တမူးမြို့မှာ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား

တမူး၊ ဒီဇင်ဘာ ၅-၂၀၁၉
ဂေါင်ဂေါင်(VOM)

တမူးခရိုင်၊ တမူးမြို့၊ ခမ်းဘတ်မြို့နယ်ခွဲ၊ ကျွန်းတော်ရေရှင်ကျေးရွာမှာ တရွာထဲနေ အသက် ၁၃နှစ်အရွယ် မောင်ချစ်ဦးဆိုသူက အသက်၃နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ကျွန်းတော်ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါင်ဒါလ်မန်ရဲ့ပြောပြချက်အရ သိရပါတယ်။

“ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး သက်ငယ်မုဒိန်းမှုနဲ့ဖွင့်ထားတဲ့အတွက် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်၊ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း အပြစ်ပေးသွားရမှာဖြစ်တယ်”လို့ ခမ်းဘတ်ရဲစခန်းမှ စခန်းမှူးဦးထွန်းအောင်ကျော်ကပြောပါတယ်။

ဒီဇင်ဘာ၃ရက် မနက်ပိုင်းက ကလေးရဲ့မိခင် ကောက်စိုက်သွားချိန် သားနှစ်ယောက်ကို သမီးငယ်နှင့်ထားခဲ့ရပြီး မိခင်မရှိချိန် မောင်ချစ်ဦးဆိုသူ ရောက်လာကာ ကလေးမလေးရဲ့အကိုဖြစ်သူကို ဂျင်ပေးမယ်ဟုပြောကာ ရေခတ်ခိုင်းခဲ့ပါတယ်။ ကမလေးရဲ့အကိုလတ်ကိုလဲ ပဲသီးသွားကောက်ခိုင်းပြီး ကလေးမလေးကို သားမယားပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပြုလုပ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး သားအလတ်ကောင် ၆နှစ်သားကိုလဲ မောင်ချစ်ဦးမှ ယောက်ျားချင်းအဓမ္မပြုကျင့်တာရှိခဲ့တယ်လို့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကပြောပြချက်အရ သိရပါတယ်။

မိခင်ဖြစ်သူကလည်း “ ကျွန်မကလေးတွေရဲ့ စားဝတ်နေရေးကြောင့်သာ အလုပ်သွားလုပ်ရတာပါ၊ သားသမီးလေးယောက်ကို ရင်အုပ်မကွားထားချင်ပါတယ်၊ ဒီလိုလုပ်တတ်မှန်းသိလို့လဲ သားနှစ်ယောက်ကို ၃ ရက်နေ့က ကျောင်းမလွတ်ဘဲ ထိန်းခိုင်းခဲ့တာပါ၊ အခုက သမီးရဲ့မိန်းမကိုယ်အတွင်းပိုင်းပါ ပေါက်ထွက်သွားလို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှမခံစားနိုင်ပါဘူး၊ တရားဥပဒေအတိုင်းဆောင်ရွက်ပေးပါ”လို့ပြောပါတယ်။

ယခုကိစ္စကို တမူးမြို့က ရင်ခွင်မဲ့စောင့်ရှောက်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပြီး ယင်းအဖွဲ့ကလည်း ဒီဇင်ဘာ ၄ရက်နေ့တွင် ဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာက ခမ်းဘတ်ဆေးရုံကို သွားရောက်ကာ ဆေးစစ်ချက်တွေပြုလုပ်ပြီး ခမ်းဘတ်ရဲစခန်းမှာ အမှုဖွင့်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ရင်ခွင်မဲ့စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူဒေါ်ဥမ္မာဝင်းပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #တမူး #သက်ငယ်မုဒိန်း

Zawgyi

တမူးၿမိဳ႕မွာ အသက္(၃)ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦး အဓမၼျပဳက်င့္ခံရမွဳျဖစ္ပြား

တမူး၊ ဒီဇင္ဘာ ၅-၂၀၁၉
ေဂါင္ေဂါင္(VOM)

တမူးခ႐ိုင္၊ တမူးၿမိဳ႕၊ ခမ္းဘတ္ၿမိဳ႕နယ္ခြဲ၊ ကြၽန္းေတာ္ေရရွင္ေက်း႐ြာမွာ တ႐ြာထဲေန အသက္ ၁၃ႏွစ္အ႐ြယ္ ေမာင္ခ်စ္ဦးဆိုသူက အသက္၃ႏွစ္အ႐ြယ္ မိန္းကေလးငယ္အား အဓမၼျပဳက်င့္မွဳျဖစ္ပြားခဲ့တယ္လို႔ ကြၽန္းေတာ္ေရရွင္ေက်းရြာ အုပ္ခ်ဳပ္ေရးမႉး ဦးေပါင္ဒါလ္မန္ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ ဒီျဖစ္စဥ္နဲ႔ပက္သက္ၿပီး သက္ငယ္မုဒိန္းမႈနဲ႔ဖြင့္ထားတဲ့အတြက္ တရားဥပေဒအတိုင္း ေဆာင္႐ြက္သြားမယ္၊ တရားသူႀကီးရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း အျပစ္ေပးသြားရမွာျဖစ္တယ္”လို႔ ခမ္းဘတ္ရဲစခန္းမွ စခန္းမႉးဦးထြန္းေအာင္ေက်ာ္ကေျပာပါတယ္။

ဒီဇင္ဘာ၃ရက္ မနက္ပိုင္းက ကေလးရဲ႕မိခင္ ေကာက္စိုက္သြားခ်ိန္ သားႏွစ္ေယာက္ကို သမီးငယ္ႏွင့္ထားခဲ့ရၿပီး မိခင္မရွိခ်ိန္ ေမာင္ခ်စ္ဦးဆိုသူ ေရာက္လာကာ ကေလးမေလးရဲ႕အကိုျဖစ္သူကို ဂ်င္ေပးမယ္ဟုေျပာကာ ေရခတ္ခိုင္းခဲ့ပါတယ္။ ကမေလးရဲ႕အကိုလတ္ကိုလဲ ပဲသီးသြားေကာက္ခိုင္းၿပီး ကေလးမေလးကို သားမယားျပဳက်င့္ခဲ့တာျဖစ္ပါတယ္။

ဒီလိုျပဳလုပ္တာဟာ ဒုတိယအႀကိမ္ျဖစ္ၿပီး သားအလတ္ေကာင္ ၆ႏွစ္သားကိုလဲ ေမာင္ခ်စ္ဦးမွ ေယာက္်ားခ်င္းအဓမၼျပဳက်င့္တာရိွခဲ့တယ္လို႔ ကေလးငယ္ရဲ႔ မိခင္ျဖစ္သူကေျပာျပခ်က္အရ သိရပါတယ္။

မိခင္ျဖစ္သူကလည္း “ ကြၽန္မကေလးေတြရဲ႕ စားဝတ္ေနေရးေၾကာင့္သာ အလုပ္သြားလုပ္ရတာပါ၊ သားသမီးေလးေယာက္ကို ရင္အုပ္မကြားထားခ်င္ပါတယ္၊ ဒီလိုလုပ္တတ္မွန္းသိလို႔လဲ သားႏွစ္ေယာက္ကို ၃ ရက္ေန႔က ေက်ာင္းမလြတ္ဘဲ ထိန္းခိုင္းခဲ့တာပါ၊ အခုက သမီးရဲ႕မိန္းမကိုယ္အတြင္းပိုင္းပါ ေပါက္ထြက္သြားလို႔ မိခင္တစ္ေယာက္အေနနဲ႔ ဘယ္လိုမွမခံစားႏိုင္ပါဘူး၊ တရားဥပေဒအတိုင္းေဆာင္႐ြက္ေပးပါ”လို႔ေျပာပါတယ္။

ယခုကိစၥကို တမူးၿမိဳ႕က ရင္ခြင္မဲ့ေစာင့္ေရွာက္ေရးအဖြဲ႕ကို အေၾကာင္းၾကားခဲ့ၿပီး ယင္းအဖြဲ႕ကလည္း ဒီဇင္ဘာ ၄ရက္ေန႔တြင္ ျဖစ္စဥ္ျဖစ္ခဲ့တဲ့ေနရာက ခမ္းဘတ္ေဆး႐ုံကို သြားေရာက္ကာ ေဆးစစ္ခ်က္ေတြျပဳလုပ္ၿပီး ခမ္းဘတ္ရဲစခန္းမွာ အမႈဖြင့္တာေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ရင္ခြင္မဲ့ေစာင့္ေရွာက္ေရးအဖြဲ႕ တာဝန္ရွိသူေဒၚဥမၼာဝင္းေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #တမူး #သက္ငယ္မုဒိန္း

Related posts

Leave a Comment

VOM News

FREE
VIEW