ဒီမဏိပူရ်ကသည်း လက်နက်ကိုင် အရေးကို ပြင်းပြင်းထန်ထန်ကိုင်တွယ်စေချင်တယ်လို့ တိုက်တွန်း

ရန်ကုန်၊ဒီဇင်ဘာ ၁၂-၂၀၁၉
စွဲ့ဝတီ(VOM)

ဒီမဏိပူရ်ကသည်း လက်နက်ကိုင် အရေးကို တပ်မတော်နဲ့ အစိုးရအနေနဲ့ တိတိကျကျ ပြင်းပြင်းထန်ထန်ကိုင်တွယ်စေချင်တယ်လို့ ဇိုးမီးကျောင်းသား နဲ့ လူငယ်အဖွဲ့အစည်းတွေက တိုက်တွန်းပြောဆိုလိုက်ကြပါတယ်။

ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ အော်ခစ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ တရားမဝင် မဏိပူရ်ကသည်း လက်နက်ကိုင်တစ်ဦးရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ် ၊ တွီးဗျာလ်ဇန်ကျေးရွာ မူလတန်းပြ ဆရာမ လျာဒိမ်လွန်းမန်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောခဲ့ကြတာဖြစ်ပါတယ်။

“ဒီဖြစ်စဉ်တွေက အထူးသဖြင့် နိုင်ငံတော်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်ကွပ်ကဲတဲ့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေထဲဖြစ်ပါတယ်။ အနီးကပ်ကတော့ ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ကွပ်ကဲအောက်မှာရှိပါတယ်။ အုပ်ချုပ်ရေးဘက်မှာတော့ တွန်းဇန်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ အုပ်ချုပ်မူ နယ်နိမိတ်ထဲမှာရှိပါတယ်။ ဒါကြောင့် အဓိက အနောက်မြောက်ပိုင်း စစ်ဌာနချုပ်နဲ့ ကလေး မြို့ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်ကို မေးခွန်းများစွာရှိတယ်။ အုပ်ချုပ်ရေးအနေနဲ့ တွန်းဇန်မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း အများကြီး မေးစရာရှိပါတယ်။ ဒါက ဖြေရှင်းစရာရှိရင်လည်း ဖြေရှင်းပေးစေလိုပါတယ်”လို့ ဇိုးမီးကျောင်းသားနဲ့ လူငယ် အဖွဲ့အစည်း တာဝန်ခံ ပေါင်ကိမ်းတွောင်က ပြောပါတယ်။

ဆရာမ လျာဒိမ်လွန်မန် အသတ်ခံရမူနဲ့ ပတ်သက်ပြီးတော့ အမှန်တရားနဲ့ တရားမျှတမူရရှိဖို့အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီးတော့ ဒီမဏိပူရ်ကသည်း လက်နက်ကိုင်အရေး ဖြေရှင်းပေးဖို့ အစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းတောင်းဆိုသွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။

“ကျောင်းဆရာမ လျာဒိမ်လွန်မန်ကို မင်းမဲ့ စရိုက်ဆန်စွာ သတ်ဖြတ်ခံရခြင်းအပေါ် ချင်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ၂၈ဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၉ရက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း၊ နာရီပိုင်းအတွင်းမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က ဖြေထားတာရှိပါတယ်။ တွန်းဇန်မြို့နယ်အရေး တပ်မတော်အပေါ် တိုက်တွန်းချက်ကို လက်ခံပါတယ်။ တပ်မတော်မှာလည်း တာဝန်ရှိပါတယ်။ ပူးပေါင်းပေးကြပါလို့ ပြောခဲ့တဲ့အပေါ်လက်ခံပါတယ်။ ဒါပေမဲ့ အဲဒါက အပြောပဲ မဟုတ်ဘဲနဲ့ အကောင်အထည်ဖော်ရေးအတွက်ကို တိုက်တွန်းချင်ပါတယ်။ ဒီမဏိပူရ်ကသည်း အရေးကို တိတိကျကျ ပြင်းပြင်းထန်ထန် ကိုင်တွယ်စေချင်ပါတယ်။ အုပ်ချုပ်ရေးက မြင်နေတွေ့နေရက်နေတဲ့ အရေးယူတာဆောင်ရွက်တာ မရှိတာက အံဩစရာလည်းကောင်းတယ်။ ချင်းပြည်နယ်အစိုးရကိုယ်တိုင်က သဘောထားနှစ်ချက်ထွက်နေတယ်။ ကျောင်းဆရာမတွေကို အဓိက တာဝန်ယူရတဲ့ ချင်းပြည်နယ် လူမူရေးဝန်ကြီးက ဘာပြောလဲဆိုတော့ လူမူရေးပြဿနာဖြစ်နေတယ်။ အဖွဲ့အစည်းပြဿနာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ မေးခွန်းထုတ်စရာက အဖွဲ့အစည်းရှိနေလို့ တရားမဝင် လက်နက်ကိုင်နိုင်ငံခြား ဒီမဏိပူရ်ကသည်း တွေ ရှိနေလို့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦး အသက်ဆုံးရှုံးလိုက်ရတယ်ဆိုတာကို တော့ မေးခွန်းပြန်မေးလိုက်ချင်တယ်”လို့ ဇိုးမီးကျောင်းသားနဲ့ လူငယ် အဖွဲ့အစည်း တာဝန်ခံ ပေါင်ကိမ်းတွောင်က ထပ်ပြီးပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်နာယက ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကို ဒီကနေ့မှာ အသနားခံစာ ပေးပို့မယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ဟိုင်ကျင်းကျေးရာအုပ်စု၊ တွီးဗျာလ်ဇန်ကျေးရွာ မူလတန်းကျောင်းမှာ တိုင်းပြည် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ လျာဒိမ်လွန်မန်ကို အိန္ဒိယနိုင်ငံ မဏိပုရ်ပြည်နယ်သား ကသည်းလူမျိုး ‘ဘိနော်’ဆိုသူက နိုဝင်ဘာ ၁၇ရက်ညပိုင်းက သူမရဲ့နေအိမ်ရှေ့မှာပဲ တစ်လုံးပြု သေနတ်နှစ်ချက်နဲ့ ရင်ညွန့်ကို ပစ်တဲ့အတွက် ကျည်ဆန် ဒဏ်ရာ ၈ချက်နဲ့ ရက်စက်စွာ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မဏိပူရ်ကသည်း

Zawgyi

ဒီမဏိပူရ္ကသည္း လက္နက္ကိုင္ အေရးကို ျပင္းျပင္းထန္ထန္ကိုင္တြယ္ေစခ်င္တယ္လို႔ တိုက္တြန္း

ရန္ကုန္၊ဒီဇင္ဘာ ၁၂-၂၀၁၉
စြဲ႕၀တီ(VOM)

ဒီမဏိပူရ္ကသည္း လက္နက္ကိုင္ အေရးကို တပ္မေတာ္နဲ႔ အစိုးရအေနနဲ႔ တိတိက်က် ျပင္းျပင္းထန္ထန္ကိုင္တြယ္ေစခ်င္တယ္လို႔ ဇိုးမီးေက်ာင္းသား နဲ႔ လူငယ္အဖြဲ႕အစည္းေတြက တိုက္တြန္းေျပာဆိုလိုက္ၾကပါတယ္။

ဒီကေန႔မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ေအာ္ခစ္ဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ တရားမဝင္ မဏိပူရ္ကသည္း လက္နက္ကိုင္တစ္ဦးရဲ႕ ရက္စက္စြာ သတ္ျဖတ္ျခင္းခံခဲ့ရတဲ့ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္ ၊ တြီးဗ်ာလ္ဇန္ေက်း႐ြာ မူလတန္းျပ ဆရာမ လ်ာဒိမ္လြန္းမန္နဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ တိုက္တြန္း ေျပာခဲ့ၾကတာျဖစ္ပါတယ္။

“ဒီျဖစ္စဥ္ေတြက အထူးသျဖင့္ ႏိုင္ငံေတာ္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ တိုက္႐ိုက္ကြပ္ကဲတဲ့ အေနာက္ေျမာက္ပိုင္း စစ္ဌာနခ်ဳပ္နယ္ေျမထဲျဖစ္ပါတယ္။ အနီးကပ္ကေတာ့ ကေလးၿမိဳ႕ ေဒသကြပ္ကဲေရး စစ္ဌာနခ်ဳပ္ ကြပ္ကဲေအာက္မွာရွိပါတယ္။ အုပ္ခ်ဳပ္ေရးဘက္မွာေတာ့ တြန္းဇန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ အုပ္ခ်ဳပ္မူ နယ္နိမိတ္ထဲမွာရွိပါတယ္။ ဒါေၾကာင့္ အဓိက အေနာက္ေျမာက္ပိုင္း စစ္ဌာနခ်ဳပ္နဲ႔ ကေလး ၿမိဳ႕ေဒသကြပ္ကြဲေရး စစ္ဌာနခ်ဳပ္ကို ေမးခြန္းမ်ားစြာရွိတယ္။ အုပ္ခ်ဳပ္ေရးအေနနဲ႔ တြန္းဇန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးကိုလည္း အမ်ားႀကီး ေမးစရာရွိပါတယ္။ ဒါက ေျဖရွင္းစရာရွိရင္လည္း ေျဖရွင္းေပးေစလိုပါတယ္”လို႔ ဇိုးမီးေက်ာင္းသားနဲ႔ လူငယ္ အဖြဲ႕အစည္း တာဝန္ခံ ေပါင္ကိမ္းေတြာင္က ေျပာပါတယ္။

ဆရာမ လ်ာဒိမ္လြန္မန္ အသတ္ခံရမူနဲ႔ ပတ္သက္ၿပီးေတာ့ အမွန္တရားနဲ႔ တရားမွ်တမူရရွိဖို႔အတြက္ ဆက္လက္ႀကိဳးစားသြားမွာျဖစ္ၿပီးေတာ့ ဒီမဏိပူရ္ကသည္း လက္နက္ကိုင္အေရး ေျဖရွင္းေပးဖို႔ အစိုးရနဲ႔ တပ္မေတာ္ကို တိုက္တြန္းေတာင္းဆိုသြားမွာျဖစ္ပါတယ္လို႔ သိရပါတယ္။

“ေက်ာင္းဆရာမ လ်ာဒိမ္လြန္မန္ကို မင္းမဲ့ စ႐ိုက္ဆန္စြာ သတ္ျဖတ္ခံရျခင္းအေပၚ ခ်င္းျပည္နယ္ အရပ္ဘက္အဖြဲ႕အစည္း ၂၈ဖြဲ႕ရဲ႕ သေဘာထား ထုတ္ျပန္ခ်က္ကို ႏိုဝင္ဘာ ၁၉ရက္က ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း၊ နာရီပိုင္းအတြင္းမွာ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ေကာ္မတီအတြင္းေရးမႉး ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္း က ေျဖထားတာရွိပါတယ္။ တြန္းဇန္ၿမိဳ႕နယ္အေရး တပ္မေတာ္အေပၚ တိုက္တြန္းခ်က္ကို လက္ခံပါတယ္။ တပ္မေတာ္မွာလည္း တာဝန္ရွိပါတယ္။ ပူးေပါင္းေပးၾကပါလို႔ ေျပာခဲ့တဲ့အေပၚလက္ခံပါတယ္။ ဒါေပမဲ့ အဲဒါက အေျပာပဲ မဟုတ္ဘဲနဲ႔ အေကာင္အထည္ေဖာ္ေရးအတြက္ကို တိုက္တြန္းခ်င္ပါတယ္။ ဒီမဏိပူရ္ကသည္း အေရးကို တိတိက်က် ျပင္းျပင္းထန္ထန္ ကိုင္တြယ္ေစခ်င္ပါတယ္။ အုပ္ခ်ဳပ္ေရးက ျမင္ေနေတြ႕ေနရက္ေနတဲ့ အေရးယူတာေဆာင္႐ြက္တာ မရွိတာက အံဩစရာလည္းေကာင္းတယ္။ ခ်င္းျပည္နယ္အစိုးရကိုယ္တိုင္က သေဘာထားႏွစ္ခ်က္ထြက္ေနတယ္။ ေက်ာင္းဆရာမေတြကို အဓိက တာဝန္ယူရတဲ့ ခ်င္းျပည္နယ္ လူမူေရးဝန္ႀကီးက ဘာေျပာလဲဆိုေတာ့ လူမူေရးျပႆနာျဖစ္ေနတယ္။ အဖြဲ႕အစည္းျပႆနာ မဟုတ္ဘူးလို႔ေျပာခဲ့တယ္။ ေမးခြန္းထုတ္စရာက အဖြဲ႕အစည္းရွိေနလို႔ တရားမဝင္ လက္နက္ကိုင္ႏိုင္ငံျခား ဒီမဏိပူရ္ကသည္း ေတြ ရွိေနလို႔ တိုင္းျပည္အတြက္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမတစ္ဦး အသက္ဆုံးရႈံးလိုက္ရတယ္ဆိုတာကို ေတာ့ ေမးခြန္းျပန္ေမးလိုက္ခ်င္တယ္”လို႔ ဇိုးမီးေက်ာင္းသားနဲ႔ လူငယ္ အဖြဲ႕အစည္း တာဝန္ခံ ေပါင္ကိမ္းေတြာင္က ထပ္ၿပီးေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္အပါအဝင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ျပည္ေထာင္စုလႊတ္ေတာ္နာယက၊ အမ်ိဳးသားလႊတ္ေတာ္နာယက ၊ စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ၊ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံး ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံးကို ဒီကေန႔မွာ အသနားခံစာ ေပးပို႔မယ္လို႔လည္း သိရပါတယ္။

ခ်င္းျပည္နယ္၊ တြန္းဇန္ၿမိဳ႕နယ္၊ ဟိုင္က်င္းေက်းရာအုပ္စု၊ တြီးဗ်ာလ္ဇန္ေက်း႐ြာ မူလတန္းေက်ာင္းမွာ တိုင္းျပည္ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမ လ်ာဒိမ္လြန္မန္ကို အိႏၵိယႏိုင္ငံ မဏိပုရ္ျပည္နယ္သား ကသည္းလူမ်ိဳး ‘ဘိေနာ္’ဆိုသူက ႏိုဝင္ဘာ ၁၇ရက္ညပိုင္းက သူမရဲ႕ေနအိမ္ေရွ႕မွာပဲ တစ္လုံးျပဳ ေသနတ္ႏွစ္ခ်က္နဲ႔ ရင္ၫြန႔္ကို ပစ္တဲ့့အတြက္ က်ည္ဆန္ ဒဏ္ရာ ၈ခ်က္နဲ႔ ရက္စက္စြာ သတ္ျဖတ္ခံရတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #မဏိပူရ္ကသည္း

Related posts

Leave a Comment

VOM News

FREE
VIEW