ” လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ မသန်စွမ်းသူတွေအတွက် ခိုင်မာတဲ့လုပ်ငန်းစဉ်တွေကို ရေရှည်ဆောင်ရွက်သွားနိုင်ဖို့ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၅) ကို ASEAN Enabling Masterplan (2025) အပေါ် အခြေပြုကာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲ ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) နဲ့အညီ စဉ်ဆက်မပြတ် မူကြမ်းရေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #နေပြည်တော် #စီမံကိန်း #မသန်စွမ်း

Zawgyi

မသန္စြမ္းသူေတြ သြားလာေရးလြယ္ကူဖို႔အတြက္ စီမံကိန္းေဆာင္ရြက္ဖို႔ရိွ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၃-၂၀၁၉
ေအးရိပ္

မသန္စြမ္းသူေတြအေနနဲ႔ လြယ္ကူစြာလက္လွမ္းမီ သြားလာႏိုင္ေစဖို႔အတြက္ ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္တို႔မွာ အစိုးရနဲ႔ ကြၽမ္းက်င္သူေတြပူးေပါင္းၿပီး စမ္းသပ္စီမံကိန္းေတြ ေဆာင္႐ြက္သြားဖို႔ရွိတယ္လို႔ မသန္စြမ္းသူမ်ားရဲ႕ အခြင့္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီ ဥကၠ႒၊ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ဒီကေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အခမ္းအနားမွာ ေျပာခဲ့တာျဖစ္ပါတယ္။

” မသန္စြမ္းသူမ်ား အလြယ္တကူ သြားလာႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ ရန္ကုန္ၿမိဳ႕တြင္ Future We Want စမ္းသပ္စီမံကိန္းျဖင့္ အမ်ားျပည္သူသုံး ေမာ္ေတာ္ယာဥ္မ်ား၊ လူသြားလမ္းမ်ားအား မသန္စြမ္းသူမ်ား အသုံးျပဳႏိုင္ေရး အဆင့္ျမႇင့္တင္ရန္ အစိုးရနဲ႔ ကြၽမ္းက်င္သူေတြ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ ေနျပည္ေတာ္တြင္လည္း ၿမိဳ႕မေစ်းနဲ႔ ေရပန္းဥယ်ာဥ္ တို႔တြင္ အလားတူ စမ္းသပ္စီမံကိန္း ၂ ခုတို႔ကို မသန္စြမ္းသူေတြအတြက္ ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိတယ္ ” လို႔ ဒုသမၼတက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ျပဌာန္းၿပီးသားျဖစ္တဲ့ မသန္စြမ္းသူမ်ားရဲ႕ အခြင့္အေရး ဥပေဒ၊ မသန္စြမ္းသူမ်ားရဲ႕ အခြင့္ေရးနည္းဥပေဒပါ ျပဌာန္းခ်က္ေတြကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနနဲ႔အတူ မိတ္ဖက္ လက္တြဲေဖာ္ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ အဖြဲ႕စည္းေတြရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို အမ်ားျပည္သူ သိရွိႏိုင္ေစဖို႔ရည္ရြယ္ၿပီး အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အခမ္းအနားေတြကို ၁၉၉၄ခုႏွစ္ကစၿပီး ယေန႔အခ်ိန္ထိ ႏွစ္စဥ္က်င္းပခဲ့ကာ (၂၆)ႀကိမ္ေျမာက္ရိွခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အမ်ားျပည္သူေတြအေနနဲ႔ မသန္စြမ္းသူေတြရဲ႕ အေရးအရာေတြကို ပိုၿပီးေတာ့ သိရွိနားလည္ေစဖို႔အတြက္လည္း ရည္႐ြယ္ၿပီး က်င္းပတာျဖစ္တယ္လို႔လည္း သိရပါတယ္။

မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းနဲ႔ မသန္စြမ္းသူမ်ား မွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္ေပၚထြက္လာေစဖို႔ မသန္စြမ္းမႈအဆင့္ကို သတ္မွတ္ေဖာ္ထုတ္မယ့္ အသက္႐ြယ္အလိုက္ ေမးခြန္းလႊာကို ျပဳစုထားရွိၿပီး ၈ လတာ စမ္းသပ္စီမံကိန္းေတြကို ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္၊ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာနဲ႔ ကရင္ျပည္နယ္၊ဘားအံၿမိဳ႕ေတြမွာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

အမ်ားျပည္သူသြားလာတဲ့ေနရာေတြနဲ႔ အပန္းေျဖတဲ့ေနရာေတြမွာ မသန္စြမ္းသူေတြပါ လြယ္ကူစြာ သြားလာႏိုင္ဖို႔ စမ္းသပ္စီမံကိန္းေတြ ေဆာင္႐ြက္ေနတဲ့အျပင္ကို မသန္စြမ္းသူေတြအတြက္ ျပဳလုပ္တဲ့ ဟိုတယ္အခမ္းအနားေတြမွာ တည္းခိုသြားလာႏိုင္ဖို႔အတြက္လည္း စီမံကိန္းေတြလုပ္ေနတယ္လို႔ သိရပါတယ္။

” ပြဲလမ္းေတြ အခမ္းအနားေတြက်င္းပရာ ေနရာျဖစ္တဲ့ ေနျပည္ေတာ္ ဟိုတယ္ဇုံကိုလည္း စံျပဟိုတယ္ဇုံျဖစ္ေအာင္ လက္ရွိေဆာင္႐ြက္ေနပါတယ္။ မသန္စြမ္းေတြ အခမ္းနားတက္တဲ့အခါမွာ ဟိုတယ္ေတြမွာ တည္းခိုတဲ့အခါ မသန္စြမ္းေတြနဲ႔ ပတ္သက္တဲ့ ပြဲေတြလုပ္တဲ့အခါ လြယ္ကူစြာ သြားလာဖို႔အတြက္ အခက္ခဲေတြ ႀကဳံရာတာ ရွိပါတယ္ ” လို႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပန္လည္ထူေထာင္ေရး ဦးစီးဌာန၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းေဇာ္က ေျပာပါတယ္။

ဒီကေန႔က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အတြက္ ကုလသမဂၢအဖြဲ႕က ခ်မွတ္ေပးတဲ့ ေဆာင္ပုဒ္က ” အတားအဆီးကင္းေရးေမွ်ာ္မွန္းလို႔ မသန္စြမ္းလူ႔အခြင့္အေရးေဖာ္ေဆာင္စို႔ ” လို႔ ျဖစ္ျပီး ေဆာင္ပုဒ္အရ မသန္စြမ္းသူေတြအေနနဲ႔ ၎တို႔ရဲ႕ အခြင့္အေရးကို အမ်ားနည္းတူရရွိႏိုင္ေစဖို႔ ဟန္႔တားေနတဲ့ အတားအဆီးေတြကို ဖယ္ရွားကာ အနာဂတ္မွာ မသန္စြမ္းသူေတြအေနနဲ႔ အမ်ားျပည္သူဆိုင္ရာ ေနရာေတြအျပင္ အဟန္႔အတားမရွိ အလြယ္တကူသြားလာႏိုင္ေရး၊ အလုပ္အကိုင္ရရွိမႈမွာလည္း ခြဲျခားဆက္ဆံမခံရေရး နဲ႔ ပညာသင္ၾကားခြင့္ ရရွိႏိုင္ေရးေတြကို လက္လွမ္းမီရရွိႏိုင္ေစဖို႔ အားလုံးအတူတကြ လက္တြဲေဆာင္႐ြက္ရမယ္ လို႔ ဒုသမၼတက ထည့္သြင္းေျပာခဲ့တာ ျဖစ္ပါတယ္။

လက္လွမ္းမီ သုံးစြဲျခင္းဟာ မသန္စြမ္းသူေတြအတြက္ အက်ိဳးရွိ႐ုံမကဘဲ သက္ႀကီး႐ြယ္အိုေတြ သက္ေတာင့္သက္သာ သြားလာႏိုင္ဖို႔၊ ကေလးလက္တြန္းလွည္းေတြ အခက္ခဲမရွိ သြားႏိုင္ဖို႔နဲ႔ စီးပြားေရးလုပ္ငန္း စတာေတြမွာလည္း အက်ိဳးေက်းဇူးေတြရႏိုင္တယ္လို႔ သိရပါတယ္။

” မသန္စြမ္းသူမ်ား လက္လွမ္းမီအသုံးျပဳႏိုင္ေရးကိစၥဟာ ကြၽန္ေတာ္တို႔အားလုံး တက္ညီလက္ညီ ဝိုင္းဝန္း ေဆာင္႐ြက္ၾကဖို႔လိုပါတယ္။ အငစ္စတင္ေဆာင္႐ြက္ရမယ့္ အစီစဥ္ေတြမွာ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးေတြနဲ႔ မသန္စြမ္းမႈဆိုင္ရာ လိုအပ္ခ်က္တို႔ကို ထည့္သြင္းေဆာင္႐ြက္မႈေသခ်ာေစရန္ လက္လွမ္းမီရရွိ အသုံးျပဳႏိုင္ေရး သေဘာတရားတို႔ကို သိရွိနားလည္ ေဆာင္႐ြက္ဖို႔ မွာၾကားလိုပါတယ္။ဒါမွသာ ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းစဥ္ေတြမွာ မသန္စြမ္းသူမ်ား ပါဝင္ေဆာင္႐ြက္ခြင့္ရၿပီး မသန္စြမ္းသူမ်ားနဲ႔အတူ လက္တြဲေဆာက္႐ြက္သြားၾကရမယ္ ” လို႔ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ မသန္စြမ္းသူေတြအတြက္ ခိုင္မာတဲ့လုပ္ငန္းစဥ္ေတြကို ေရရွည္ေဆာင္႐ြက္သြားႏိုင္ဖို႔ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္း (၂၀၂၀-၂၀၂၅) ကို ASEAN Enabling Masterplan (2025) အေပၚ အေျချပဳကာ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္း၊ ျမန္မာႏိုင္ငံရဲ႕ ေရရွည္တည္တံ့ခိုင္ၿမဲ ဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း (၂၀၁၈-၂၀၃၀) နဲ႔အညီ စဥ္ဆက္မျပတ္ မူၾကမ္းေရးဆြဲေနတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #စီမံကိန္း #မသန္စြမ္း

Related posts

Leave a Comment

VOM News

FREE
VIEW