အလယ်တန်းပြ ဆရာမတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ကြိမ်လုံးနဲ့ ရိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ ခုံရုံးဖွဲ့ စစ်ဆေးသွားမယ်

ရန်ကုန်၊ ဒီဇင်ဘာ ၇-၂၀၁၉
ချမ်းငြိမ်း(VOM)

အလယ်တန်းပြ ဆရာမတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ကြိမ်လုံးနဲ့ရိုက်ခဲ့တယ်ဆိုတဲ့ကိစ္စကို ခုံရုံးဖွဲ့ စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေသိရပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အထက (၅)ကျောင်းက အလယ်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်မူမူကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားကျောင်းသူတွေရှေ့မှာ ကြိမ်လုံးနဲ့ ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဒီကိစ္စကို ခုံရုံးအဖွဲ့နဲ့ စစ်ဆေးဖို့ တိုင်းပညာရေးမှူးက လက်မှတ်ထိုးလိုက်ပါပြီ။ စစ်တာကတော့ ခရိုင်ပညာရေးမှူးနဲ့ အဖွဲ့က စစ်မှာပါ၊ ဒီကိစ္စကို အမြန်ဆုံး စစ်ဆေးသွားမှာပါ၊ လာမယ့် တနင်္လာနေ့မှာ စတင်စစ်ဆေးနိုင်ဖို့ စီစဉ်ထားတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက ဆဋ္ဌမတန်း (G-7D) ကို တာဝန်ယူသင်ကြားတဲ့ ဆရာမက ခွင့်ယူတဲ့အတွက် ဆရာမဒေါ်မူမူက အစားထိုးသင်ကြားနေတဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြင့်က အတန်းတွေကို လှည့်လည်ဆူပူကြိမ်းမောင်းရင်း ဆရာမဒေါ်မူမူစာသင်နေတဲ့ အတန်းအတွင်းကို ဝင်လာတာဖြစ်ပါတယ်။

ဝင်ရောက်လာတဲ့အချိန် “နင်တို့ အားလုံးကို ရိုက်ချင်တယ် ”လို့ ပြောနေရင် ကျောင်းသူကျောင်းသူတွေရှေ့မှာ ဆရာမဒေါ်မူမူကို ကြိမ်လုံးနဲ့ရိုက်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာကို ညှိုနွမ်း အောင်ကိုယ်ထိ လက်ရောက်ပြုစော်ကားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြင့်ကို လိုအပ်သလို အရေးယူပေးဖို့ တိုင်ကြားထားခဲ့တာ ဖြစ်ပါတယ်။

အလယ်တန်းပြဆရာမ ဒေါ်မူမူက ကျောင်းအုပ်ဆရာမကြီးကို အရေးယူပေးဖို့ တိုင်ကြားရာမှာ မိမိသည် ၁၉၈၉ခုနှစ်မှစပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် လုပ်သက် ၃၀ကျော်ရှိပြီဖြစ်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဘယ်ပြစ်မူမျိုးမှ ကျုးလွန်ခြင်း ၊ အပြစ်ပေးခံရခြင်းမျိုး မရှိဘူးလို့ တိုင်ကြားစာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Photo – အထက ၅ မင်္ဂလာဒုံ ကျောင်းသားကျောင်းသူများဆုံဆည်းရာ

#voiceofmyanmar #ရန်ကုန် #ကျောင်းအုပ်ဆရာမ #ကြိမ်လုံးနဲ့ရိုက်

Zawgyi

အလယ္တန္းျပ ဆရာမတစ္ဦးကို ေက်ာင္းအုပ္ဆရာမႀကီးက ႀကိမ္လုံးနဲ႔ ႐ိုက္ခဲ့တယ္ဆိုတဲ့ကိစၥ ခုံ႐ုံးဖြဲ႕ စစ္ေဆးသြားမယ္

ရန္ကုန္၊ ဒီဇင္ဘာ ၇-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

အလယ္တန္းျပ ဆရာမတစ္ဦးကို ေက်ာင္းအုပ္ဆရာမႀကီးက ႀကိမ္လုံးနဲ႔႐ိုက္ခဲ့တယ္ဆိုတဲ့ကိစၥကို ခုံ႐ုံးဖြဲ႕ စစ္ေဆးသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးကေနသိရပါတယ္။

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ အထက (၅)ေက်ာင္းက အလယ္တန္းျပဆရာမတစ္ဦးျဖစ္တဲ့ ေဒၚမူမူကို ေက်ာင္းအုပ္ဆရာမႀကီးက ေက်ာင္းသားေက်ာင္းသူေတြေရွ႕မွာ ႀကိမ္လုံးနဲ႔ ႐ိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“အခုက ဒီကိစၥကို ခုံ႐ုံးအဖြဲ႕နဲ႔ စစ္ေဆးဖို႔ တိုင္းပညာေရးမႉးက လက္မွတ္ထိုးလိုက္ပါၿပီ။ စစ္တာကေတာ့ ခ႐ိုင္ပညာေရးမႉးနဲ႔ အဖြဲ႕က စစ္မွာပါ၊ ဒီကိစၥကို အျမန္ဆုံး စစ္ေဆးသြားမွာပါ၊ လာမယ့္ တနလၤာေန႔မွာ စတင္စစ္ေဆးႏိုင္ဖို႔ စီစဥ္ထားတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီးပညာေရးမႉး႐ုံးက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဒီဇင္ဘာ ၃ရက္ေန႔ မနက္ပိုင္းက ဆ႒မတန္း (G-7D) ကို တာဝန္ယူသင္ၾကားတဲ့ ဆရာမက ခြင့္ယူတဲ့အတြက္ ဆရာမေဒၚမူမူက အစားထိုးသင္ၾကားေနတဲ့အခ်ိန္မွာ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြျမင့္က အတန္းေတြကို လွည့္လည္ဆူပူႀကိမ္းေမာင္းရင္း ဆရာမေဒၚမူမူစာသင္ေနတဲ့ အတန္းအတြင္းကိုု ဝင္လာတာျဖစ္ပါတယ္။

ဝင္ေရာက္လာတဲ့အခ်ိန္ “နင္တို႔ အားလုံးကို ႐ိုက္ခ်င္တယ္ ”လုိ႔ ေျပာေနရင္ ေက်ာင္းသူေက်ာင္းသူေတြေရွ႕မွာ ဆရာမေဒၚမူမူကို ႀကိမ္လုံးနဲ႔႐ိုက္ခဲ့တဲ့အတြက္ ဂုဏ္သိကၡာကို ညႇိဳႏြမ္း ေအာင္ကိုယ္ထိ လက္ေရာက္ျပဳေစာ္ကားခဲ့တဲ့ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြျမင့္ကို လိုအပ္သလို အေရးယူေပးဖို႔ တိုင္ၾကားထားခဲ့တာ ျဖစ္ပါတယ္။

အလယ္တန္းျပဆရာမ ေဒၚမူမူက ေက်ာင္းအုပ္ဆရာမႀကီးကို အေရးယူေပးဖို႔ တိုင္ၾကားရာမွာ မိမိသည္ ၁၉၈၉ခုႏွစ္မွစၿပီး ႏိုင္ငံ့တာဝန္ထမ္းေဆာင္ခဲ့တဲ့အျပင္ လုပ္သက္ ၃၀ေက်ာ္ရွိၿပီျဖစ္တဲ့ ဝန္ထမ္းတစ္ဦးျဖစ္ၿပီးေတာ့၊ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ဘယ္ျပစ္မူမ်ိဳးမွ က်ဳးလြန္ျခင္း ၊ အျပစ္ေပးခံရျခင္းမ်ိဳး မရွိဘူးလို႔ တိုင္ၾကားစာမွာ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

 

Photo – အထက ၅ မဂၤလာဒုံ ေက်ာင္းသားေက်ာင္းသူမ်ားဆုံဆည္းရာ

#voiceofmyanmar #ရန္ကုန္ #ေက်ာင္းအုပ္ဆရာမ #ႀကိမ္လံုးနဲ႔ရိုက္

Related posts

Leave a Comment

VOM News

FREE
VIEW