အင်ဒိုနီးရှားမှာ အာဖရိကဝက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့နေ

ဂျကာတာ၊ ဒီဇင်ဘာ-၁၉-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ရာ ကူးစက်ပျံ့နှံ့နေပြီး အာရှဒေသတစ်ဝန်းမှာ ဝက်တွေသေဆုံးပြီး လယ်သမားတွေကို ထိခိုက်စေတဲ့ အာဖရိကဝက်တုပ်ကွေးဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရသော နောက်ဆုံးအာရှနိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။

အနောက်ဆူမာတြားဒေသမှာတော့ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့် ဝက်ကောင်ရေ ၃၀၀၀၀ နီးပါးသေဆုံးသွားတယ်လို့ အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီရောဂါကြောင့် တရုတ်နိုင်ငံမှာ ဝက်ကောင်ရေထက်ဝက်ကျော် သေဆုံးဖွယ် ရှိနေပါတယ်။

သြစတြေးနိုင်ငံဟာလည်း ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုေွ မြင့်တက်နေကာ ဇီဝလုံခြုံရေး အစီအမံတွေ တိုးမြင့်လုပ်ဆောင်နေပါတယ်။

အာဖရိကဝက်တုပ်ကွေးရောဂါဟာ လူသားတွေအတွက် အန္တရာယ်မရှိပေမယ့်လည်း ရက်အနည်းငယ်အတွင်း ဝက်တွေကို သေစေနိုင်ပြီး ရောဂါဖြစ်ပွားပါက သေဆုံးနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီရောဂါပိုးဟာ အလွန်အသက်ပြင်းပြီး ကပ်ပါးခိုစရာမရှိပဲ ခုနစ်ရက်အသက်ရှင်နိုင်ကာ အေးခဲဝက်သားထုတ်ကုန်တွေမှာတော့ လပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။

ရောဂါကြောင့် လက်ရှိအချိန်ထိတရုတ်နိုင်ငံမှာ အကြီးအကျယ်ထိခိုက်နေပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ရောဂါကူးစက်ပြန့်နှံ့နေတာတွေကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #ဂျကာတာ #ဝက်တုပ်ကွေး

Zawgyi

အင္ဒိုနီးရွားမွာ အာဖရိက၀က္တုပ္ေကြးေရာဂါ စိုးရိမ္ဖြယ္ကူးစက္ပ်ံ႕နွံ႕ေန

ဂ်ကာတာ၊ ဒီဇင္ဘာ-၁၉-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနိုင္ငံမွာ အာဖရိက၀က္တုပ္ေကြးေရာဂါ စိုးရိမ္ဖြယ္ရာ ကူးစက္ပ်ံ႕နွံ႔ေနျပီး အာရွေဒသတစ္၀န္းမွာ ၀က္ေတြေသဆံုးျပီး လယ္သမားေတြကို ထိခိုက္ေစတဲ႔ အာဖရိက၀က္တုပ္ေကြးျဖစ္ပြားမႈနဲ႔ ရင္ဆုိင္ေနရေသာ ေနာက္ဆံုးအာရွနိုင္ငံတစ္နုိင္ငံျဖစ္လာပါတယ္။

အေနာက္ဆူမာၾတားေဒသမွာေတာ႔ အာဖရိက၀က္တုပ္ေကြးေရာဂါေၾကာင္႔ ၀က္ေကာင္ေရ ၃၀၀၀၀ နီးပါးေသဆံုးသြားတယ္လို႔ အင္ဒိုနီးရွားစိုက္ပ်ိဳးေရး၀န္ၾကီးဌာနက ဒီဇင္ဘာ ၁၈ ရက္မွာ ထုတ္ျပန္ပါတယ္။

အဲဒီေရာဂါေၾကာင္႔ တရုတ္နုိ္င္ငံမွာ ၀က္ေကာင္ေရထက္၀က္ေက်ာ္ ေသဆံုးဖြယ္ ရိွေနပါတယ္။

ၾသစေၾတးနိုင္ငံဟာလည္း ေရာဂါန႔ဲပတ္သက္ျပီး စိုးရိမ္ပူပန္မႈေြ ျမင္႔တက္ေနကာ ဇီ၀လံုျခံဳေရး အစီအမံေတြ တိုးျမင္႔လုပ္ေဆာင္ေနပါတယ္။

အာဖရိက၀က္တုပ္ေကြးေရာဂါဟာ လူသားေတြအတြက္ အႏၱရာယ္မရိွေပမယ္႔လည္း ရက္အနည္းငယ္အတြင္း ၀က္ေတြကို ေသေစနုိင္ျပီး ေရာဂါျဖစ္ပြားပါက ေသဆံုးနိုင္ေျခ ၁၀၀ ရာခိုင္နႈန္းရွိတယ္လို႔ ကမၻာ႔လံုးဆိုင္ရာ တိရိစာၦန္က်န္းမာေရးအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဒီေရာဂါပိုးဟာ အလြန္အသက္ျပင္းျပီး ကပ္ပါးခိုစရာမရိွပဲ ခုနစ္ရက္အသက္ရွင္နိုင္ကာ ေအးခဲ၀က္သားထုတ္ကုန္ေတြမွာေတာ႔ လေပါင္းမ်ားစြာ အသက္ရွင္ေနနိုင္ပါတယ္။

ေရာဂါေၾကာင္႔ လက္ရိွအခ်ိန္ထိတရုတ္နုိင္ငံမွာ အၾကီးအက်ယ္ထိခိုက္ေနျပီး အေရွ႕ေတာင္အာရွနိုင္ငံေတြကို ေရာဂါကူးစက္ျပန္႔နွံ႕ေနတာေတြကလည္း စိုးရိမ္စရာျဖစ္ေနပါတယ္။

Ref : BBC Photo : Getty Images
#VOM #voiceofmyanmar #ဂ်ကာတာ #ဝက္တုပ္ေကြး

Related posts

Leave a Comment

VOM News

FREE
VIEW