နီပေါမှာ ဘုရားဖူးဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးသေဆုံး

Unicode

နီပေါမှာ ဘုရားဖူးဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦးသေဆုံး

ခတ္တမန္ဒူ ၊ ဒီဇင်ဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

နီပေါနိုင်ငံ ဆင်ဒူပူချော့ခရိုင်မှာ ဒီဇင်ဘာ ၁၅ ရက်ကဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ မတော်တဆမှုဟာ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီ ဒိုလာခါခါဒီချော-ဂျီရီလမ်းပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်ကာ မီတာ ၅၀၀ အနက်ရှိချောက်အတွင်းကို ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ခြင်းမရှိသေးပါဘူး။ ဘတ်စ်ကားဟာ ကာလင်ချော့ဘုရားကျောင်းမှ ဘုရားဖူးတွေကို ပြန်လည်ခေါ်ဆောင်လာစဉ် တိမ်းမှောက်သွားခြင်းဖြစ်ပါတယ်။

ဘတ်စ်ကားတိမ်းမှောက်ချိန်မှာ ကားပေါ်မှာ လူ ၄၀ ဦးကို တင်ဆောင်ထားပြီး ဒါဏ်ရာရရှိသူတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရပါတယ်။

မတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှု များပြားလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဘတ်စ်ကားမောင်းသူကတော့ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးသွားခဲ့ပြီး သူ့ရဲ့လက်ထောက်ဖြစ်သူမှာ ဒါဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref :India Today
Photo :ANI

#voiceofmyanmar #VOM #နီပေါ #ဘုရားဖူးဘတ်စ်ကားတိမ်းမှောက်

Zawgyi

နီေပါမွာ ဘုရားဖူးဘတ္စ္ကား တိမ္းေမွာက္မႈေၾကာင္႔ လူ ၁၄ ဦးေသဆံုး

ခတၱမႏၵဴ ၊ ဒီဇင္ဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

နီေပါနုိင္ငံ ဆင္ဒူပူေခ်ာ႔ခရိုင္မွာ ဒီဇင္ဘာ ၁၅ ရက္ကျဖစ္ပြားခဲ႔တဲ႔ ဘတ္စ္ကားမေတာ္တဆမႈေၾကာင္႔ လူ ၁၄ ဦးေသဆံုးျပီး ဒါဇင္ေပါင္းမ်ားစြာ ဒါဏ္ရာရရိွသြားတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

အဲဒီ မေတာ္တဆမႈဟာ ဒီဇင္ဘာ ၁၅ ရက္နံနက္ပိုင္းက ျဖစ္ပြားခဲ႔တာျဖစ္ျပီ ဒိုလာခါခါဒီေခ်ာ-ဂ်ီရီလမ္းပိုင္းမွာ ဘတ္စ္ကားတိမ္းေမွာက္ကာ မီတာ ၅၀၀ အနက္ရိွေခ်ာက္အတြင္းကို ထိုးက်သြားခဲ႔တာျဖစ္ပါတယ္။

လက္ရိွမွာေတာ႔ ေသဆံုးသူေတြကို ဘယ္သူဘယ္၀ါ ခြဲျခားနုိင္ျခင္းမရိွေသးပါဘူး။ ဘတ္စ္ကားဟာ ကာလင္ေခ်ာ႔ဘုရားေက်ာင္းမွ ဘုရားဖူးေတြကို ျပန္လည္ေခၚေဆာင္လာစဥ္ တိမ္းေမွာက္သြားျခင္းျဖစ္ပါတယ္။

ဘတ္စ္ကားတိမ္းေမွာက္ခ်ိန္မွာ ကားေပၚမွာ လူ ၄၀ ဦးကို တင္ေဆာင္ထားျပီး ဒါဏ္ရာရရိွသူေတြကို ေဒသခံေတြနဲ႔ ကယ္ဆယ္ေရးလုပ္သားေတြက နီးစပ္ရာေဆးရံုေတြကို ပို႔ေဆာင္ေပးခဲ႔ရပါတယ္။

မေတာ္တဆမႈေၾကာင္႔ ထိခိုက္ေသဆံုးမႈ မ်ားျပားလာနုိင္တယ္လို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။ ဘတ္စ္ကားေမာင္းသူကေတာ႔ အခင္းျဖစ္ရာေနရာကေန ထြက္ေျပးသြားခဲ႔ျပီး သူ႔ရဲ႕လက္ေထာက္ျဖစ္သူမွာ ဒါဏ္ရာအျပင္းအထန္ရရိွသြားတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

Ref :India Today
Photo :ANI

#voiceofmyanmar #VOM #နီေပါ #ဘုုရားဖူးဘတ္စ္ကားတိမ္းေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW