ပြစ်မှုပြစ်ဒဏ် မမျှတတဲ့အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများ သပိတ်မှောက်မယ်

ရန်ကုန်၊ ဒီဇင်ဘာ ၅-၂၀၁၉
ချမ်းငြိမ်း(VOM)

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားတစ်ဦးဟာ ၂၀၁၈ခုနှစ်က ရန်ဖြစ်၊ လက်သီးနဲ့ထိုးတဲ့အတွက် ပြစ်မှု ၊ပြစ်ဒဏ် မမျှတဘဲ ကျောင်းကနေ ထုတ်ပယ်တာကို ခံခဲ့ရတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေဟာ ဒီဇင်ဘာ၄ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေမှာ ကျောင်းသားကျောင်းသူ ၅၀ခန့်က တောင်းဆိုမှုတွေနဲ့အတူ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တောင်းဆိုချက်တွေကို ၄၈နာရီအတွင်း ကျောင်းအုပ်ချုပ်ရေး နဲ့ ပညာရေးဝန်ကြီးဌာနက အကြောင်းပြန်ပေးဖို့ တောင်းဆိုထားပြီး ၊ အကြောင်းပြန်ခြင်းမရှိဘူးဆိုရင် သပိတ်စခန်းဖွင့်ကာ သပိတ်မှောက် တောင်းဆိုသွားမယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

“မနှစ်ကဒီအချိန်တုန်းက ကျောင်းသားတစ်ယောက်ကနေ ကျောင်းသားတစ်ယောက်ကို လက်သီးနဲ့ထိုးတယ်။ နောက်နေ့ကျတော့ ခုံရုံးဖွဲ့စစ်တယ်။ အဲဒီမှာ ကျောင်းကနေ အဲဒီကျောင်းသားကို စာသင်ခွင့်ရပ်စဲလိုက်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းကနေ တစ်နှစ်ပဲနားတာ။ ပြန်တက်ရမယ့်ဆိုတော့ အဲဒီကျောင်းသားက ရန်ကုန်မှာ အဆောင်နေပြီး စောင့်တယ်။ ဒီနှစ်ကျတော့ တက်လို့မရတော့ဘူး။ အဝေးသင်ပဲ တက်လို့ရတော့မယ်ပြောတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ်က မမျှတဲ့အတွက် ဆန္ဒပြတာပါ” လို့ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုခန့်သူအောင်ကပြောပါတယ်။

ဒီတောင်းဆိုချက်အပြင် ကျောင်းသားထုအယုံအကြည်မရှိသော ကျောင်းစည်းကမ်းများအား ပြင်ဆင်ရေး ၊ ကျောင်းတွင်း အမှုအခင်းများစစ်ဆေးရာတွင် လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာသော စုံစမ်းရေးကော်မတီ ဖွဲ့စည်းပေးရေး ၊ ကျောင်းကောင်စီသည် ကျောင်းသားအကျိုးကိုသာ မျက်နှာမူရေးစတဲ့ အချက်တွေကိုပါ ထည့်သွင်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #စီးပွားရေးတက္ကသိုလ် #သပိတ်မှောက်

Zawgyi

ျပစ္မွဳျပစ္ဒဏ္ မမွ်တတဲ့အတြက္ ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားသမဂၢမ်ား သပိတ္ေမွာက္မယ္

ရန္ကုန္၊ ဒီဇင္ဘာ ၅-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ရန္ကုန္စီးပြားေရးတကၠသိုလ္က ေက်ာင္းသားတစ္ဦးဟာ ၂၀၁၈ခုနွစ္က ရန္ျဖစ္၊ လက္သီးနဲ႔ထိုးတဲ့အတြက္ ျပစ္မွဳ ၊ျပစ္ဒဏ္ မမွ်တဘဲ ေက်ာင္းကေန ထုတ္ပယ္တာကို ခံခဲ့ရတာျဖစ္တယ္လို႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႕ကေန သိရပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားသမဂၢေတြဟာ ဒီဇင္ဘာ၄ရက္ေန႔က ရန္ကုန္စီးပြားေရးတကၠသိုလ္ ႐ြာသာႀကီးနယ္ေျမမွာ ေက်ာင္းသားေက်ာင္းသူ ၅၀ခန္႔က ေတာင္းဆိုမွဳေတြနဲ႔အတူ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ေတာင္းဆိုခ်က္ေတြကို ၄၈နာရီအတြင္း ေက်ာင္းအုပ္ခ်ဳပ္ေရး နဲ႔ ပညာေရးဝန္ႀကီးဌာနက အေၾကာင္းျပန္ေပးဖို႔ ေတာင္းဆိုထားၿပီး ၊ အေၾကာင္းျပန္ျခင္းမရွိဘူးဆိုရင္ သပိတ္စခန္းဖြင့္ကာ သပိတ္ေမွာက္ ေတာင္းဆိုသြားမယ္လို႔ ရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

“မႏွစ္ကဒီအခ်ိန္တုန္းက ေက်ာင္းသားတစ္ေယာက္ကေန ေက်ာင္းသားတစ္ေယာက္ကို လက္သီးနဲ႔ထိုးတယ္။ ေနာက္ေန႔က်ေတာ့ ခုံ႐ုံးဖြဲ႕စစ္တယ္။ အဲဒီမွာ ေက်ာင္းကေန အဲဒီေက်ာင္းသားကို စာသင္ခြင့္ရပ္စဲလိုက္တယ္။ ေက်ာင္းကတာဝန္ရွိသူေတြက ေက်ာင္းကေန တစ္ႏွစ္ပဲနားတာ။ ျပန္တက္ရမယ့္ဆိုေတာ့ အဲဒီေက်ာင္းသားက ရန္ကုန္မွာ အေဆာင္ေနၿပီး ေစာင့္တယ္။ ဒီႏွစ္က်ေတာ့ တက္လို႔မရေတာ့ဘူး။ အေဝးသင္ပဲ တက္လို႔ရေတာ့မယ္ေျပာတယ္။ ျပစ္မႈနဲ႔ျပစ္ဒဏ္က မမွ်တဲ့အတြက္ ဆႏၵျပတာပါ” လို႔ စီးပြားေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုခန္႔သူေအာင္ကေျပာပါတယ္။

ဒီေတာင္းဆိုခ်က္အျပင္ ေက်ာင္းသားထုအယုံအၾကည္မရွိေသာ ေက်ာင္းစည္းကမ္းမ်ားအား ျပင္ဆင္ေရး ၊ ေက်ာင္းတြင္း အမႈအခင္းမ်ားစစ္ေဆးရာတြင္ လြတ္လပ္မွ်တ၍ ပြင့္လင္းျမင္သာေသာ စုံစမ္းေရးေကာ္မတီ ဖြဲ႕စည္းေပးေရး ၊ ေက်ာင္းေကာင္စီသည္ ေက်ာင္းသားအက်ိဳးကိုသာ မ်က္ႏွာမူေရးစတဲ့ အခ်က္ေတြကိုပါ ထည့္သြင္းေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #စီးပြားေရးတကၠသိုလ္ #သပိတ္ေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW