မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနှစ်ခုက နေရာအချို့ကို နိုင်ငံခြားသားသွားလာခွင့်ထပ်မံပိတ်

ရန်ကုန်၊ဒီဇင်ဘာ ၉-၂၀၁၉
သိဂီ ၤ(VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းညယဉ်ကျေးမှုဇုန်နဲ့ ရန်ကုန်ကကိုကိုးကျွန်းအပါအဝင် တိုင်းနှင့်ပြည်နယ်ခုနှစ်ခုက နေရာအတော်များများကို နိုင်ငံခြားသားသွားလာခွင့် ကန့်သတ်နယ်မြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံခြားသားသွားလာခွင့် ထပ်မံကန့်သတ်လိုက်တဲ့ ပြည်နယ်နှင့်တိုင်းခုနှစ်ခုကတော့-ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပါတယ်။

အဲ့ဒီထဲမှာ နိုင်ငံခြားသားတွေ လုံးဝသွားလာခွင့်မရှိတဲ့ဒေသနဲ့ ခွင့်ပြုချက်ယူပြီး သွားလို့ရမယ့် နေရာဆိုပြီး ကန့်သတ်လိုက်ကာ လုံခြုံရေးအရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

“နယ်မြေကန့်သတ်တာတွေကို ပြည်ထဲရေးဝန်ကြီးဌာနက လုပ်တာဖြစ်တယ်။သူတို့က စာရင်းပေးလာရင် ဆရာတို့ကိုပြန်ဖြန့်ဝေတယ်။ လုံခြုံရေးအရ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ကန့်သတ်နယ်မြေတွေကို နိုင်ငံခြားသားတွေမသွားဖို့ သက်ဆိုင်ရာဧည့်လမ်းညွှန်တွေမှာ တာဝန်ရှိပါတယ်”ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လုံခြုံရေးအရ နိုင်ငံခြားသားလုံးဝသွားလာခွင့်ပိတ်လိုက်တဲ့ နယ်မြေတွေကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်၊ ကချင်ပြည်နယ်ပူတာအိုကကျေးရွာခုနှစ်ရွာ၊ ချင်းပြည်နယ်ကပလက်မြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကလင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့၊ မိုင်းယန်မြို့နယ်၊ ရန်ကုန်ကကိုကိုးကျွန်းအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကနမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်တွေရဲ့ မြို့ပြင်ကိုကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက ဗန်းမောက်မြို့နယ်ရဲ့ အင်းပေါက်၊ ခေါင်းတုံး၊ လေသာကုန်း၊ ဘူးတောင်း၊ နန့်အာ၊ နန့်ခင်၊ နန့်မား၊ မိုးတေ၊ နားနန့်ထွန်အပါအဝင် နန်းယွန်းမြို့နယ်ထဲက တိုက်တီး၊ တကား၊ လုံမတ်၊ ကဲဆန်၊ ကျန်းဒုံး၊ လခြမ်း၊ လုံယုန်း၊ ကန်ကော၊ သန်းမန်းကျေးရွာတွေ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာဆိုရင်လည်း မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင်မြို့နယ်က ကျွန်းတိုင်၊ ညောင်တုန်း၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်မဲတောကျေးရွာတွေကို မြို့ပေါ်အတွက်သာခွင့်ပြုပြီး မြို့ပြင်အတွက် ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာတွေနဲ့ပတ်သက်ရင် ခရီးသွားကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားဧည့်တွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာပေးဖို့နဲ့ ခရီးစဉ်အလိုက် ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #မြောက်ဦးဒေသ #နိုင်ငံခြားသားသွားလာခွင့်ပိတ်

Zawgyi

ေျမာက္ဦး ေရွးေဟာင္းယဥ္ေက်းမႈဇုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ခုႏွစ္ခုက ေနရာအခ်ိဳ႕ကို ႏိုင္ငံျခားသားသြားလာခြင့္ထပ္မံပိတ္

ရန္ကုန္၊ဒီဇင္ဘာ ၉-၂၀၁၉
သိဂီ ၤ(VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးေရွးေဟာင္းညယဥ္ေက်းမႈဇုန္နဲ႔ ရန္ကုန္ကကိုကိုးကြၽန္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္ခုႏွစ္ခုက ေနရာအေတာ္မ်ားမ်ားကို ႏိုင္ငံျခားသားသြားလာခြင့္ ကန႔္သတ္နယ္ေျမအျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာနက ထပ္မံပိတ္ပစ္လိုက္ပါတယ္။

ႏိုင္ငံျခားသားသြားလာခြင့္ ထပ္မံကန႔္သတ္လိုက္တဲ့ ျပည္နယ္ႏွင့္တိုင္းခုႏွစ္ခုကေတာ့-ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ ၊ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ အေရွ႕ပိုင္း၊ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီးျဖစ္ပါတယ္။

အဲ့ဒီထဲမွာ ႏိုင္ငံျခားသားေတြ လုံးဝသြားလာခြင့္မရွိတဲ့ေဒသနဲ႔ ခြင့္ျပဳခ်က္ယူၿပီး သြားလို႔ရမယ့္ ေနရာဆိုၿပီး ကန႔္သတ္လိုက္ကာ လုံၿခဳံေရးအရ ကန႔္သတ္လိုက္တာျဖစ္ပါတယ္။

“နယ္ေျမကန႔္သတ္တာေတြကို ျပည္ထဲေရးဝန္ႀကီးဌာနက လုပ္တာျဖစ္တယ္။သူတို႔က စာရင္းေပးလာရင္ ဆရာတို႔ကိုျပန္ျဖန႔္ေဝတယ္။ လုံၿခဳံေရးအရ ကန႔္သတ္လိုက္တာျဖစ္ပါတယ္။ ကန႔္သတ္နယ္ေျမေတြကို ႏိုင္ငံျခားသားေတြမသြားဖို႔ သက္ဆိုင္ရာဧည့္လမ္းၫႊန္ေတြမွာ တာဝန္ရွိပါတယ္”ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

လုံၿခဳံေရးအရ ႏိုင္ငံျခားသားလုံးဝသြားလာခြင့္ပိတ္လိုက္တဲ့ နယ္ေျမေတြကေတာ့ ရခိုင္ျပည္နယ္၊ ေျမာက္ဦးေရွးေဟာင္းယဥ္ေက်းမႈဇုန္၊ ပုဏၰားကြၽန္း၊ မင္းျပားၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္ပူတာအိုကေက်း႐ြာခုႏွစ္႐ြာ၊ ခ်င္းျပည္နယ္ကပလက္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းကလင္းေခးၿမိဳ႕နယ္၊ ဟိုမိန္းၿမိဳ႕၊ မိုးနဲၿမိဳ႕နယ္၊ က်ိဳင္းေတာင္းၿမိဳ႕၊ ေက်းသီးၿမိဳ႕နယ္၊ မိုင္းေနာင္ၿမိဳ႕၊ မိုင္းရႉးၿမိဳ႕နယ္၊ မိုင္းစံၿမိဳ႕၊ မိုင္းယန္ၿမိဳ႕နယ္၊ ရန္ကုန္ကကိုကိုးကြၽန္းအပါအဝင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းကနမၼတူၿမိဳ႕နယ္၊ နမ့္ဆန္ၿမိဳ႕နယ္ေတြရဲ႕ ၿမိဳ႕ျပင္ကိုကန႔္သတ္လိုက္တာ ျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးထဲက ဗန္းေမာက္ၿမိဳ႕နယ္ရဲ႕ အင္းေပါက္၊ ေခါင္းတုံး၊ ေလသာကုန္း၊ ဘူးေတာင္း၊ နန႔္အာ၊ နန႔္ခင္၊ နန႔္မား၊ မိုးေတ၊ နားနန႔္ထြန္အပါအဝင္ နန္းယြန္းၿမိဳ႕နယ္ထဲက တိုက္တီး၊ တကား၊ လုံမတ္၊ ကဲဆန္၊ က်န္းဒုံး၊ လျခမ္း၊ လုံယုန္း၊ ကန္ေကာ၊ သန္းမန္းေက်း႐ြာေတြ ျဖစ္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီးမွာဆိုရင္လည္း မိုးကုတ္၊ သပိတ္က်င္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္က ကြၽန္းတိုင္၊ ေညာင္တုန္း၊ သေျပေခ်ာင္၊ မိုးႀကိဳးပစ္၊ ပုတီးကုန္း၊ ေနာင္ပိန္မဲေတာေက်း႐ြာေတြကို ၿမိဳ႕ေပၚအတြက္သာခြင့္ျပဳၿပီး ၿမိဳ႕ျပင္အတြက္ ခြင့္ျပဳခ်က္ေတာင္းခံရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေနရာေတြနဲ႔ပတ္သက္ရင္ ခရီးသြားကုမၸဏီေတြ၊ ဧည့္လမ္းၫႊန္ေတြ၊ ခရီးသြားဧည့္ေတြအေနနဲ႔ ထုတ္ျပန္ခ်က္ကို လိုက္နာေပးဖို႔နဲ႔ ခရီးစဥ္အလိုက္ ေဘးကင္းလုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ လိုအပ္တယ္လို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ေျပာဆိုထားတာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေျမာက္ဦးေဒသ #ႏိုင္ငံျခားသားသြားလာခြင့္ပိတ္

ဇေတါပင

Related posts

Leave a Comment

VOM News

FREE
VIEW