“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဒီလွှတ်တော်သက်တမ်းမှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတဲ့ စကားကို ဘဝင်မကျသလို သဘောလည်းမတူဘူးလို့ ပြည်ခိုင်ဖြိုးအမတ် လွှတ်တေ်ာအစည်းအဝေးမှာပြော”

“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဒီလွှတ်တော်သက်တမ်းမှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတဲ့ စကားကို ဘဝင်မကျသလို သဘောလည်းမတူဘူးလို့ ပြည်ခိုင်ဖြိုးအမတ် လွှတ်တေ်ာအစည်းအဝေးမှာပြော”

နေပြည်တော်၊ ဒီဇင်ဘာ ၅-၂၀၁၉
သီရိ(VOM)

အခုလွှတ်တော်သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပြီးသတ်ဆောင်ရွက်မယ့်ကိစ္စက လွှတ်တော်နာယကတစ်ဦးတည်းနဲ့ လုပ်လို့ရတာမဟုတ်လို့ နာယကအနေနဲ့ ဒီလိုပြောဆိုတာကို ဘဝင်မကျ သလို သဘောမတူဘူးလို့ ပြည်ခိုင်ဖြိုးပါတီဝင် မင်းကင်းအမတ်က ဦးမောင်မြင့်က ဒီနေ့ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ ရက်ကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ လွှတ်တော်သက်တမ်းမှာ ပြင်မယ်ဆိုတဲ့ စကားသံကို ကျနော်ကြားလိုက်ရပါတယ်။ အခြေခံဥပဒေကို ပြင်နိုင် ခြင်း၊ မပြင်နိုင်ခြင်းဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆန္ဒမဲနဲ့ပဲ ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ နာယ ကကြီး တစ်ယောက်တည်းကတော့ လုပ်လို့မရပါဘူးခ။ ဒါကြောင့် ဒီလို တုံးတိတိကြီးပြောတာကိုတော့ ဘဝင်မ ကျ သဘောမတူပါဘူး”လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီလို Time Line ထုတ်ပြန်ရမယ့်ကိစ္စက လေ့လာစိစစ်ရေးပူပေါင်းကော်မတီရဲ့ကိစ္စပဲဖြစ်တယ်လို့ ပြောပါ တယ်။ သူ့အနေနဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို Time Line ထုတ်ပေးဖို့ အရင်ကတည်းက ဆွေးနွေး တင်ပြတာတွေရှိခဲ့ပေမယ့် ခုချိန်ထိတော့ မထုတ်ပြန်သေးဘူးလို့ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ တိုင်းရင်းသားအရေးကိစ္စနဲ့ပက်သက်ပြီး ထည့်သွင်းဆွေးနွေးသွားတာကတော့ ရခိုင်အမျိုးသားပါတီအမတ် ဒေါ်ထုမေပဲဖြစ်ပါတယ်။ သူက တိုင်းရင်းသားတွေလိုအပ်တဲ့ ဖက်ဒရယ် စနစ်က ပြည်နယ်နဲ့ ပြည်ထောင်စုများအကြား အာဏာကို သတ်သတ်မှတ်မှတ်ခွဲဝေတဲ့ စနစ်ပဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ရေးအဓိကကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မလားလို့ ယနေ့အချိန်မှာ မသေချာဖြစ်နေပါတယ်လို့ဆွေး နွေးသွားပါတယ်။

“ဒီအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာ တိုင်းရင်းသားတွေကို ဖြေသိမ့်ရုံသက်သက် ပြင်ဆင်ဖို့၊ မိမိ တို့ရရှိထားတဲ့ အခွင့်ထူးတွေကို ဆုံးရှုံးမသွားဖို့ ပြင်ဆင်ဖို့ဆိုရင် တိုင်းပြည်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ အနာဂတ် ကျမတို့ရဲ မျိုးဆက်အနာဂတ်များဟာ အလွန်ပဲ ကြေကွဲစရာအဖြစ် ရင်ဆိုင်နေရဦးမယ်ဆိုတာ လက်တလော နိုင် ငံအတွင်းအပြင်ဖြစ်ပွားနေတဲ့ ဖြစ်ရပ်များ စိန်ခေါ်ချက်များက သက်သေညွှန်းနေပါတယ်။

တိုင်းရင်းသားအကျိုးစီးပွားအတွက် အခြေခံဥပဒေပြင်ဆင်ရန်ကြွေးကြော်နေကြပေမယ့်လည်း လက် တွေ့မှာ လွှတ်တော်အတွင်းမှာ ပြင်ဆင်ရန် အင်အားအရှိဆုံးပုဂ္ဂိုလ်များ အစုခွဲများအတူလက်တွဲပြီး ညီညီညွတ် ညွတ်နဲ့ အကောင်အထည်မပေါ်ပေးနိုင်ဘူးဆိုရင် တိုင်းရင်းသားများရဲ့ လွှတ်တော်အပေါ်မှာ ယုံကြည်ကိုးစားမှု လျော့နည်းသွားမှာဖြစ်တယ်ဆိုတဲ့အရာကို ကျမတို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက သတိပြုရမှာဖြစ်ပါ တယ်”လို့လည်း ထည့်သွင်းဆွေးနွေးသွားပါတယ်။

ထို့အတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးရဲထွန်းက လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီက တင်သွင်းလာမယ့် ဥပဒေမူကြမ်းကို စောင့်ဆိုင်းနေရမယ်ဆိုရင် မလိုအပ်ဘဲ အချိန်တွေ ကြန့်ကြာနေမှာဖြစ်တယ်လို့ ဆွေးနွေးပြီး ‘ငါ့ အစိုးရတက်ရင် ဘာလုပ်ပေးနိုင်တာဆိုပြီး ဂုဏ်ယူမှုကို လုပ်ပြကြ’ ပါလို့လည်း တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

“ငါ လုပ်မှပြီးမယ်။ ငါ ခေါင်းဆောင်မှ ရမယ်။ ငါ လုပ်မှ တိုင်းပြည်အေးချမ်းမယ်ဆိုတာတွေ လျော့သင့်ပါ ပြီ။ ဖြစ်နိုင်၊ မဖြစ်နိုင် လက်ရှိဘဝမှာ ချိန်ထိုးသင့်ပါပြီ။ လူမှန်နေရာမှန်ရွေးချယ်ပြီး တိုင်းပြည်တိုးတက်အောင် ပြင်သင့်ပါပြီ။ အချိန်မရှိတော့ပါဘူး”လို့ ဆိုပါတယ်။

အထက်က ရေးသားတင်ပြခဲ့တဲ့ ဆွေးနွေးချက်တွေကတော့ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၅ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်နဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ စပ်လျှဉ်းပြီးတော့ လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီအစီရင်ခံစာအပေါ်မှာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေ ဖြစ်ပါတယ်။

အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးပါဝင်ဆွေးနွေးခဲ့ကြပြီး ကျန်ရှိနေ သေးတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ၉ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မှာ ဆက်လက်ဆွေးနွေးကြရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းစုစုပေါင်း ၅ ခုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေစပြီး စက်တင်ဘာ ၂၀ ရက်နေ့အထိ ၈ လတာကာလအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်ဝင်တွေက ပြည် ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ကြပါတယ်။

အခု လွှတ်တော်အထဲမှာ ဆွေးနွေးပြီး သဘောထားကွဲလွဲနေကြတဲ့ကိစ္စတွေက အဲ့ဒီ ဥပဒေမူကြမ်း ၅ ခု နဲ့ သက်ဆိုင်ပြီး ဒီဥပဒေမူကြမ်း ၅ ခုကို လွှတ်တော်ထဲမှာ သီးသန့်မဆောင်ရွက်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက်ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်မယ့်ကိစ္စအပေါ် သဘောထားကွဲလွဲနေကြတာလည်းဖြစ်ပါတယ်။

#voiceofmyanamr #ဖွဲ့စည်းပုံပြင်ဆင်ရေး #သဘောထားကွဲလွဲ

Zawgyi

“ဖြဲ႕စည္းပုံျပင္ဆင္ေရးကိစၥ ဒီလႊတ္ေတာ္သက္တမ္းမွာ အၿပီးသတ္ေဆာင္႐ြက္မယ္ဆိုတဲ့ စကားကို ဘဝင္မက်သလို သေဘာလည္းမတူဘူးလို႔ ျပည္ခိုင္ၿဖိဳးအမတ္ လႊတ္ေတ္ာအစည္းအေဝးမွာေျပာ”

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၅-၂၀၁၉
သီရိ(VOM)

အခုလႊတ္ေတာ္သက္တမ္းအတြင္းမွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးကိစၥ အၿပီးသတ္ေဆာင္႐ြက္မယ့္ကိစၥက လႊတ္ေတာ္နာယကတစ္ဦးတည္းနဲ႔ လုပ္လို႔ရတာမဟုတ္လို႔ နာယကအေနနဲ႔ ဒီလိုေျပာဆိုတာကို ဘဝင္မက် သလို သေဘာမတူဘူးလို႔ ျပည္ခိုင္ၿဖိဳးပါတီဝင္ မင္းကင္းအမတ္က ဦးေမာင္ျမင့္က ဒီေန႔ ျပည္ေထာင္စုလႊတ္ ေတာ္အစည္းအေဝးမွာ ေျပာဆိုလိုက္ပါတယ္။

“ၿပီးခဲ့တဲ့ ရက္ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္နာယကႀကီးက ဖြဲ႕စည္းပုံအေျခခံဥပေဒကို လက္ရွိ လႊတ္ေတာ္သက္တမ္းမွာ ျပင္မယ္ဆိုတဲ့ စကားသံကို က်ေနာ္ၾကားလိုက္ရပါတယ္။ အေျခခံဥပေဒကို ျပင္ႏိုင္ ျခင္း၊ မျပင္ႏိုင္ျခင္းဆိုတာ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးရဲ႕ ဆႏၵမဲနဲ႔ပဲ ဆုံးျဖတ္ေပးရမွာျဖစ္ပါတယ္။ နာယ ကႀကီး တစ္ေယာက္တည္းကေတာ့ လုပ္လို႔မရပါဘူးခ။ ဒါေၾကာင့္ ဒီလို တုံးတိတိႀကီးေျပာတာကိုေတာ့ ဘဝင္မ က် သေဘာမတူပါဘူး”လို႔ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဒီလို Time Line ထုတ္ျပန္ရမယ့္ကိစၥက ေလ့လာစိစစ္ေရးပူေပါင္းေကာ္မတီရဲ႕ကိစၥပဲျဖစ္တယ္လို႔ ေျပာပါ တယ္။ သူ႔အေနနဲ႔ ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီကို Time Line ထုတ္ေပးဖို႔ အရင္ကတည္းက ေဆြးေႏြး တင္ျပတာေတြရွိခဲ့ေပမယ့္ ခုခ်ိန္ထိေတာ့ မထုတ္ျပန္ေသးဘူးလို႔ဆိုပါတယ္။

ဒီေန႔ ေဆြးေႏြးတဲ့အထဲမွာ တိုင္းရင္းသားအေရးကိစၥနဲ႔ပက္သက္ၿပီး ထည့္သြင္းေဆြးေႏြးသြားတာကေတာ့ ရခိုင္အမ်ိဳးသားပါတီအမတ္ ေဒၚထုေမပဲျဖစ္ပါတယ္။ သူက တိုင္းရင္းသားေတြလိုအပ္တဲ့ ဖက္ဒရယ္ စနစ္က ျပည္နယ္နဲ႔ ျပည္ေထာင္စုမ်ားအၾကား အာဏာကို သတ္သတ္မွတ္မွတ္ခြဲေဝတဲ့ စနစ္ပဲျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ တိုင္းရင္းသားေတြေတာင္းဆိုထားတဲ့ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို ေဖာ္ေဆာင္ေရးအဓိကက်တဲ့ ပုဒ္မေတြကို ျပင္ဆင္ႏိုင္မလားလို႔ ယေန႔အခ်ိန္မွာ မေသခ်ာျဖစ္ေနပါတယ္လို႔ေဆြး ေႏြးသြားပါတယ္။

“ဒီအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းစဥ္ဟာ တိုင္းရင္းသားေတြကို ေျဖသိမ့္႐ုံသက္သက္ ျပင္ဆင္ဖို႔၊ မိမိ တို႔ရရွိထားတဲ့ အခြင့္ထူးေတြကို ဆုံးရႈံးမသြားဖို႔ ျပင္ဆင္ဖို႔ဆိုရင္ တိုင္းျပည္နဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားရဲ႕ အနာဂတ္ က်မတို႔ရဲ မ်ိဳးဆက္အနာဂတ္မ်ားဟာ အလြန္ပဲ ေၾကကြဲစရာအျဖစ္ ရင္ဆိုင္ေနရဦးမယ္ဆိုတာ လက္တေလာ ႏိုင္ ငံအတြင္းအျပင္ျဖစ္ပြားေနတဲ့ ျဖစ္ရပ္မ်ား စိန္ေခၚခ်က္မ်ားက သက္ေသၫႊန္းေနပါတယ္။

တိုင္းရင္းသားအက်ိဳးစီးပြားအတြက္ အေျခခံဥပေဒျပင္ဆင္ရန္ေႂကြးေၾကာ္ေနၾကေပမယ့္လည္း လက္ ေတြ႕မွာ လႊတ္ေတာ္အတြင္းမွာ ျပင္ဆင္ရန္ အင္အားအရွိဆုံးပုဂၢိဳလ္မ်ား အစုခြဲမ်ားအတူလက္တြဲၿပီး ညီညီၫြတ္ ၫြတ္နဲ႔ အေကာင္အထည္မေပၚေပးႏိုင္ဘူးဆိုရင္ တိုင္းရင္းသားမ်ားရဲ႕ လႊတ္ေတာ္အေပၚမွာ ယုံၾကည္ကိုးစားမႈ ေလ်ာ့နည္းသြားမွာျဖစ္တယ္ဆိုတဲ့အရာကို က်မတို႔ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးက သတိျပဳရမွာျဖစ္ပါ တယ္”လို႔လည္း ထည့္သြင္းေဆြးေႏြးသြားပါတယ္။

ထို႔အတူ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႈးရဲထြန္းက လႊတ္ေတာ္က ဖြဲ႕စည္းထားတဲ့ ၄၅ ဦးေကာ္မတီက တင္သြင္းလာမယ့္ ဥပေဒမူၾကမ္းကို ေစာင့္ဆိုင္းေနရမယ္ဆိုရင္ မလိုအပ္ဘဲ အခ်ိန္ေတြ ၾကန႔္ၾကာေနမွာျဖစ္တယ္လို႔ ေဆြးေႏြးၿပီး ‘ငါ့ အစိုးရတက္ရင္ ဘာလုပ္ေပးႏိုင္တာဆိုၿပီး ဂုဏ္ယူမႈကို လုပ္ျပၾက’ ပါလို႔လည္း တိုက္တြန္းေဆြးေႏြးခဲ့ပါတယ္။

“ငါ လုပ္မွၿပီးမယ္။ ငါ ေခါင္းေဆာင္မွ ရမယ္။ ငါ လုပ္မွ တိုင္းျပည္ေအးခ်မ္းမယ္ဆိုတာေတြ ေလ်ာ့သင့္ပါ ၿပီ။ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ လက္ရွိဘဝမွာ ခ်ိန္ထိုးသင့္ပါၿပီ။ လူမွန္ေနရာမွန္ေ႐ြးခ်ယ္ၿပီး တိုင္းျပည္တိုးတက္ေအာင္ ျပင္သင့္ပါၿပီ။ အခ်ိန္မရွိေတာ့ပါဘူး”လို႔ ဆိုပါတယ္။

အထက္က ေရးသားတင္ျပခဲ့တဲ့ ေဆြးေႏြးခ်က္ေတြကေတာ့ ကရင္ျပည္နယ္မဲဆႏၵနယ္အမွတ္ ၅ က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းသန္းႏိုင္နဲ႔အတူ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၅ ဦး တင္ျပထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းနဲ႔ စပ္လွ်ဥ္းၿပီးေတာ့ ေလ့လာ စိစစ္ေရးပူးေပါင္းေကာ္မတီအစီရင္ခံစာအေပၚမွာ ပါဝင္ေဆြးေႏြးခဲ့ၾကတဲ့ ေဆြးေႏြးခ်က္ေတြ ျဖစ္ပါတယ္။

အစီရင္ခံစာအေပၚ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၁၆ ဦးပါဝင္ေဆြးေႏြးခဲ့ၾကၿပီး က်န္ရွိေန ေသးတဲ့ ကိုယ္စားလွယ္ေတြအေနနဲ႔ လာမယ့္ ၉ ရက္ေန႔မွာ ျပဳလုပ္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး မွာ ဆက္လက္ေဆြးေႏြးၾကရမွာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းစုစုေပါင္း ၅ ခုကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ကေနစၿပီး စက္တင္ဘာ ၂၀ ရက္ေန႔အထိ ၈ လတာကာလအတြင္း တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကိုယ္စားလွယ္ဝင္ေတြက ျပည္ ေထာင္စုလႊတ္ေတာ္ကို တင္သြင္းခဲ့ၾကပါတယ္။

အခု လႊတ္ေတာ္အထဲမွာ ေဆြးေႏြးၿပီး သေဘာထားကြဲလြဲေနၾကတဲ့ကိစၥေတြက အဲ့ဒီ ဥပေဒမူၾကမ္း ၅ ခု နဲ႔ သက္ဆိုင္ၿပီး ဒီဥပေဒမူၾကမ္း ၅ ခုကို လႊတ္ေတာ္ထဲမွာ သီးသန႔္မေဆာင္႐ြက္ဘဲ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ဆင္ေရးအတြက္ဖြဲ႕စည္းထားတဲ့ ၄၅ ဦးေကာ္မတီရဲ႕ လုပ္ငန္းစဥ္မွာ ထည့္သြင္းေဆာင္႐ြက္မယ့္ကိစၥအေပၚ သေဘာထားကြဲလြဲေနၾကတာလည္းျဖစ္ပါတယ္။

#voiceofmyanamr #ဖြဲ႕စည္းပံုုျပင္ဆင္ေရး #သေဘာထားကြဲလြဲ

Related posts

Leave a Comment

VOM News

FREE
VIEW