ကလေးငယ် ၃၄၉ ဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖွယ်ရှိတဲ့ ပြင်သစ်ဆရာဝန်ဟောင်း တရားစွဲခံရ

လော့ရန့်၊ ဒီဇင်ဘာ-၂၁-၂၀၁၉
မျိုးဆက် (VOM)

ပြင်သစ်နိုင်ငံက အငြိမ်းစားခွဲစိတ်ဆရာဝန်တစ်ဦးဟာ နှစ် ၃၀ နီးပါးတာဝန်ထမ်းဆောင်ချိန်အတွင်း ကလေးငယ် ၃၄၉ ဦးအပေါ် အဓမ္မပြုကျင့်တာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်ခဲ့ဖွယ်ရှိပြီး ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှုတစ်ခုဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့ အစိုးရရှေ့နေတစ်ဦးကပြောပါတယ်။

အသက် ၆၈ နှစ်အရွယ် ဂျိုးလီစကူနာနက်ဆိုသူကို လတ်တလောမှာတော့ ကလေးငယ်လေးဦးအပေါ် အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် လာမယ့် မတ်လအတွင်းမှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

သူဟာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက ဆေးရုံတွေမှာ ဆယ်စုနှစ်သုံးခုကြာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

စွပ်စွဲချက်တွေထဲမှာတော့ အိမ်နီးချင်းခြောက်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ ဆွေးမျိုးနီးစပ် မိန်းမငယ်တစ်ဦးနဲ့ အခြားတစ်ဦးကို အဓမ္မကျင့်မှု၊ ကလေးလူနာတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုတွေ ပါဝင်နေပါတယ်။

တရားစွဲခံရပြီးနောက် သူ့ရဲ့အိမ်ကနေ ကလေးငယ်တွေရဲ့ မဖွယ်မရာဓါတ်ပုံတွေပါတဲ့ လျှို့ဝှက်မှတ်တမ်းစာအုပ်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့ရှေ့နေဖြစ်သူကတော့ ဒါတွေဟာ အပြောင်အပျက်သဘောဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ ဂျိုးလီစကူနာနက်ရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူဦးရေဟာ ၃၄၉ ဦးထိရှိလာနိုင်တယ်လို့ လောရန့်မြိုရဲ့ အစိုးရရှေ့နေချုပ် လောရန့်လင်းပီးရက်ဖ်တီးကပြောပါတယ်။

တရားစွဲခံရသူ ဆရာဝန်ဟာ ၂၀၁၅ ခုနှစ်ကလည်း ကလေးငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပုံတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဆိုင်းငံ့ထောင်ဒါဏ် လေးလချမှတ်ခြင်း ခံထားရသူတစ်ဦး ဖြစ်ပါတယ်။

Ref : CNA Photo: Unsplash/Laura Fuhrman
VOM #voiceofmyanmar #ပြင်သစ် #ဆရာဝန်ဟောင်း #လိင်ပိုင်းဆိုင်ရာကျူးလွန်

Zawgyi

ကေလးငယ္ ၃၄၉ ဦးအေပၚ လိင္ပိုင္းဆုိင္ရာေစာ္ကားခဲ႔ဖြယ္ရိွတဲ႔ ျပင္သစ္ဆရာ၀န္ေဟာင္း တရားစြဲခံရ

ေလာ႔ရန္႔၊ ဒီဇင္ဘာ-၂၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ျပင္သစ္နိုင္ငံက အျငိမ္းစားခြဲစိတ္ဆရာ၀န္တစ္ဦးဟာ နွစ္ ၃၀ နီးပါးတာ၀န္ထမ္းေဆာင္ခ်ိန္အတြင္း ကေလးငယ္ ၃၄၉ ဦးအေပၚ အဓမၼျပဳက်င္႔တာ ဒါမွမဟုတ္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြျပဳလုပ္ခဲ႔ဖြယ္ရိွျပီး ျပင္သစ္နုိင္ငံရဲ႕ အၾကီးဆံုး လိင္ပိုင္းဆိုင္ရာက်ဴးလြန္တဲ႔ အမႈတစ္ခုျဖစ္နိုင္တယ္လို႔ စံုစမ္းစစ္ေဆးမႈျပဳလုပ္ေနတဲ႔ အစိုးရေရွ႕ေနတစ္ဦးကေျပာပါတယ္။

အသက္ ၆၈ နွစ္အရြယ္ ဂိ်ဳးလီစကူနာနက္ဆိုသူကို လတ္တေလာမွာေတာ႔ ကေလးငယ္ေလးဦးအေပၚ အဓမၼက်င္႔မႈ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြအတြက္ လာမယ္႔ မတ္လအတြင္းမွာ ရံုးတင္စစ္ေဆးသြားမွာျဖစ္ပါတယ္။

သူဟာ ျပင္သစ္နုိင္ငံ အလယ္ပိုင္းနဲ႔ အေနာက္ပိုင္းက ေဆးရံုေတြမွာ ဆယ္စုနွစ္သံုးခုၾကာ တာ၀န္ထမ္းေဆာင္စဥ္ကာလအတြင္း ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ႔တယ္လို႔ စြပ္စြဲခံထားရတာျဖစ္ပါတယ္။

စြပ္စြဲခ်က္ေတြထဲမွာေတာ႔ အိမ္နီးခ်င္းေျခာက္နွစ္အရြယ္မိန္းကေလးငယ္တစ္ဦးနဲ႔ ေဆြးမ်ိဳးနီးစပ္ မိန္းမငယ္တစ္ဦးနဲ႔ အျခားတစ္ဦးကို အဓမၼက်င္႔မႈ၊ ကေလးလူနာတစ္ဦးကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳမႈေတြ ပါဝင္ေနပါတယ္။

တရားစြဲခံရျပီးေနာက္ သူ႔ရဲ႕အိမ္ကေန ကေလးငယ္ေတြရဲ႕ မဖြယ္မရာဓါတ္ပံုေတြပါတဲ႔ လွ်ိဳ႕၀ွက္မွတ္တမ္းစာအုပ္ေတြကိုလည္း ေတြ႔ရိွခဲ႔ပါတယ္။

သူ႔ရဲ႕ေရွ႕ေနျဖစ္သူကေတာ႔ ဒါေတြဟာ အေျပာင္အပ်က္သေဘာျဖစ္တယ္လို႔ ေျပာပါတယ္။

လက္ရိွအခ်ိန္ထိ ဂိ်ဳးလီစကူနာနက္ရဲ႕ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ႔သူဥိီးေရဟာ ၃၄၉ ဦးထိရိွလာနုိင္တယ္လို႔ ေလာရန္႔ျမိဳရဲ႕ အစိုးရေရွ႕ေနခ်ဳပ္ ေလာရန္႔လင္းပီးရက္ဖ္တီးကေျပာပါတယ္။

တရားစြဲခံရသူ ဆရာ၀န္ဟာ ၂၀၁၅ ခုနွစ္ကလည္း ကေလးငယ္ေတြရဲ႕ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာပံုေတြ လက္၀ယ္ေတြ႔ရိွမႈနဲ႔ ဆုိင္းငံ့ေထာင္ဒါဏ္ ေလးလခ်မွတ္ျခင္း ခံထားရသူတစ္ဦး ျဖစ္ပါတယ္။

Ref : CNA Photo: Unsplash/Laura Fuhrman
VOM #voiceofmyanmar #ျပင္သစ္ #ဆရာဝန္ေဟာင္း #လိင္ပိုင္းဆိုင္ရာက်ဴးလြန္

Related posts

Leave a Comment

VOM News

FREE
VIEW