ပြည်သူလူထုကို ICJ ရင်ဆိုင်ခဲ့တဲ့အခြေအနေတွေ ပြန်လည် အစီရင်ခံတာက နိုင်ငံအတွက် ကြီးမားတဲ့ အချိုးအကွေ့ဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် သွားရောက်ရင်ဆိုင်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံခေါင်းဆောင်တစ်ယောက်က ပြည်သူလူထုကို ပြန်လည်အစီရင်ခံတာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အချိုးအကွေ့ကြီး တစ်ခုဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ကနေ သိရပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့က သဆဘာထားရပ်တည်ချက်နဲ့ ဆောင်ရွက်ထားမှုအခြေအနေ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးစိုးဌေးက ရှင်းလင်းရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒါဟာ ဒီမိုကရေစီရဲ့ စံနှုန်းလို့လည်း ကျွန်တော်တို့ ယူဆပါတယ်”လို့ ဦးစိုးဌေးက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုဝန်းကျင်သစ်ဖော်ဆောင်ရေးအဖွဲ့ရဲ့ သဘောထားကြေညာချက်မှာ အချက် (၉) ချက်ပါဝင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြိုဆိုထောက်ခံတယ်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေမယ့် နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်အားလုံးကို ကန့်ကွက်သွားမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

“အရပ်ဘက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ ရှိနေတယ်၊ တရားစွဲရုံတစ်ချက်လောက်နဲ့ ဒီတိုင်းပြည်ရဲ့ ပြဿနာဟာ ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာရယ်၊ ဒီတရားစွဲဆိုမှုဟာ ပြည်သူလူထုတစ်ရပ်လုံးကို အထောက်အကူမဖြစ်စေနိုင်ဘူးဆိုတာကို သိစေချင်တာပါ” လို့ သဘောထားကြေညာချက်ထုတ်ရတဲ့အပေါ် ငြိမ်းချမ်းရေးနဲ့လူမှုဝန်းကျင်သစ်‌ဖော်ဆောင်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဒေါ်နီမိုလှိုင်က ပြောပါတယ်။

အခုသဘောထားကြေညာချက်ကို မြန်မာ၊ အင်္ဂလိပ်၊ ပြင်သစ်ဘာသာစကားသုံးမျိုးနဲ့ ရိုက်နှိပ်ထားပြီး ကုလသမဂ္ဂအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေအပြင် နိုင်ငံတကာမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ICJ #အစီအရင်ခံစာ

Zawgyi

ျပည္သူလူထုကို ICJ ရင္ဆိုင္ခဲ့တဲ့အေျခအေနေတြ ျပန္လည္ အစီရင္ခံတာက ႏိုင္ငံအတြက္ ႀကီးမားတဲ့ အခ်ိဳးအေကြ႕ျဖစ္

ရန္ကုန္၊ ဒီဇင္ဘာ – ၂၀ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈအေပၚ သြားေရာက္ရင္ဆိုင္ခဲ့တဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ႏိုင္ငံေခါင္းေဆာင္တစ္ေယာက္က ျပည္သူလူထုကို ျပန္လည္အစီရင္ခံတာဟာ ျမန္မာႏိုင္ငံအတြက္ ႀကီးမားတဲ့အခ်ိဳးအေကြ႕ႀကီး တစ္ခုျဖစ္တယ္လို႔ ၿငိမ္းခ်မ္းေရးနဲ႔ လူမႈဝန္းက်င္သစ္ေဖာ္ေဆာင္ေရးအဖြဲ႕ကေန သိရပါတယ္။

ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔လူမႈဝန္းက်င္သစ္ေဖာ္ေဆာင္ေရးအဖြဲ႕က သဆဘာထားရပ္တည္ခ်က္နဲ႔ ေဆာင္႐ြက္ထားမႈအေျခအေန ရွင္းလင္းပြဲကို ဒီဇင္ဘာ ၂၀ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕ ေတာ္ဝင္ႏွင္းဆီခန္းမမွာ ျပဳလုပ္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးနဲ႔ လူမႈဝန္းက်င္သစ္ေဖာ္ေဆာင္ေရးအဖြဲ႕ရဲ႕ ဦးေဆာင္ေကာ္မတီဝင္ ဦးစိုးေဌးက ရွင္းလင္းရာမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ဒါဟာ ဒီမိုကေရစီရဲ႕ စံႏႈန္းလို႔လည္း ကြၽန္ေတာ္တို႔ ယူဆပါတယ္”လို႔ ဦးစိုးေဌးက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ လူမႈဝန္းက်င္သစ္ေဖာ္ေဆာင္ေရးအဖြဲ႕ရဲ႕ သေဘာထားေၾကညာခ်က္မွာ အခ်က္ (၉) ခ်က္ပါဝင္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကို ႀကိဳဆိုေထာက္ခံတယ္၊ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးကို ထိခိုက္ေစမယ့္ ႏိုင္ငံတကာရဲ႕ ဆုံးျဖတ္ခ်က္အားလုံးကို ကန႔္ကြက္သြားမယ္ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

“အရပ္ဘက္အဖြဲ႕အစည္းနဲ႔ ျပည္သူလူထုက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူတကြ ရွိေနတယ္၊ တရားစြဲ႐ုံတစ္ခ်က္ေလာက္နဲ႔ ဒီတိုင္းျပည္ရဲ႕ ျပႆနာဟာ ေျပလည္သြားမွာ မဟုတ္ဘူးဆိုတာရယ္၊ ဒီတရားစြဲဆိုမႈဟာ ျပည္သူလူထုတစ္ရပ္လုံးကို အေထာက္အကူမျဖစ္ေစႏိုင္ဘူးဆိုတာကို သိေစခ်င္တာပါ” လို႔ သေဘာထားေၾကညာခ်က္ထုတ္ရတဲ့အေပၚ ၿငိမ္းခ်မ္းေရးနဲ႔လူမႈဝန္းက်င္သစ္‌ေဖာ္ေဆာင္ေရးအဖြဲ႕ ဦးေဆာင္ေကာ္မတီဝင္ ေဒၚနီမိုလႈိင္က ေျပာပါတယ္။

အခုသေဘာထားေၾကညာခ်က္ကို ျမန္မာ၊ အဂၤလိပ္၊ ျပင္သစ္ဘာသာစကားသုံးမ်ိဳးနဲ႔ ႐ိုက္ႏွိပ္ထားၿပီး ကုလသမဂၢအပါအဝင္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ အာဆီယံႏိုင္ငံေတြအျပင္ ႏိုင္ငံတကာမွာရွိတဲ့ အရပ္ဘက္အဖြဲ႕အစည္းေတြကို ေပးပို႔သြားမယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ICJ #အစီအရင္ခံစာ

Related posts

Leave a Comment

VOM News

FREE
VIEW