မြင်းမူမြို့ဧရိယာအတွင်းက တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဆန္ဒပြ

မြင်းမူ၊ ဒီဇင်ဘာ ၂၃-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်ခရိုင်၊ မြင်းမူမြို့၊ မြို့ဧရိယာအတွင်းကျရောက်နေတဲ့ တိုးဂိလ်ကို ဖယ်ရှားပေးဖို့ ဒီကနေ့မနက်ပိုင်းက မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ယာဉ်ပိုင်ရှင်တွေနဲ့ ကျေးရွာသားတွေ စုပေါင်းပြီး လူဦးရေ ၁၀၀ ခန့်က တိုးဂိလ်ရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

မြင်းမူမြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေဟာ မြို့နယ်အတွင်းကနေ အခြားတနေရာကို သွားလာတဲ့အခါ လမ်းအသုံးပြုခတွေကို အဆမတန် ပေးဆောင်နေရပြီး ထိခိုက်နစ်နာမှုတွေ များစွာရှိလာတဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးမင်းမင်းစိန် ကပြောပါတယ်။

”ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု လိုင်းကနေ ခရိုင်စီမံခန့်ခွဲမှုကော်မတီကို တင်ပြထားပြီဖြစ်ပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီကနေ အစိုးရအဖွဲ့ကို ဆက်ပြီးတင်ပြမှာပါဗျ “လို့ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က ပြောပါတယ်။

#VOM #voiceofmyanmar #မြင်းမူ #တိုးဂိတ် #ဆန္ဒပြ

Zawgyi

ၿမင္းမူၿမဳိ႕ဧရိယာအတြင္းက တုိးဂိလ္ကို ဖယ္ရွားေပးဖို႔ ဆႏၵျပ

ျမင္းမူ၊ ဒီဇင္ဘာ ၂၃-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကုိင္ခရုိင္၊ ျမင္းမူၿမဳိ႕၊ ၿမဳိ႕ဧရိယာအတြင္းက်ေရာက္ေနတဲ့ တုိးဂိလ္ကုိ ဖယ္ရွားေပးဖုိ႔ ဒီကေန႔မနက္ပုိင္းက ျမင္းမူၿမဳိ႕ေပၚရပ္ကြက္ေတြက ယာဥ္ပုိင္ရွင္ေတြနဲ႔ ေက်းရြာသားေတြ စုေပါင္းၿပီး လူဦးေရ ၁၀၀ ခန္႕က တုိးဂိလ္ေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

ျမင္းမူၿမဳိ႕ေပၚရပ္ကြက္ေတြက ေဒသခံေတြဟာ ၿမဳိ႕နယ္အတြင္းကေန အျခားတေနရာကို သြားလာတဲ့အခါ လမ္းအသုံးျပဳခေတြကုိ အဆမတန္ ေပးေဆာင္ေနရၿပီး ထိခုိက္နစ္နာမႈေတြ မ်ားစြာရွိလာတဲ့အတြက္ ယခုလုိ ဆႏၵထုတ္ေဖာ္တာၿဖစ္တယ္လုိ႕ ဦးေဆာင္ဆႏၵထုတ္ေဖာ္သူ ဦးမင္းမင္းစိန္ ကေၿပာပါတယ္။

”ကြ်န္ေတာ္တုိ႕ သက္ဆုိင္ရာ ၿမဳိ႕နယ္စီမံခန္႕ခြဲမႈ လုိင္းကေန ခရုိင္စီမံခန္႔ခြဲမႈေကာ္မတီကုိ တင္ၿပထားၿပီၿဖစ္ပါတယ္။ ခရုိင္စီမံခန္႔ခြဲမႈေကာ္မတီကေန အစုိးရအဖြဲ႕ကုိ ဆက္ၿပီးတင္ၿပမွာပါဗ် “လို႔ ျမင္းမူၿမဳိ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေအာင္လြင္က ေၿပာပါတယ္။

#VOM #voiceofmyanmar #ျမင္းမူ #တိုးဂိတ္ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW