နိုင်ငံအတွင်းတောမီးလောင်နေစဉ် အပန်းဖြေခရီးထွက်ခဲ့မိလို့ သြစတြေးလျဝန်ကြီးချုပ် ပြည်သူတွေကို တောင်းပန်

နိုင်ငံအတွင်းတောမီးလောင်နေစဉ် အပန်းဖြေခရီးထွက်ခဲ့မိလို့ သြစတြေးလျဝန်ကြီးချုပ် ပြည်သူတွေကို တောင်းပန်

ဆစ်ဒနီ၊ ဒီဇင်ဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

သြစတြေးလျဝန်ကြီးချုပ်စကော့မောရစ်ဆင်ဟာ နိုင်ငံတွင်းတောမီးလောင်ကျွမ်းမှုတွေ ကြီးထွားနေစဉ်အတွင်း အားလပ်ရက်ခရီးသွားခဲ့မိတဲ့အတွက် ပြည်သူတွေကို တရားဝင်တောင်းပန်လိုက်ပါတယ်။

မစ္စတာမောရစ်ဆင်ဟာ သူ့အပေါ်ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာနေတာကြောင့် ဟာဝိုင်အီခရီးစဉ်ကို ရက်တိုပဲနေပြီး နိုင်ငံကိုပြန်လာခဲ့တာဖြစ်ပါတယ်။

တောမီးကြောင့် ဒီဇင်ဘာ၂၁ရက်မှာ သေဆုံးသူတစ်ဦးကု ိရှာဖွေတွေ့ရှိခဲ့ပြီး ပြည်နယ်သုံးခုမှာ တောမီးများလောင်ကျွမ်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

စက်တင်ဘာလကတည်းက ဖြစ်ပေါ်နေတဲ့ သြစတြေးလျတောမီးလောင်ကျွမ်းမှု ကြောင့် လူကိုးဦးထက်မနည်းသေဆုံးသွားပြီဖြစ်သလို လူနေအိမ်ပေါင်း ၇၀၀ကျော်ပျက်ဆီးခဲ့ပြီး မြေဟက်တာ ပေါင်းသန်းနှင့်ချီကာ မီးလောင်ပြင်တွေဖြစ်သွားပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ်တောမီးလောင်ကျွမ်းမှုဒဏ်ကို သြစတြေးလျနိုင်သားအများစု ဆိုးဆိုးရွားရွားခံစားပြီးနောက် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုတိုးမြင့်ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးချုပ် မိုက်ကယ်မက်ကောမက်က အစောပိုင်းကပင် ကတိပြုပြောခဲ့ပါတယ်။

Ref : BBC
Photo: Getty Images

#voiceofmyanmar #VOM #သြစတြေးလျဝန်ကြီးချုပ်

 

Zawgyi

ႏိုင္ငံအတြင္းေတာမီးေလာင္ေနစဥ္ အပန္းေျဖခရီးထြက္ခဲ့မိလို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ ျပည္သူေတြကို ေတာင္းပန္

ဆစ္ဒနီ၊ ဒီဇင္ဘာ-၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္စေကာ့ေမာရစ္ဆင္ဟာ ႏိုင္ငံတြင္းေတာမီးေလာင္ကြၽမ္းမႈေတြ ႀကီးထြားေနစဥ္အတြင္း အားလပ္ရက္ခရီးသြားခဲ့မိတဲ့အတြက္ ျပည္သူေတြကို တရားဝင္ေတာင္းပန္လိုက္ပါတယ္။

မစၥတာေမာရစ္ဆင္ဟာ သူ႔အေပၚေဝဖန္ျပစ္တင္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ ဟာဝိုင္အီခရီးစဥ္ကို ရက္တိုပဲေနၿပီး ႏိုင္ငံကိုျပန္လာခဲ့တာျဖစ္ပါတယ္။

ေတာမီးေၾကာင့္ ဒီဇင္ဘာ၂၁ရက္မွာ ေသဆုံးသူတစ္ဦးကု ိရွာေဖြေတြ႕ရွိခဲ့ၿပီး ျပည္နယ္သုံးခုမွာ ေတာမီးမ်ားေလာင္ကြၽမ္းမႈေတြ ဆက္လက္ျဖစ္ေပၚေနဆဲျဖစ္ပါတယ္။

စက္တင္ဘာလကတည္းက ျဖစ္ေပၚေနတဲ့ ၾသစေၾတးလ်ေတာမီးေလာင္ကြၽမ္းမႈ ေၾကာင့္ လူကိုးဦးထက္မနည္းေသဆုံးသြားၿပီျဖစ္သလို လူေနအိမ္ေပါင္း ၇၀၀ေက်ာ္ပ်က္ဆီးခဲ့ၿပီး ေျမဟက္တာ ေပါင္းသန္းႏွင့္ခ်ီကာ မီးေလာင္ျပင္ေတြျဖစ္သြားပါတယ္။

ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ယခုႏွစ္ေတာမီးေလာင္ကြၽမ္းမႈဒဏ္ကို ၾသစေၾတးလ်ႏိုင္သားအမ်ားစု ဆိုးဆိုး႐ြား႐ြားခံစားၿပီးေနာက္ ကမာၻႀကီးပူေႏြးလာမႈကို ကိုင္တြယ္ေျဖရွင္းဖို႔ ပိုမိုတိုးျမင့္ေဆာင္႐ြက္သြားမယ္လို႔ ဒုတိယဝန္ႀကီးခ်ဳပ္ မိုက္ကယ္မက္ေကာမက္က အေစာပိုင္းကပင္ ကတိျပဳေျပာခဲ့ပါတယ္။

Ref : BBC
Photo: Getty Images

#voiceofmyanmar #VOM #ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္

Related posts

Leave a Comment

VOM News

FREE
VIEW