ရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန်

Unicode

ရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန်

ရန်ကုန် ဒီဇင်ဘာ ၅-၂၀၁၉
သိ ဂီ ၤ( VOM)

ရွှေတိဂုံစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်တွေအနေနဲ သက်တမ်းရှိ(G)လိုင်စင် (တစ်နိုင်ငံလုံးမှာ ဧည်လမ်းညွှန်လုပ်ကိုင်ခွင့်ရှိသူ National Tour Guide Licenceရှိဖို့လို အပ်ကြောင်း ဒီလိုင်စင်ကိုင်ဆောင်သူတွေသာ ဧည့်လမ်းညွှန်အဖြစ် လိုက်ပါဆောင်ရွက်ရမယ်လို့ ဂေါပကအဖွဲ့နဲ့မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက ဆုံးဖြတ်လိုက်ပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့က ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်း) နှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းl ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်များ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့မှုအပြီး ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“လိုင်စင်ပယ်ဖျက်ခံထားရသူတွေကိုကုမ္ပဏီကသုံးနေတာတွေရှိတယ်။ဒါဟာ လိုင်စင်သက်တမ်းရှိထားသူ အမြဲတမ်းသက်တမ်းတိုးနေသူတွေအတွက် တရားမျှတမှုမရှိဘူး။ဒါကြောင့် ဒါကိုပြန်အသက်သွင်းတာဖြစ်တယ်။နောက် ကုမ္ပဏီတွေကိုလည်း အသိပေးတာဖြစ်တယ် သုံးခဲ့ရင် သုံးတဲ့ကုမ္ပဏီမှာတာဝန်ရှိတယ်။ ဒါကြောင့်ကိုယ်တာဝန်ပေးမယ့် guide ကို တချက်စိစစ်ပေးပါ။ ဥပဒေမှာရှိပြီးသားကို ထပ်ပြီး ပံ့ပိုးတဲ့သဘာဖြစ်တယ်။ စည်းကမ်းလျော့ရဲလာတာတွေကို လိုက်နာအောင်ထောက်ပြအသိပေးတာဖြစ်တယ်။” လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းရဲ့ဥက္ကဋ္ဌဦးအောင်ထွန်းလင်းကပြောပါတယ်။

တကယ်လို့ စစ်ဆေးတဲ့အခါ Regional guide တွေကို တွေ့ရှိခဲ့ရင် သက်ဆိုင်ရာကုမ္ပဏီ ကို အကြောင်းကြားခြင်း မှတ်တမ်းယူထားခြင်း နောက်နောင် မလုပ်ဆောင်ဖိုအသိပေးခြင်းကို ဆောင်ရွက်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် မှတ်တမ်းယူပြီးပျောက်သွားတာမျိုးမဖြစ်စေဖို့ အရေးယူနိုင်တဲ့အထိ ဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။

ရန်ကုန်မှာက regional guideသင်တန်းဖွင့်လှစ်သင်ကြားခဲ့တာမရှိတဲ့အတွက် ရန်ကုန်မှာ တက်ရောက်ပြီးလိုင်စင်ရသူတွေဟာ G လိုင်စင်သမားတွေသာဖြစ်တယ်လို့ဆိုပါတယ်။G လိုင်စင်ဆိုတာ National Guide တစ်နိုင်ငံလုံးမှာ ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်ရရှိသူတွေပဲဖြစ်ပါတယ်။
” တကယ်ထိထိရောက်ရောက်လုပ်နိုင်မယ်ဆိုရင်ကောင်းပါတယ်။ ခုကတော့ guide တွေကို စိစစ်မှုအပိုင်းအားနည်းနေတယ်”လို့ ပြင်သင်ဘာသာ ဧည့်လမ်းညွှန် ကိုကျော်စိုးကပြောပါတယ်။

ရွှေတိဂုံပေါ်မှာ Gလိုငါစင် ဧည့်လမ်းညွှန်သာ အသုံးပြုဖို့ ခရီးသွားကုမ္ပဏီတွေ နဲ့ ဧည့်လမ်းညွှန်တွေကိုလည်း တရားဝင်အသိပေးသွားမှာဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းအတွင်းမှာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန အသိအမှတ်ပြု တရားဝင်လိုင်စင်ရ ရှိထားသူ ၂၀၀၀ ကနေ ၃၀၀၀ ကြားရှိနေပါတယ်။

#voiceofmyanmar #ရွှေတိဂုံ #ဧည့်လမ်းညွန်

Zawgyi

ေ႐ႊတိဂုံဘုရာေပၚမွာ သက္တမ္းရွိ(G)လိုင္စင္ ကိုင္ေဆာင္တဲ့ ဧည့္လမ္းၫႊန္သာအသုံးျပဳရန္ ထုတ္ျပန္

ရန္ကုန္ ဒီဇင္ဘာ ၅-၂၀၁၉
သိ ဂီ ၤ( VOM)

ေ႐ႊတိဂုံေစတီေတာ္ေပၚမွာ ႏိုင္ငံျခားသားေတြကို ဝန္ေဆာင္မႈေပးမယ့္ ဧည့္လမ္းၫႊန္ေတြအေနနဲ သက္တမ္းရွိ(G)လိုင္စင္ (တစ္ႏိုင္ငံလုံးမွာ ဧည္လမ္းၫႊန္လုပ္ကိုင္ခြင့္ရွိသူ National Tour Guide Licenceရွိဖို႔လို အပ္ေၾကာင္း ဒီလိုင္စင္ကိုင္ေဆာင္သူေတြသာ ဧည့္လမ္းၫႊန္အျဖစ္ လိုက္ပါေဆာင္႐ြက္ရမယ္လို႔ ေဂါပကအဖြဲ႕နဲ႔ျမန္မာႏိုင္ငံဧည့္လမ္းၫႊန္မ်ားအသင္းက ဆုံးျဖတ္လိုက္ပါတယ္။

ဒီဇင္ဘာလ ၃ ရက္ေန႔က ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန(ရန္ကုန္တိုင္း) ႏွင့္ျမန္မာႏိုင္ငံဧည့္လမ္းၫႊန္မ်ားအသင္းl ေ႐ႊတိဂုံဘုရားေဂါပကအဖြဲ႕၀င္မ်ား ကမာၻလွည့္ခရီးသြားလုံၿခဳံေရးရဲတပ္ဖြဲ႕တို႔ေတြ႕ဆုံေဆြးေႏြးခဲ့မႈအၿပီး ခုလိုဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

“လိုင္စင္ပယ္ဖ်က္ခံထားရသူေတြကိုကုမၸဏီကသုံးေနတာေတြရွိတယ္။ဒါဟာ လိုင္စင္သက္တမ္းရွိထားသူ အၿမဲတမ္းသက္တမ္းတိုးေနသူေတြအတြက္ တရားမွ်တမႈမရွိဘူး။ဒါေၾကာင့္ ဒါကိုျပန္အသက္သြင္းတာျဖစ္တယ္။ေနာက္ ကုမၸဏီေတြကိုလည္း အသိေပးတာျဖစ္တယ္ သုံးခဲ့ရင္ သုံးတဲ့ကုမၸဏီမွာတာဝန္ရွိတယ္။ ဒါေၾကာင့္ကိုယ္တာဝန္ေပးမယ့္ guide ကို တခ်က္စ္ိစစ္ေပးပါ။ ဥပေဒမွာရွိၿပီးသားကို ထပ္ၿပီး ပံ့ပိုးတဲ့သဘာျဖစ္တယ္။ စည္းကမ္းေလ်ာ့ရဲလာတာေတြက္ို လိုက္နာေအာင္ေထာက္ျပအသိေပးတာျဖစ္တယ္။” လို႔ ျမန္မာႏိုင္ငံဧည့္လမ္းၫႊန္မ်ားအသင္းရဲ႕ဥကၠ႒ဦးေအာင္ထြန္းလင္းကေျပာပါတယ္။

တကယ္လို႔ စစ္ေဆးတဲ့အခါ Regional guide ေတြကို ေတြ႕ရွိခဲ့ရင္ သက္ဆ္ိုင္ရာကုမၸဏီ ကို အေၾကာင္းၾကားျခင္း မွတ္တမ္းယူထားျခင္း ေနာက္ေနာင္ မလုပ္ေဆာင္ဖိုအသိေပးျခင္းကို ေဆာင္႐ြက္မယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ မွတ္တမ္းယူၿပီးေပ်ာက္သြားတာမ်ိဳးမျဖစ္ေစဖို႔ အေရးယူႏိုင္တဲ့အထိ ေဆြးေႏြးမႈေတြလုပ္သြားမွာျဖစ္ပါတယ္။

ရန္ကုန္မွာက regional guideသင္တန္းဖြင့္လွစ္သင္ၾကားခဲ့တာမရွိတဲ့အတြက္ ရန္ကုန္မွာ တက္ေရာက္ၿပီးလိုင္စင္ရသူေတြဟာ G လိုင္စင္သမားေတြသာျဖစ္တယ္လို႔ဆိုပါတယ္။G လိုင္စင္ဆိုတာ National Guide တစ္ႏိုင္ငံလုံးမွာ ဧည့္လမ္းၫႊန္လုပ္ကိုင္ခြင့္ရရွိသူေတြပဲျဖစ္ပါတယ္။
” တကယ္ထိထိေရာက္ေရာက္လုပ္ႏိုင္မယ္ဆိုရင္ေကာင္းပါတယ္။ ခုကေတာ့ guide ေတြကို စိစစ္မႈအပိုင္းအားနည္းေနတယ္”လို႔ ျပင္သင္ဘာသာ ဧည့္လမ္းၫႊန္ ကိုေက်ာ္စိုးကေျပာပါတယ္။

ေ႐ႊတိဂုံေပၚမွာ Gလိုငါစင္ ဧည့္လမ္းၫႊန္သာ အသုံးျပဳဖို႔ ခရီးသြားကုမၸဏီေတြ နဲ႔ ဧည့္လမ္းၫႊန္ေတြကိုလည္း တရားဝင္အသိေပးသြားမွာျဖစ္ပါတယ္။

လက္ရွိရန္ကုန္တိုင္းအတြင္းမွာ ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာန အသိအမွတ္ျပဳ တရားဝင္လိုင္စင္ရ ရွိထားသူ ၂၀၀၀ ကေန ၃၀၀၀ ၾကားရွိေနပါတယ္။

#voiceofmyanmar #ေရႊတိဂံုု #ဧည့္လမ္းညြန္

Related posts

Leave a Comment

VOM News

FREE
VIEW