ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းသို့ ဂျပန်ရေတပ်စေလွှတ်မည်

တိုကျို၊ ဒီဇင်ဘာ-၅-၂၀၁၉
မျိုးဆက် (VOM)

သုတေသနနဲ့ ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုတွေအတွက် စစ်တပ်ကိုဖြန်ကြက်ခွင့်ပြုထားတဲ့ ဥပဒေအရ ဂျပန်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်ဖို့ အရှေ့အလယ်ပိုင်းဒေသကို ဂျပန်ရေတပ်ဖွဲ့ဝင် ၂၇၀ ကိုစေလွှတ်ရေး ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေးဟာလည်း ဆော်ဒီအာရေဗျနဲ့ ယူအေအီး အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငတွေကို ဇန်နဝါရီလမှာ သွားရောကဖို့ စဉ်းစားနေပါတယ်။

အမေရိကန်နဲ့ အီရန်တို့နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံအနေနဲ့ ဒေသအတွင်း ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ဘယ်လိုညွှန့်ပေါင်းအဖွဲ့မှာမှ ပါဝင်ခြင်းမပြုဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

နှစ်စဉ်သက်တမ်းတိုးနိုင်တဲ့ အဲဒီအစီအစဉ်မှာ အစိုးရအနေနဲ့ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးရေတပ်မှ အစောင့်သင်္ဘောတစ်စင်းနဲ့ ကင်းလှည့်လေယာဉ်တစ်စင်းကို ဖြန့်ကြက်ဖို့ အဆိုပြုသွားမှာဖြစ်ပြီး နှစ်ကုန်တွင် အပြီးသတ်အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။

ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဟာ နိုင်ငံတကာကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခဲ့တာကြောင့့် ထိခိုက်ခဲ့ရပြီး ဂျပန်ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အီရန်အပေါ် ပြစ်တင်ဝေဖန်ထားပါတယ်။

ဒါပေမယ့် အီရန်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အမေရိကန်ဟာ ၂၀၁၅ အီရန်နျူကလီးယားစာချုပ်မှ နှုတ်ထွက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကစပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ချိန်ကစလို့ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

Ref : Reuters Photo : Kyodo
#voiceofmyanmar #တိုကျို #ကုန်တင်သင်္ဘော #ဂျပန်ရေတပ်

Zawgyi

ကုန္တင္သေဘၤာေတြကို ကာကြယ္ဖို႔ အေရွ႕အလယ္ပိုင္းသို႔ ဂ်ပန္ေရတပ္ေစလႊတ္မည္

တိုကိ်ဳ၊ ဒီဇင္ဘာ-၅-၂၀၁၉
မ်ိဳးဆက္ (VOM)

သုေတသနနဲ႔ ေထာက္လွမ္းေရးအခ်က္အလက္ စုေဆာင္းမႈေတြအတြက္ စစ္တပ္ကိုျဖန္ၾကက္ခြင္႔ျပဳထားတဲ႔ ဥပေဒအရ ဂ်ပန္ကုန္တင္သေဘၤာေတြကို ေစာင္႔ေရွာက္ဖို႔ အေရွ႕အလယ္ပိုင္းေဒသကို ဂ်ပန္ေရတပ္ဖြဲ႔၀င္ ၂၇၀ ကိုေစလႊတ္ေရး ဂ်ပန္နုိင္ငံက စီစဥ္ေနပါတယ္။

ဂ်ပန္၀န္ၾကီးခ်ဳပ္ရွင္ဇိုအေဘးဟာလည္း ေဆာ္ဒီအာေရဗ်နဲ႔ ယူေအအီး အပါအ၀င္ အေရွ႕အလယ္ပိုင္း နိုင္ငေတြကို ဇန္န၀ါရီလမွာ သြားေရာကဖို႔ စဥ္းစားေနပါတယ္။

အေမရိကန္နဲ႔ အီရန္တို႔နဲ႔ ဆက္ဆံေရးကို ထိန္းသိမ္းထားတဲ႔ ဂ်ပန္နုိင္ငံအေနနဲ႔ ေဒသအတြင္း ကုန္တင္သေဘၤာေတြကို ကာကြယ္ဖို႔ အေမရိကန္ဦးေဆာင္တဲ႔ ဘယ္လိုညႊန္႔ေပါင္းအဖြဲ႔မွာမွ ပါဝင္ျခင္းမျပဳဘူးလို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

နွစ္စဥ္သက္တမ္းတိုးနိုင္တဲ႔ အဲဒီအစီအစဥ္မွာ အစိုးရအေနနဲ႔ ဂ်ပန္ကိုယ္ပိုင္ ကာကြယ္ေရးေရတပ္မွ အေစာင္႔သေဘၤာတစ္စင္းနဲ႔ ကင္းလွည္႔ေလယာဥ္တစ္စင္းကို ျဖန္႔ၾကက္ဖို႔ အဆိုျပဳသြားမွာျဖစ္ျပီး နွစ္ကုန္တြင္ အျပီးသတ္အေကာင္အထည္ေဖာ္ဖို႔ စီစဥ္ထားပါတယ္။

ယခုနွစ္အတြင္း ကမၻာလံုးဆိုင္ရာ ကုန္သြယ္ေရးဟာ နိုင္ငံတကာကုန္တင္သေဘၤာေတြ တုိက္ခိုက္ခဲ႔တာေၾကာင္႔႔ ထိခိုက္ခဲ႔ရျပီး ဂ်ပန္ရဲ႕ အေနာက္မဟာမိတ္နိုင္ငံေတြကေတာ႔ ဒီတိုက္ခိုက္မႈေတြနဲ႔ပတ္သက္ျပီး အီရန္အေပၚ ျပစ္တင္ေဝဖန္ထားပါတယ္။

ဒါေပမယ္႔ အီရန္ကေတာ႔ စြပ္စြဲခ်က္ေတြကို ျငင္းဆိုထားပါတယ္။ အေမရိကန္ဟာ ၂၀၁၅ အီရန္န်ဴကလီးယားစာခ်ဳပ္မွ နႈတ္ထြက္ခဲ႔ျပီး ျပီးခဲ႔တဲ႔နွစ္ကစျပီး အီရန္အေပၚ အေရးယူပိတ္ဆို႔မႈေတြ ျပန္လည္ခ်မွတ္ခဲ႔ခ်ိန္ကစလို႔ အေမရိကန္နဲ႔ အိီရန္တို႔အၾကား တင္းမာမႈေတြ ျမင္႔တက္ခဲ႔ပါတယ္။

Ref : Reuters Photo : Kyodo
#voiceofmyanmar #တိုက်ိဳ #ကုန္တင္သေဘၤာ #ဂ်ပန္ေရတပ္

Related posts

Leave a Comment

VOM News

FREE
VIEW