ကျောက်မျက်ရတနာထွက်တဲ့ မိုးကုတ်မှာ စီးပွားရေးကျပ်တည်းနေ

မန္တလေး၊ ဒီဇင်ဘာ ၁၄ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

ပတ္တမြား၊ နီလာအစရှိတဲ့ ကျောက်မျက်ရတနာထွက်ရှိရာ မိုးကုတ်မြို့မှာ စီးပွားရေးကျပ်တည်းနေပြီလို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

“ မြို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီရဲ့ အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာသလဲဆိုရင် မြို့မှာ စီးပွားရေး ကျပ်တည်းတဲ့အခါကြတော့ ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးတွေ အစားထိုးလာတယ်” လို့ မိုးကုတ်မြို့နေ ကျောက်မျက်ရတနာအကြံပေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်က ပြောပါတယ်။

လူငယ်အများစုဟာ မူးယစ်ဆေးရောင်းဝယ်လာကြပြီး ငွေရှာလာကြတဲ့အပြင် ဆိုင်ကယ်ခိုးမှုတွေလည်း များလာတယ်လို့ သိရပါတယ်။

ဒီလိုအကျိုးဆက်တွေ ဖြစ်လာတာဟာ မိုးကုတ်ဒေသခံတွေအတွက် ကျောက်မျက်တူးဖော်ဖို့ နေရာမရရှိတာ၊ လုပ်ကွက်မရရှိတာ စတဲ့အကြောင်းတရားတွေကြောင့် မိုးကုတ်မြို့နေပြည်သူတွေအတွက် အဆင်မပြေတော့တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

“ လုပ်ပိုင်ခွင့်တွေက အပြည့်အဝမရဘူးဆိုရင်တောင် လုပ်ငန်းရှင်က သုံးချိုးလောက်ယူပြီး၊ ဒေသခံတွေအတွက် တစ်ချိုးလောက် လုပ်စားပိုင်ခွင့်ရမယ်ဆိုရင် ကျွန်မတို့အတွက် အသက်ရှုချောင်မှာပါ”လို့ မိုးကုတ်ဒေသခံဖြစ်တဲ့ ဒေါ်ယဉ်ယဉ်မေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မိုးကုတ်မြို့ဟာ ဒေသခံလက်လုပ်လက်စား ကျောက်ရှာဖွေသူတွေအတွက် လုပ်ကွက်ချထားရေးနဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်ပေါ်နေပါတယ်။
“ အခု ချထားပေးမယ်ဆိုတဲ့ နေရာတွေက ကျောက်ထွက်တယ်ဆိုတာ မရှိသလောက်ပဲ။ ကျွန်မတို့ လိုချင်တာက ကျောက်ထွက်နိုင်မယ့်နေရာတွေကို လိုချင်တာ” လို့ ဒေါ်ယဉ်ယဉ်မေက ပြောပါတယ်။

မိုးကုတ်မြို့မှာ အကျိုးတူကျောက်တူးဖော်ရေးလုပ်ငန်းတွေအပြင် တနိုင်တပိုင်ကျောက်တူးဖော်ရေးတွေလည်း မလုပ်ရတာကြောင့် ကျောက်ထွက်နှုန်းတွေ ကျဆင်းနေပြီး အရောင်းအဝယ်လည်း ပါးနေတယ်လို့ ကျောက်ကုန်သည်တချို့က ပြောပါတယ်။

“ကျောက်ထွက်ရှိမယ့်နေရာတွေမှာ လက်လုပ်လက်စားတွေကို ပေးဖို့ဆိုရင်တော့ ကန့်ကွက်စရာမရှိပါဘူး။ သဘောတူပါတယ်။ ၂၅ ရာခိုင်နှုန်းဖြစ်ဖြစ်၊ ၃၀ ရာခိုင်နှုန်းဖြစ်ဖြစ် ခွဲဝေပေးနိုင်ရင်တော့ ပိုကောင်းပါတယ်” လို့ ပတ္တမြား၊ နဂါး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိုးကုတ်မြို့နယ်ခရီးစဉ်အတွင်း လက်လုပ်လက်စားတွေအတွက် လုပ်ကွက်ချထားရေးကိစ္စရပ်နဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #စီးပွားရေး

Zawgyi

ေက်ာက္မ်က္ရတနာထြက္တဲ့ မိုးကုတ္မွာ စီးပြားေရးက်ပ္တည္းေန

မႏၲေလး၊ ဒီဇင္ဘာ ၁၄ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ပတၱျမား၊ နီလာအစရွိတဲ့ ေက်ာက္မ်က္ရတနာထြက္ရွိရာ မိုးကုတ္ၿမိဳ႕မွာ စီးပြားေရးက်ပ္တည္းေနၿပီလို႔ မိုးကုတ္ေဒသခံေတြက ေျပာပါတယ္။

“ ၿမိဳ႕မွာ အခက္အခဲေတြ အမ်ားႀကီးရွိတယ္။ ဒီရဲ႕ အက်ိဳးသက္ေရာက္မႈက ဘာေတြျဖစ္လာသလဲဆိုရင္ ၿမိဳ႕မွာ စီးပြားေရး က်ပ္တည္းတဲ့အခါၾကေတာ့ ထြက္ေပါက္အေနနဲ႔ မူးယစ္ေဆးေတြ အစားထိုးလာတယ္” လို႔ မိုးကုတ္ၿမိဳ႕ေန ေက်ာက္မ်က္ရတနာအႀကံေပးေကာ္မတီအဖြဲ႕ဝင္ ဦးစိုးျမင့္က ေျပာပါတယ္။

လူငယ္အမ်ားစုဟာ မူးယစ္ေဆးေရာင္းဝယ္လာၾကၿပီး ေငြရွာလာၾကတဲ့အျပင္ ဆိုင္ကယ္ခိုးမႈေတြလည္း မ်ားလာတယ္လို႔ သိရပါတယ္။

ဒီလိုအက်ိဳးဆက္ေတြ ျဖစ္လာတာဟာ မိုးကုတ္ေဒသခံေတြအတြက္ ေက်ာက္မ်က္တူးေဖာ္ဖို႔ ေနရာမရရွိတာ၊ လုပ္ကြက္မရရွိတာ စတဲ့အေၾကာင္းတရားေတြေၾကာင့္ မိုးကုတ္ၿမိဳ႕ေနျပည္သူေတြအတြက္ အဆင္မေျပေတာ့တဲ့ အေျခအေနျဖစ္ေနတယ္လို႔ သိရပါတယ္။

“ လုပ္ပိုင္ခြင့္ေတြက အျပည့္အဝမရဘူးဆိုရင္ေတာင္ လုပ္ငန္းရွင္က သုံးခ်ိဳးေလာက္ယူၿပီး၊ ေဒသခံေတြအတြက္ တစ္ခ်ိဳးေလာက္ လုပ္စားပိုင္ခြင့္ရမယ္ဆိုရင္ ကြၽန္မတို႔အတြက္ အသက္ရႈေခ်ာင္မွာပါ”လို႔ မိုးကုတ္ေဒသခံျဖစ္တဲ့ ေဒၚယဥ္ယဥ္ေမက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မိုးကုတ္ၿမိဳ႕ဟာ ေဒသခံလက္လုပ္လက္စား ေက်ာက္ရွာေဖြသူေတြအတြက္ လုပ္ကြက္ခ်ထားေရးနဲ႔ပတ္သက္ၿပီး ျပႆနာ ျဖစ္ေပၚေနပါတယ္။
“ အခု ခ်ထားေပးမယ္ဆိုတဲ့ ေနရာေတြက ေက်ာက္ထြက္တယ္ဆိုတာ မရွိသေလာက္ပဲ။ ကြၽန္မတို႔ လိုခ်င္တာက ေက်ာက္ထြက္ႏိုင္မယ့္ေနရာေတြကို လိုခ်င္တာ” လို႔ ေဒၚယဥ္ယဥ္ေမက ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕မွာ အက်ိဳးတူေက်ာက္တူးေဖာ္ေရးလုပ္ငန္းေတြအျပင္ တႏိုင္တပိုင္ေက်ာက္တူးေဖာ္ေရးေတြလည္း မလုပ္ရတာေၾကာင့္ ေက်ာက္ထြက္ႏႈန္းေတြ က်ဆင္းေနၿပီး အေရာင္းအဝယ္လည္း ပါးေနတယ္လို႔ ေက်ာက္ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။

“ေက်ာက္ထြက္ရွိမယ့္ေနရာေတြမွာ လက္လုပ္လက္စားေတြကို ေပးဖို႔ဆိုရင္ေတာ့ ကန႔္ကြက္စရာမရွိပါဘူး။ သေဘာတူပါတယ္။ ၂၅ ရာခိုင္ႏႈန္းျဖစ္ျဖစ္၊ ၃၀ ရာခိုင္ႏႈန္းျဖစ္ျဖစ္ ခြဲေဝေပးႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္” လို႔ ပတၱျမား၊ နဂါး ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီရဲ႕ ဒါ႐ိုက္တာ ဦးထြန္းဝင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့လက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မိုးကုတ္ၿမိဳ႕နယ္ခရီးစဥ္အတြင္း လက္လုပ္လက္စားေတြအတြက္ လုပ္ကြက္ခ်ထားေရးကိစၥရပ္နဲ႔ပတ္သက္လို႔ ဆႏၵထုတ္ေဖာ္တာေတြ ျဖစ္ေပၚခဲ့ပါတယ္။

#voiceofmyanmar #VOM #မိုးကုတ္ #စီးပြားေရး

Related posts

Leave a Comment

VOM News

FREE
VIEW