ညလုံးပေါက်ဖွင့်တဲ့ အင်တာနက်ဂိမ်းဆိုင်တွေကို ရှောင်တခင်ဝင်စစ်ဆေးမယ်

ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၉
သိဂီ ၤ(VOM)

ညလုံးပေါက် ဖွင့်နေတဲ့ ရိုးရိုးအင်တာနက်ဂိမ်းဆိုင်တွေကို ညဘက်စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မြို့နယ်တော်တော်များများက အင်တာနက်ဂိမ်းဆိုင်တွေဟာ ညလုံးပေါက်ဖွင့်တဲ့အတွက် လူငယ်အများစုက ညအိပ်ပြီး၂၄ နာရီ ဆော့ကစားတာတွေရှိနေပြီး ဒါတွေဟာ လူငယ်တွေအတွက်ရေရှည်မှာ ဆိုးကျိုးတွေရှိလာနိုင်တဲ့အတွက် အင်တာနက်ဂိမ်းဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး ကြပ်မတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ခုကလေးတွေထဲမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာတွေရှိလာတယ်၊ ဒါကြောင့် တစ်ညလုံးဖွင်တဲ့ ဂိမ်းဆိုင်တွေမှာ ညအိပ်ကစားတာတွေအပေါ် ပြန်စစ်ဖို့ရှိတယ်။ ဂိမ်းဆိုင်တွေမှာက ကလေး သူငယ်များတယ်။ ၅၀ရာခိုင်နှုန်းသော ဂိမ်းဆိုင်တွေက အဲ့ဒီလိုဖြစ်နေတယ်။ “လို့တာမွေမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။

အင်တာနက်ဂိမ်းဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဆွေးနွေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ငါးမန်းဂိမ်းဆိုင်တွေ ဖွင့်လှစ်တာကိုလည်း လက်ခံမှာမဟုတ်ပေမယ့် မြန်မာ့အားကစားကိုအားပေးတဲ့ ဆီးဂိမ်းမှာကစားပြီး ရွှေတံဆိပ်ရတာတွေရှိတဲ့ တချို့ဂိမ်းကစားတာမျိုးကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

“ဂိမ်းဆိုင်တွေ ပိတ်လိုက်ရင် ကောင်းတယ်။ ကလေးတွေက ပိတ်ရက်ဆိုလည်း ဂိမ်းဆိုင်ရောက်။ ကျောင်းပြေးပြီးလည်း ဂိမ်းဆော့တာတွေရှိလာတယ် ။ ပိတ်စေချင်တယ်။” လို့ ကျောင်းသားတစ်ဦး ရဲ့အမေဖြစ်သူ ဒေါ်စန်းစန်းဆိုသူကပြောပါတယ်။

လက်ရှိ အင်တာနက်ဂိမ်းဆိုင်တွေမှာ ဂိမ်းအများဆုံးလာရောက်အသုံးပြုတာ ဆယ်ကျော်သက် ကလေးတွေအများဆုံးဖြစ်ပြီး ကျောင်းနေအရွယ် ကလေးတွေပိုများနေတာပဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ဂိမ်းဆိုင် #ရှောင်တခင်စစ်

Zawgyi

ညလုံးေပါက္ဖြင့္တဲ့ အင္တာနက္ဂိမ္းဆိုင္ေတြကို ေရွာင္တခင္ဝင္စစ္ေဆးမယ္

ရန္ကုန္ ဒီဇင္ဘာ ၁၁-၂၀၁၉
သိဂီ ၤ(VOM)

ညလုံးေပါက္ ဖြင့္ေနတဲ့ ႐ိုး႐ိုးအင္တာနက္ဂိမ္းဆိုင္ေတြကို ညဘက္စစ္ေဆးမႈေတြ ျပဳလုပ္သြားဖို႔ရွိတယ္လို႔ တာေမြၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီကေန သိရပါတယ္။

ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားက အင္တာနက္ဂိမ္းဆိုင္ေတြဟာ ညလုံးေပါက္ဖြင့္တဲ့အတြက္ လူငယ္အမ်ားစုက ညအိပ္ၿပီး၂၄ နာရီ ေဆာ့ကစားတာေတြရွိေနၿပီး ဒါေတြဟာ လူငယ္ေတြအတြက္ေရရွည္မွာ ဆိုးက်ိဳးေတြရွိလာႏိုင္တဲ့အတြက္ အင္တာနက္ဂိမ္းဆိုင္ေတြကို ဝင္ေရာက္စစ္ေဆးၿပီး ၾကပ္မတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ခုကေလးေတြထဲမွာ မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်တာေတြရွိလာတယ္၊ ဒါေၾကာင့္ တစ္ညလုံးဖြင္တဲ့ ဂိမ္းဆိုင္ေတြမွာ ညအိပ္ကစားတာေတြအေပၚ ျပန္စစ္ဖို႔ရွိတယ္။ ဂိမ္းဆိုင္ေတြမွာက ကေလး သူငယ္မ်ားတယ္။ ၅၀ရာခိုင္ႏႈန္းေသာ ဂိမ္းဆိုင္ေတြက အဲ့ဒီလိုျဖစ္ေနတယ္။ “လို႔တာေမြၿမိဳ႕နယ္စည္ပင္ဥကၠ႒ ဦးေအာင္မ်ိဳးလင္းကေျပာပါတယ္။

အင္တာနက္ဂိမ္းဆိုင္ေတြကို ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးတာေတြျပဳလုပ္ဖို႔အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြ နဲ႔ ပူးေပါင္းလုပ္သြားမွာျဖစ္ၿပီး လက္ရွိမွာ ေဆြးေႏြးတာေတြလုပ္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ငါးမန္းဂိမ္းဆိုင္ေတြ ဖြင့္လွစ္တာကိုလည္း လက္ခံမွာမဟုတ္ေပမယ့္ ျမန္မာ့အားကစားကိုအားေပးတဲ့ ဆီးဂိမ္းမွာကစားၿပီး ေ႐ႊတံဆိပ္ရတာေတြရွိတဲ့ တခ်ိဳ႕ဂိမ္းကစားတာမ်ိဳးကိုေတာ့ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

“ဂိမ္းဆိုင္ေတြ ပိတ္လိုက္ရင္ ေကာင္းတယ္။ ကေလးေတြက ပိတ္ရက္ဆိုလည္း ဂိမ္းဆိုင္ေရာက္။ ေက်ာင္းေျပးၿပီးလည္း ဂိမ္းေဆာ့တာေတြရွိလာတယ္ ။ ပိတ္ေစခ်င္တယ္။” လို႔ ေက်ာင္းသားတစ္ဦး ရဲ႕အေမျဖစ္သူ ေဒၚစန္းစန္းဆိုသူကေျပာပါတယ္။

လက္ရွိ အင္တာနက္ဂိမ္းဆိုင္ေတြမွာ ဂိမ္းအမ်ားဆုံးလာေရာက္အသုံးျပဳတာ ဆယ္ေက်ာ္သက္ ကေလးေတြအမ်ားဆုံးျဖစ္ၿပီး ေက်ာင္းေနအ႐ြယ္ ကေလးေတြပိုမ်ားေနတာပဲျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ဂိမ္းဆိုင္ #ေရွာင္တခင္စစ္

Related posts

Leave a Comment

VOM News

FREE
VIEW