မြန်မာနာနတ်သီး တရုတ်ကအဝယ်ရပ်ခဲ့တာကြောင့် သိန်းပေါင်း ၇၀၀၀၀ နီးပါး ဆုံးရှုံးခဲ့ရ

မြန်မာနာနတ်သီး တရုတ်ကအဝယ်ရပ်ခဲ့တာကြောင့် သိန်းပေါင်း ၇၀၀၀၀ နီးပါး ဆုံးရှုံးခဲ့ရ

ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၉
သိဂီ ၤ(VOM)

မြန်မာနာနတ်သီးကို တရုတ်ပြည်က တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် ဒီနှစ် ၂၀၁၉ မှာ နာနတ်သီးတန်ချိန်ပေါင်း ၂၄၈၀၀၊ တန်ဖိုးအနေနဲ့ သိန်းပေါင်း ၇သောင်း နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) ရဲ့အတွင်းရေးမှူးဖြစ်သူ ဒေါ်စန္ဒာမျိုး ကပြောပါတယ်။

ယနေ့ ဒီဇင်ဘာ ၈ ရက် မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အရင်ကနာနတ်သီးကိုတရုတ်ဘက်တင်ပို့ရတယ်။ အဲ့ဒီကိုတင်ပို့ရောင်းချတာဖြစ်တယ်။
ခုနှစ် နာနတ်သီးထွက်ရှိချိန် တရုတ်နိုင်ငံဘက်က နာနတ်သီးဝယ်ယူဖို့ ပိတ်လိုက်ကြောင့် ခုလိုအရှုံးနှင့်ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် နာနတ်တောင်သူတွေ ဆုံးရှုံးမှုမရှိစေဖို့အတွက် တရုတ်နိုင်ငံကို နာနတ်သီး တရားဝင်တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းပေးဖ်ိုု့ဆွေးနွေးတင်ပြတာဖြစ်တယ်” လို့ ဒေါ်စန္ဒာမျိုး ကဆိုပါတယ်။

ပြည်တွင်းက ထွက်တဲ့ နာနတ်သီးကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေရာက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်မှာ တရုတ်နိုင်ငံဘက်ကနှစ်နိုင်ငံ ဆောင်ရွက်ရေးဆွေးနွေးခဲ့တဲ့ သစ်သီးဝလံထဲမှာ နာနတ်သီးမပါတာကြောင့် နာနတ်သီးပို့ခွင့်ကို ပိတ်လိုက်ပါတယ်။

အရင်က နာနတ်သီးကို နယ်စပ် (မူဆယ်ဂိတ်)တဆင့် တင်ပို့ခဲ့ပေမယ့် လတ်တလော နှစ်နိုင်ငံဆွေးနွေးမှုအရတော့ တရုတ်နိုင်ငံဘက်ကို ငှက်ပျောသီး၊ စပါး၊ ပီလောပီနံ၊ ပင်မှည့်သီး တွေသာ တရားဝင်တင်ပို့ခွင့်ပြုထားပါတယ်။

ဒါကြောင့်လာမယ့် ၂၀၂၀ မှာတော့ တရုတ်နိုင်ငံကိုနာနတ်သီး တရားဝင်တင်ပို့ခွင့်ရဖို့လိုအပ်ကြောင်း အကယ်၍ မရခဲ့ပါက ခုနှစ်လိုပင် နာနတ်သီးစိုက်တောင်သူတွေ အရှုံးနဲ့ထပ်မံရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

နာနတ်သီးကို ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေမှာ အများဆုံးစိုက်ပျိုးမှုရှိနေပါတယ်။

#voiceofmyanmar #နာနတ်သီး #တရုတ်ကအဝယ်ပိတ်

Zawgyi

ျမန္မာနာနတ္သီး တရုတ္ကအဝယ္ရပ္ခဲ႕တာေႀကာင့္ သိန္းေပါင္း ၇၀၀၀၀ နီးပါး ဆုံးရွုံးခဲ့ရ

ရန္ကုန္ ဒီဇင္ဘာ ၈-၂၀၁၉
သိဂီ ၤ(VOM)

ျမန္မာနာနတ္သီးကိုု တရုုတ္ျပည္က တင္ပို့ခြင့္ပိတ္လိုက္တာေႀကာင့္ ဒီႏွစ္ ၂၀၁၉ မွာ နာနတ္သီးတန္ခ်ိန္ေပါင္း ၂၄၈၀၀၊ တန္ဖိုးအေနနဲ႕ သိန္းေပါင္း ၇ေသာင္း နီးပါး ဆုံးရွုံးခဲ့ရတယ္လို႕ ျမန္မာနိုင္ငံသစ္သီးဝလံပန္းမန္ႏွင့္ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို့ ေရာင္းခ်သူမ်ားအသင္း (MFVP) ရဲ႕အတြင္းေရးမွူးျဖစ္သူ ေဒၚစႏၵာမ်ိဳး ကေျပာပါတယ္။

ယေန႕ ဒီဇင္ဘာ ၈ ရက္ မွာျပဳလုပ္ခဲ႕တဲဲ႕ နိုင္ငံေတာ္ ဒုတိယသမၼတ (၁) ဦးေဆာင္ေသာ ပုဂၢလိကက႑ဖြံ့ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံပြဲ (၃၁ ႀကိမ္ေျမာက္)မွာ ေျပာဆိုခဲ႕တာျဖစ္ပါတယ္။

“အရင္ကနာနတ္သီးကိုတရုတ္ဘက္တင္ပို႕ရတယ္။ အဲ႕ဒီကိုတင္ပို့ေရာင္းခ်တာျဖစ္တယ္။
ခုႏွစ္ နာနတ္သီးထြက္ရွိခ်ိန္ တ႐ုတ္နိုင္ငံဘက္က နာနတ္သီးဝယ္ယူဖို႕ ပိတ္လိုက္ေၾကာင့္ ခုလိုအရႈံးႏွင့္ရင္ဆိုင္ခဲ႕ရတာျဖစ္တယ္။ ဒါေႀကာင့္ နာနတ္ေတာင္သူေတြ ဆုံးရွုံးမွုမရွိေစဖို႕အတြက္ တ႐ုတ္နိုင္ငံကို နာနတ္သီး တရားဝင္တင္ပို့နိုင္ေရး ေဆြးေႏြးညႇိႏွိုင္းေပးဖ္ု္ို႕ေဆြးေႏြးတင္ျပတာျဖစ္တယ္” လို႕ ေဒၚစႏၵာမ်ိဳး ကဆိုပါတယ္။

ျပည္တြင္းက ထြက္တဲ႕ နာနတ္သီးကို တ႐ုတ္နိုင္ငံကို အဓိကထားတင္ပို႕ေနရာက ျပီးခဲ႕တဲ႕ ဇြန္လ ၁၅ ရက္မွာ တရုတ္နိုင္ငံဘက္ကႏွစ္နိုင္ငံ ေဆာင္ရြက္ေရးေဆြးေႏြးခဲ႕တဲ႕ သစ္သီးဝလံထဲမွာ နာနတ္သီးမပါတာေႀကာင့္ နာနတ္သီးပို့ခြင့္ကို ပိတ္လိုက္ပါတယ္။

အရင္က နာနတ္သီးကို နယ္စပ္ (မူဆယ္ဂိတ္)တဆင့္ တင္ပို့ခဲ႕ေပမယ့္ လတ္တေလာ နွစ္နိုင္ငံေဆြးေႏြးမႈအရေတာ့ တ႐ုတ္နိုင္ငံဘက္ကို ငွက္ေပ်ာသီး၊ စပါး၊ ပီေလာပီနံ၊ ပင္မွည့္သီး ေတြသာ တရားဝင္တင္ပို႕ခြင့္ျပဳထားပါတယ္။

ဒါေႀကာင့္လာမယ့္ ၂၀၂၀ မွာေတာ့ တရုတ္နိုင္ငံကိုနာနတ္သီး တရားဝင္တင္ပို႕ခြင့္ရဖို့လိုအပ္ေႀကာင္း အကယ္၍ မရခဲ႕ပါက ခုႏွစ္လိုပင္ နာနတ္သီးစိုက္ေတာင္သူေတြ အရႈံးနဲဲ့ထပ္မံရင္ဆိုင္ရမွာျဖစ္တယ္လို႕ သိရပါတယ္။

နာနတ္သီးကို ရွမ္းျပည္ေျမာက္ပိုု္င္းနဲ႕ စစ္ကိုုင္းတိုုင္းအထက္ပိုုင္း ေဒသေတြမွာ အမ်ားဆုံးစိုက္ပ်ိဳးမႈရွိေနပါတယ္။

#voiceofmyanmar #နာနတ္သီး #တရုုတ္ကအဝယ္ပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW