သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်အရေးယူဖို့ အမေရိကန်အောက်လွှတ်တော်ဆုံးဖြတ်

ဝါရှင်တန်၊ ဒီဇင်ဘာ -၁၉၊ ၂၀၁၉
မျိုးဆက် (VOM)

သမ္မတဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်အရေးယူရေးအတွက် အမေရိကန်အောက်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်တာကြောင့် သူဟာ အမေရိကန်သမိုင်းမှာ စွပ်စွဲပြစ်တင်ခံရတဲ့ တတိယမြောက် သမ္မတဖြစ်လာပါတယ်။

အောက်လွှတ်တော်က ဒီလိုအတည်ပြုလိုက်ပြီးနောက် ဒေါ်နယ်ထရန့် သမ္မတရာထူး ဆက်လက်ထမ်းဆောင်ခွင့်ရှိ မရှိဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်မှာ ဆက်လက်ကြားနာသွားမှာဖြစ်ပါတယ်။

သမ္မတထရန့်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက်တစ်ဦးဖြစ်သူ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးပေးဖို့ သမ္မတအာဏာအလွဲသုံးစွာလုပ်ကာ ယူကရိန်းကို ဖိအားပေးခဲ့ပြီး ကွန်ဂရက်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဟန့်တားနှောင့်ယှက်ခဲ့တာကြောင့် သူ့ကိုစွပ်စွဲပြစ်တင် အရေးယူဖို့လုပ်ဆောင်ရတာဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက ပြောပါတယ်။

မဲခွဲမှုပြုရာမှာ ဒီမိုကရက်တစ်အမတ်တွေအားလုံးက ထောက်ခံမဲပေးခဲ့ပြီး ရီပတ်ဘလီကန်အမတ်တွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။

စွဲချက်နှစ်ခုအနက် သမ္မတအာဏာအလွဲသုံးစွဲမှုမှာ ထောက်ခံမဲ ၂၃၀ ၊ကန့်ကွက်မဲ ၁၉၇ မဲ၊ ကွန်ဂရက်ရဲ့လုပ်ငန်းတွေကို တားမြစ်ပိတ်ဆို့မှု စွဲချက်အတွက် ထောက်ခံမဲ ၂၂၉ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲနဲ အောက်လွှတ်တော်က အတည်ပြုခဲ့တာပါ။

အမေရိကန်သမိုင်းမှာတော့ သမ္မတတစ်ဦးအပေါ် စွပ်စွဲပြစ်တင်အရေးခံခဲ့ရတဲ့ သမ္မတတွေကတော့ ဒေါ်နယ်ထရန့် မတိုင်မီ သမ္မတ အန်ဒရူးဂျွန်ဆင်နဲ့ ဘီလ်ကလင်တန်တို့ဖြစ်ပါတယ်။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #အမေရိကန် #ဒေါ်နယ်ထရန့်

Zawgyi

သမၼတေဒၚနယ္ထရန္႔ကို စြပ္စြဲျပစ္တင္အေရးယူဖို႔ အေမရိကန္ေအာက္လႊတ္ေတာ္ဆံုးျဖတ္

၀ါရွင္တန္၊ ဒီဇင္ဘာ -၁၉၊ ၂၀၁၉
မ်ိဳးဆက္ (VOM)

သမၼတေဒၚနယ္ထရန္႔ကို စြပ္စြဲျပစ္တင္အေရးယူေရးအတြက္ အေမရိကန္ေအာက္လႊတ္ေတာ္က အတည္ျပဳဆံုးျဖတ္လိုက္တာေၾကာင္႔ သူဟာ အေမရိကန္သမိုင္းမွာ စြပ္စြဲျပစ္တင္ခံရတဲ႔ တတိယေျမာက္ သမၼတျဖစ္လာပါတယ္။

ေအာက္လႊတ္ေတာ္က ဒီလိုအတည္ျပဳလိုက္ျပီးေနာက္ ေဒၚနယ္ထရန္႔ သမၼတရာထူး ဆက္လက္ထမ္းေဆာင္ခြင္႔ရိွ မရိွဆိုတဲ႔ ဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ျပီး အေမရိကန္အထက္လႊတ္ေတာ္မွာ ဆက္လက္ၾကားနာသြားမွာျဖစ္ပါတယ္။

သမၼတထရန္႔ဟာ ၂၀၂၀ ျပည့္ႏွစ္ သမၼတေ႐ြးေကာက္ပြဲမွာ သူ႕ၿပိဳင္ဘက္တစ္ဦးျဖစ္သူ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္အေပၚ စုံစမ္းစစ္ေဆးေပးဖို႔ သမၼတအာဏာအလြဲသံုးစြာလုပ္ကာ ယူကရိန္းကို ဖိအားေပးခဲ့ၿပီး ကြန္ဂရက္ရဲ႕ စုံစမ္းစစ္ေဆးမႈေတြကိုလည္း ဟန္႔တားေႏွာင့္ယွက္ခဲ့တာေၾကာင္႔ သူ႔ကိုစြပ္စြဲျပစ္တင္ အေရးယူဖို႔လုပ္ေဆာင္ရတာျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠဌ နန္စီပလိုစီက ေျပာပါတယ္။

မဲခြဲမႈျပဳရာမွာ ဒီမိုကရက္တစ္အမတ္ေတြအားလံုးက ေထာက္ခံမဲေပးခဲ႔ျပီး ရီပတ္ဘလီကန္အမတ္ေတြကေတာ႔ ကန္႔ကြက္ခဲ႔ၾကပါတယ္။

စြဲခ်က္နွစ္ခုအနက္ သမၼတအာဏာအလြဲသံုးစြဲမႈမွာ ေထာက္ခံမဲ ၂၃၀ ၊ကန္႔ကြက္မဲ ၁၉၇ မဲ၊ ကြန္ဂရက္ရဲ႕လုပ္ငန္းေတြကို တားျမစ္ပိတ္ဆို႔မႈ စြဲခ်က္အတြက္ ေထာက္ခံမဲ ၂၂၉ မဲ၊ ကန္႔ကြက္မဲ ၁၉၈ မဲနဲ ေအာက္လႊတ္ေတာ္က အတည္ျပဳခဲ႔တာပါ။

အေမရိကန္သမိုင္းမွာေတာ႔ သမၼတတစ္ဦးအေပၚ စြပ္စြဲျပစ္တင္အေရးခံခဲ႔ရတဲ႔ သမၼတေတြကေတာ႔ ေဒၚနယ္ထရန္႔ မတိုင္မီ သမၼတ အန္ဒရူးဂြ်န္ဆင္နဲ႔ ဘီလ္ကလင္တန္တို႔ျဖစ္ပါတယ္။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #အေမရိကန္ #ေဒၚနယ္ထရန္႔

Related posts

Leave a Comment

VOM News

FREE
VIEW