JICM အစည်းအဝေးကျင်းပနိုင်‌ရေးအတွက် ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးစိုင်းငင်းပြောဆို

ချင်းမိုင်၊ ဒီဇင်ဘာ ၁၉ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပနိုင်ရေးအတွက် ကောင်းမွန်တဲ့ပြင်ဆင်မှုကို ပြုလုပ်နိုင်ခဲ့ပြီလို့ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုလိုက်ပါတယ်။

NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး (တတိယအကြိမ်)ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေး နိဂုံးချုပ်အမှာစကားကို အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြားရာမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေများကို လက်တွေ့ကျကျ ဆန်းစစ် သုံးသပ်နိုင်ခဲ့လို့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ရာမှာ များစွာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် JICM အစည်းအဝေးကျင်းပရေး ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးအတွက်လည်း ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ရေးဆွဲချမှတ်နိုင်ခဲ့တာဟာ အားလုံးရဲ့ အကျေအလည် ဆွေးနွေးမှု၊ စိတ်ရှည်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အားလုံးအကျိုးကို ရှေ့တန်းတင်နိုင်မှုတို့ကြောင့်ပဲ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

“လာမယ့် ၂၀၂၀ ခုနှစ်အတွင်း ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ညှိနှိုင်းရေးအဖွဲ့တွေအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ၊ အားမာန်သစ်တွေ ထပ်ဆောင်းပေးနိုင်ခဲ့လို့ လာမယ့် ငြိမ်းချမ်းရေးရှေ့ခရီးမှာ ကြုံတွေ့မယ့် အခက်အခဲတွေကို ကျော်လွှားသွားနိုင်ဖို့ ယုံကြည်တယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

လာမယ့် JICM အစည်းအဝေးကျင်းပရေး ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးမှာရော တစ်ဆို့မှု ကျော်လွှားရေး ညှိနှိုင်းရေးအစည်းအဝေးတွေမှာပါ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်ရရှိအောင် ကြိုးပမ်းသွားဖို့ အားလုံးမှာ တာဝန်ရှိပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေကို အခြေခံကာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ချင်းမိုင် #ဗိုလ်မှူးကြီးစိုင်းငင်း

Zawgyi

JICM အစည္းအေဝးက်င္းပႏိုင္‌ေရးအတြက္ ေကာင္းေကာင္းျပင္ဆင္ႏိုင္ခဲ့ၿပီလို႔ ဗိုလ္မႉးႀကီးစိုင္းငင္းေျပာဆို

ခ်င္းမိုင္၊ ဒီဇင္ဘာ ၁၉ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး(JICM) က်င္းပႏိုင္ေရးအတြက္ ေကာင္းမြန္တဲ့ျပင္ဆင္မႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီလို႔ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာဆိုလိုက္ပါတယ္။

NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား (NCA-S EAO) ရဲ႕ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ညႇိႏႈိင္းေရးအဖြဲ႕ အစည္းအေဝး (တတိယအႀကိမ္)ကို ဒီဇင္ဘာလ ၁၅ ရက္ေန႔ကေန ဒီဇင္ဘာ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

အဲဒီအစည္းအေဝး နိဂုံးခ်ဳပ္အမွာစကားကို အဖြဲ႕ေခါင္းေဆာင္ ဗိုလ္မႉးႀကီး စိုင္းငင္းမွ ေျပာၾကားရာမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီအစည္းအေဝးမွာ လက္ရွိႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး၊ စစ္ေရးအေျခအေနမ်ားကို လက္ေတြ႕က်က် ဆန္းစစ္ သုံးသပ္ႏိုင္ခဲ့လို႔ ေရွ႕လုပ္ငန္းစဥ္ေတြ ခ်မွတ္ရာမွာ မ်ားစြာ အေထာက္အပံ့ျဖစ္ေစခဲ့ပါတယ္” လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ဒါ့အျပင္ လာမယ့္ ဒီဇင္ဘာလ ၂ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ JICM အစည္းအေဝးက်င္းပေရး ႀကိဳတင္ျပင္ဆင္ေရး အစည္းအေဝးအတြက္လည္း ေကာင္းမြန္တဲ့ ျပင္ဆင္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္လို႔ သူက ဆက္ေျပာပါတယ္။

ဖက္ဒရယ္တည္ေဆာက္ေရးဆိုင္ရာ လုပ္ငန္းစဥ္အဆင့္ဆင့္နဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ခိုင္မာျခင္းဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြကို ေရးဆြဲခ်မွတ္ႏိုင္ခဲ့တာဟာ အားလုံးရဲ႕ အေက်အလည္ ေဆြးေႏြးမႈ၊ စိတ္ရွည္မႈ၊ ခ်စ္ၾကည္ရင္းႏွီးမႈနဲ႔ အားလုံးအက်ိဳးကို ေရွ႕တန္းတင္ႏိုင္မႈတို႔ေၾကာင့္ပဲ ျဖစ္တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

“လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္း ၿငိမ္းခ်မ္းေရးအခင္းအက်င္းကို ထည့္သြင္းစဥ္းစားၿပီး ေရွ႕လုပ္ငန္းစဥ္ေတြကို ခ်မွတ္ႏိုင္ခဲ့တယ္” လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

ညႇိႏႈိင္းေရးအဖြဲ႕ေတြအတြက္ ေကာင္းမြန္တဲ့ ျပင္ဆင္မႈေတြ၊ အားမာန္သစ္ေတြ ထပ္ေဆာင္းေပးႏိုင္ခဲ့လို႔ လာမယ့္ ၿငိမ္းခ်မ္းေရးေရွ႕ခရီးမွာ ႀကဳံေတြ႕မယ့္ အခက္အခဲေတြကို ေက်ာ္လႊားသြားႏိုင္ဖို႔ ယုံၾကည္တယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာပါတယ္။

လာမယ့္ JICM အစည္းအေဝးက်င္းပေရး ႀကိဳတင္ျပင္ဆင္ေရး အစည္းအေဝးမွာေရာ တစ္ဆို႔မႈ ေက်ာ္လႊားေရး ညႇိႏႈိင္းေရးအစည္းအေဝးေတြမွာပါ အားလုံးလက္ခံႏိုင္တဲ့ သေဘာတူညီခ်က္ရရွိေအာင္ ႀကိဳးပမ္းသြားဖို႔ အားလုံးမွာ တာဝန္ရွိၿပီး အားလုံးလက္ခံႏိုင္တဲ့ သေဘာတူညီခ်က္ေတြကို အေျခခံကာ ၿငိမ္းခ်မ္းေရးေရွ႕လုပ္ငန္းစဥ္ကို ဆက္လက္ အေကာင္အထည္ေဖာ္သြားမယ္လို႔ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ခ်င္းမိုင္ #ဗိုလ္မွဴးႀကီးစိုင္းငင္း

Related posts

Leave a Comment

VOM News

FREE
VIEW