ကန်ကြီးထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံကဆန္ဒပြလုပ်သားတွေ တောင်းဆိုချက်မရသေးလို့ အင်အားထပ်တိုး

ကန်ကြီးထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံကဆန္ဒပြလုပ်သားတွေ တောင်းဆိုချက်မရသေးလို့ အင်အားထပ်တိုး

ပုသိမ်၊ ဒီဇင်ဘာ ၁၂-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ က တရုတ်နိုင်ငံသားပိုင် ဟွာမှုန်အထည်ချုပ် စက်ရုံမှာ ဒီဇင်ဘာ ၉ရက်နေ့က အင်အား ၂၀၀ ကျော်နဲ့ စတင်ခဲ့တဲ့ အလုပ်သမားသပိတ်ဟာ ဒီနေ့ ၃ရက်မြောက်နေ့မှာတော့ အင်အား ၆၀၀ ကျော်ဖြစ်လာပါတယ်။

“ပထမနေ့ထက်အင်အားက၂ဆကျော်ဖြစ်လာပြီ သပိတ်စခန်းဖွင့်ထားတော့ မြို့မိမြို့ဖတွေကလည်း စောင့်ရှောက်ပေးကြပါတယ်“တောင်းဆိုချက်တွေ သဘောတူညီမှု မရမခြင်း သပိတ် ဆက် မှောက် သွားမှာ ဖြစ်တယ်” ဟု အလုပ်သမားခေါင်းဆောင် မမေသန္တာကျော်ကပြောပါတယ်။

တိုင်းခုံသမိ အဖွဲ့၏ အငြင်းပွားမှု အမှတ်(၅/၂၀၁၉) ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိတာကြောင့် စက်ရုံ အလုပ်သမားတွေက စက်ရုံဝန်းအတွင်း ထမင်းစားဆောင်မှာစတင်သပိတ်မှောက်ခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ စက်ရုံက သပိတ်မှောက်သူတွေကို စက်ရုံတွင်းပေးမဝင်တာကြောင့် စက်ရုံရှေ့မှာသပိတ်စခန်းဖွင့်ပီး ဆက်လက် တောင်းဆိုမူတွေပြုလုပ်နေတာပါ။

ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ဒုတိယ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ တို့ရောက်ရှိလာပြီး ခုလိုသပိတ်မှောက်နေတာဟာ ငြိမ်းစုစီ ပုဒ်မနဲ့ ငြိစွန်းနေကြောင်း ငြိမ်းစုစီမတင်ပါ က ဥပဒေကြောင်း အရ ဆက်လက် အရေးယူမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“ခုံသမာဓိ အဖွဲ့၏ ဆုံးဖြတ်ကို မကျေနပ်ပါက ၇ ရက် အတွင်း သပိတ်က်ခွင့်ရှိပါတယ်။ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာပါပြီးသား တိုင်းဦးစီးမူးဒေါ်ဌေးဌေးမြင့်ကပြောပြီးသား ဒီကိစ္စကိုအစိုးရနဲ့ အလုပ်ရှင်မှာ တာဝန်အပြည့်အဝရှိတယ်”လို့ သပိတ်ကို ကူညီပေးနေတဲ့အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့တာဝန်ခံ ဒေါ်ခခ က သုံးသပ်ပါတယ်။

စက်ရုံတာဝန်ရှိသူတွေကို အခြေအနေကို သွားရောက်မေးမြန်းပေ့မယ့်ဖြေရှင်းဖို့ငြင်းဆိုခဲ့ပါတယ်။ စက်ရုံအလုပ်သမားတွေကတော့ တောင်းဆိုချက်မရမချင်း သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။ ဟွာမူန်အထည်ချုပ်စက်ရုံဟာ တရုတ်နိင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမားတစ်ထောင်နီးပါး ရှိပါတယ်။

#voiceofmyanmar #ကန်ကြီးထောင့် #ပုသိမ် #ဟွာမှုန်

 

Zawgyi

ကန္ႀကီးေထာင့္ၿမိဳ႕ ဟြာမႈန္ အထည္ခ်ဳပ္ စက္႐ုံကဆႏၵျပလုပ္သားေတြ ေတာင္းဆိုုခ်က္မရေသးလိုု႕ အင္အားထပ္တိုုး

ပုသိမ္၊ ဒီဇင္ဘာ ၁၂-၂၀၁၉
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း ကန္ႀကီးေထာင့္ၿမိဳ႕ က တ႐ုတ္ႏိုင္ငံသားပိုင္ ဟြာမႈန္အထည္ခ်ဳပ္ စက္႐ုံမွာ ဒီဇင္ဘာ ၉ရက္ေန႔က အင္အား ၂၀၀ ေက်ာ္နဲ႕ စတင္ခဲ့တဲ့ အလုုပ္သမားသပိတ္ဟာ ဒီေန႔ ၃ရက္ေျမာက္ေန႔မွာေတာ့ အင္အား ၆၀၀ ေက်ာ္ျဖစ္လာပါတယ္။

“ပထမေန႔ထက္အင္အားက၂ဆေက်ာ္ျဖစ္လာျပီ သပိတ္စခန္းဖြင့္ထားေတာ့ ၿမိဳ႕မိၿမိဳ႕ဖေတြကလည္း ေစာင့္ေရွာက္ေပးၾကပါတယ္“ေတာင္းဆိုခ်က္ေတြ သေဘာတူညီမႈ မရမျခင္း သပိတ္ ဆက္ ေမွာက္ သြားမွာ ျဖစ္တယ္” ဟု အလုပ္သမားေခါင္းေဆာင္ မေမသႏၱာေက်ာ္ကေျပာပါတယ္။

တိုင္းခုံသမိ အဖြဲ႕၏ အျငင္းပြားမႈ အမွတ္(၅/၂၀၁၉) ဆုံးျဖတ္ခ်က္ကို ေက်နပ္မႈ မရွိတာေၾကာင့္ စက္႐ုံ အလုပ္သမားေတြက စက္႐ုံ၀န္းအတြင္း ထမင္းစားေဆာင္မွာစတင္သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ေနာက္ရက္ေတြမွာေတာ့ စက္႐ုံက သပိတ္ေမွာက္သူေတြကို စက္႐ုံတြင္းေပးမဝင္တာေၾကာင့္ စက္႐ုံေရွ႕မွာသပိတ္စခန္းဖြင့္ပီး ဆက္လက္ ေတာင္းဆိုမူေတြျပဳလုပ္ေနတာပါ။

ဒီဇင္ဘာ ၁၁ ရက္ေန႔ နံနက္ပိုင္းက ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ႏွင့္ ဒုတိယ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးျပည့္စုံ တို႔ေရာက္ရွိလာျပီး ခုုလိုုသပိတ္ေမွာက္ေနတာဟာ ၿငိမ္းစုစီ ပုဒ္မနဲ႕ ျငိစြန္းေနေၾကာင္း ၿငိမ္းစုစီမတင္ပါ က ဥပေဒေၾကာင္း အရ ဆက္လက္ အေရးယူမယ္႔အေၾကာင္း ေျပာဆိုုခဲ႕တယ္လိုု႕ အလုပ္သမားေတြကေျပာပါတယ္။

“ခုံသမာဓိ အဖြဲ႕၏ ဆုံးျဖတ္ကို မေက်နပ္ပါက ၇ ရက္ အတြင္း သပိတ္က္ခြင့္ရွိပါတယ္။ ၂၀၁၂ ခုႏွစ္ အလုပ္သမားေရးရာ အျငင္းပြားမႈ ေျဖရွင္းေရး ဥပေဒမွာပါျပီးသား တိုင္းဦးစီးမူးေဒၚေဌးေဌးျမင့္ကေျပာျပီးသား ဒီကိစၥကိုအစိုးရနဲ႔ အလုပ္ရွင္မွာ တာဝန္အျပည့္အဝရွိတယ္”လို႔ သပိတ္ကို ကူညီေပးေနတဲ့အလုပ္သမား အခ်င္းခ်င္း ႐ိုင္းပင္းကူညီေရး အဖြဲ႕တာ၀န္ခံ ေဒၚခခ က သုံးသပ္ပါတယ္။

စက္႐ုံတာဝန္ရွိသူေတြကို အေျခအေနကို သြားေရာက္ေမးျမန္းေပ့မယ့္ေျဖရွင္းဖို႔ျငင္းဆိုခဲ့ပါတယ္။ စက္႐ုံအလုပ္သမားေတြကေတာ့ ေတာင္းဆိုခ်က္မရမခ်င္း သပိတ္ေမွာက္သြားမယ္လိုု႕ ဆိုုပါတယ္။ ဟြာမူန္အထည္ခ်ဳပ္စက္႐ုံဟာ တ႐ုတ္နိင္ငံသားပိုင္ဆိုင္ျပီး အလုပ္သမားတစ္ေထာင္နီးပါး ရွိပါတယ္။

#voiceofmyanmar #ကန္ၾကီးေထာင့္ #ပုုသိမ္ #ဟြာမွဳန္

Related posts

Leave a Comment

VOM News

FREE
VIEW