နေပြည်တော်မှာ ဆေးလိပ်သောက်ခွင့် တားမြစ်‌တော့မည်

နေပြည်တော်မှာ ဆေးလိပ်သောက်ခွင့် တားမြစ်‌တော့မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇-၂၀၁၉
ကိုထွန်း(VOM)

နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(တ) ၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်
ရွက်ခြင်းလုပ်ငန်းတာဝန်အရ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်ကြသော
ပြည်သူများအား ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုကြောင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများမှ ကာကွယ်ရန်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများအား အများပြည်သူတို့ သိရှိလိုက်နာစေရန် ပုဒ်မ ၃၈ ပုဒ်မခွဲ(ခ)အရ ဤအမိန့်ကြော်ငြာကို ထုတ်ပြန်ကြေညာလိုက်သည်။

၁။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အောက်ပါပရိဝုဏ်၊ အဆောက်အအုံ နှင့်နေရာများသည် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများဖြစ်သည်

(က) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ပရိုဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အိမ်ခန်းများမှအပ ဆေးရုံအဆောက်အအုံ၊ ရုံးခန်း ပရိဝုဏ်နှင့် ပရိဝုဏ်အတွင်းရှိ အခြားအဆောက် အအုံများ၊

(ခ ) လေအေးပေးစက်တပ်ဆင်ထားသောစားသောက်ဆိုင်များ၊ လွှက်ရည်ဆိုင်များနှင့် အအေးဆိုင်များ

( ဂ ) လေအေးပေးစက်တပ်ဆင်ထားသော စတိုးဆိုင်များ၊ ကုန်တိုက်များ၊ ကုန်ပဒေသာဆိုင်များနှင့်ကိုယ်ပိုင်ဈေးများ၊

(ဃ) ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိသည့် ဈေးများအတွင်းရှိ ဈေးရုံများ၊ .

( င ) အမိုးအကာရှိသည့်စားသောက်ဆိုင်များ၊ လွှက်ရည်ဆိုင်များနှင့်အအေးဆိုင်များ၊

( စ ) ကလေးကစားရုံနှင့် ကစားကွင်းများ

(ဆ) အများပြည်သူသုံးခန်းမကြီးများ၊

( ဇ ) ပုဂ္ဂလိကကျောင်းပရိဝုဏ်အတွင်းရှိဝန်ထမ်းအိမ်ရာနှင့်အိမ်ခန်းများမှအပသင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်းပရိဝုဏ်နှင့်ပရိဝုဏ်အတွင်းရှိအခြားအဆောက်အအုံများ၊

( ၅ ) ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံနှင့် စာသင်ခန်းများ

(ည) ဧည့်ဂေဟာ၊ တည်းခိုရိပ်သာနှင့် ဘော်ဒါဆောင်တို့၏ အဆောက်အအုံများ၊

၂။ အထက်အပိုဒ်(၁)ပါနေရာများ၏ တာဝန်ခံပုဂ္ဂိုလ်သည်
(က) မိမိနှင့်သက်ဆိုင်သောနေရာရှိ လူအများမြင်သာသည့်နေရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာတွင်ဖော်ပြထားသော သတ်မှတ်ချက်
များနှင့်အညီ ဆေးလိပ်သောက်ခွင့်မရှိသောနေရာကို ဖော်ညွှန်းသည့် စာတန်းနှင့်အမှတ်အသားများကို ပြုလုပ်ထားရှိရမည်။

( ခ ) အထက်အပိုဒ်၁ပါ အပိုဒ်ခွဲ(င)နှင့်အပိုဒ်ခွဲ (ည)တို့၏ တာဝန်ခံပုဂ္ဂိုလ်သည် မိမိနှင့်သက်ဆိုင်သောနေရာတွင် ဆေးလိပ်သောက်ခွင့်ရှိသောသီးသန့်နေရာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာတွင်ဖော်ပြထားသော သတ်မှတ်
ချက်များနှင့်အညီ စီမံထားရှိရမည်ဖြစ်ပြီး ဆေးလိပ်သောက်ခွင့်ရှိသောသီးသန့်နေရာကို ဖော်ညွှန်းသည့် စာတမ်းအမှတ်အသားနှင့်ဆိုင်းဘုတ်များ ပြုလုပ်ထားရှိရမည်။

(ဂ ) ဆေးလိပ်သောက်ခွင့် မရှိသောနေရာ၌ မည်သူမျှဆေးလိပ်သောက်ခြင်းမပြုရန် ကြပ်မတ်ဆောင်ရွက်ရမည်။

(ဃ) နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ကြီးကြပ်သူများက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကိုခံယူရမည်။

၃။ ဆေးလိပ်ရောင်းချသူဖြစ်ပါက

(က) ကျောင်းပရိဝုဏ်များမှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ

( ခ ) စီးကရက်ကိုလွယ်ကူစွာ ဝယ်ယူသောက်သုံးနိုင်စေရန် တစ်လိပ်ချင်းဖြစ်စေ၊ အလိပ်(၂၀)ထက်နည်းသော အထုပ်ဖြင့်ဖြစ်စေ ရောင်းချခြင်းမပြုရ

( ဂ ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော“ဆေးလိပ်ထုပ်တွင် သတိပေးရုပ်ပုံနှင့်စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”တွင် သတ်မှတ်ထား
သည့်အတိုင်း သတိပေးရုပ်ပုံနှင့်စာသားများပုံနှိပ်ဖော်ပြထားခြင်းမရှိသော ဆေးလိပ်ထုပ်များကိုခင်းကျင်းရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းမပြုလုပ်ရ၊

(ဃ) အသက်(၁၈)နှစ်မပြည့်သေးသောသူအား ဆေးလိပ်ကိုရောင်းချခြင်း(သို့မဟုတ်)ပေးကမ်းခြင်းမပြုရ။

( င ) အသက်(၁၈)နှစ်မပြည့်သေးသောသူအားဆေးလိပ်ဖြန့်ဖြူးခြင်း(သို့မဟုတ်)ရောင်းချ ခြင်း
ပြုရာတွင် ခိုင်းစေခြင်းပြုရ

( စ ) ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားရွာထိခိုက်စေနိုင်ကြောင်း၊ မြန်မာဘာသာဖြင့်ရေးသားထားသော သတိပေးစာတန်းကို ဆေးလိပ်ရောင်းချသည့်နေရာတွင် ထင်ရှားမြင်သာစွာ ဖော်ပြထားရှိရမည်

(ဆ) အသက်(၁၈)နှစ်မပြည့်သေးသောသူကို ဆေးလိပ်ရောင်းချခြင်းမပြုကြောင်း၊မြန်မာဘာသာဖြင့်ရေးသားထားသော သတိပေးစာတန်းကို ဆေးလိပ်ရောင်းချ
သည့်နေရာတွင် ထင်ရှားမြင်သာစွာ ဖော်ပြထားရှိရမည်။

၄။ ကော်မတီ၏ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်သောတာဝန်ခံပုဂ္ဂိုလ်နှင့် ဆေးလိပ်ရောင်းချသူ
များသည် အထက်ဖော်ပြပါစည်းကမ်းချက်များအားလိုက်နာခြင်းမရှိပါက ကော်မတီသည် နေပြည်တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၂အရ အောက်ပါစီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူနိုင်သည်

(က) သတိပေးခြင်း၊
( ခ ) ဒဏ်ကြေးငွေအနည်းဆုံး (၁၀၀၀ဝိ/) (ကျပ်တစ်သောင်းတိတိ) တပ်ရိုက်ခြင်း၊
( ဂ ) လိုင်စင် (သို့မဟုတ်) ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
(ဃ) လိုင်စင် (သို့မဟုတ်) ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း။

၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အခါအားလျော်စွာထုတ်ပြန်သော ပြည်သူ့ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များ၊ အမိန့်နှင့်အမိန့်ကြော်ငြာစာများအား လိုက်နာရမည်။

၆။ အထက်ဖော်ပြပါစည်းကမ်းချက်များအား လိုက်နာမှုရှိပါက နေပြည်တော်စည်ပင်သာယာရေး
ဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ထိရောက်စွာအရေးယူခြင်းခံရမည်။

၇။ ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း(၁၈၀)အထိ ပညာပေးကာလအဖြစ်
သတ်မှတ်မည်ဖြစ်ပြီး ၊ ရက်ပေါင်း(၁၈၀)ကျော်လွန်သည့်နေ့မှစ၍ ကျူးလွန်ဖောက်ဖျက်သည့် မည်သူ
မဆို အရေးယူခြင်းခံရမည်။

ဒေါက်တာမျိုးအောင်
မြို့တော်ဝန်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

#VOM #voiceofmyanmar #နေပြည်တော် #ဆေးလိပ် #တားမြစ်

 

Zawgyi

ေနျပည္ေတာ္မွာ ေဆးလိပ္ေသာက္ခြင့္ တားျမစ္‌ေတာ့မည္

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၇-၂၀၁၉
ကိုထြန္း(VOM)

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ ေနျပည္ေတာ္စည္ပင္သာယာေရးဥပေဒပုဒ္မ ၈ ပုဒ္မခြဲ(တ) ၊ ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ျပည္သူ႔က်န္းမာေရးဆိုင္ရာ လုပ္ငန္းမ်ားေဆာင္
႐ြက္ျခင္းလုပ္ငန္းတာဝန္အရ ေနျပည္ေတာ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္း ေနထိုင္ၾကေသာ
ျပည္သူမ်ားအား ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္းေသာက္သုံးမႈေၾကာင့္ ျဖစ္ေပၚလာမည့္ ေဘးထြက္ဆိုးက်ိဳးမ်ားမွ ကာကြယ္ရန္အတြက္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းကမ္းမ်ားအား အမ်ားျပည္သူတို႔ သိရွိလိုက္နာေစရန္ ပုဒ္မ ၃၈ ပုဒ္မခြဲ(ခ)အရ ဤအမိန႔္ေၾကာ္ျငာကို ထုတ္ျပန္ေၾကညာလိုက္သည္။

၁။ ေနျပည္ေတာ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ ေအာက္ပါပရိဝုဏ္၊ အေဆာက္အအုံ ႏွင့္ေနရာမ်ားသည္ ေဆးလိပ္ေသာက္ခြင့္မရွိေသာ ေနရာမ်ားျဖစ္သည္

(က) ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ား၏ ပ႐ိုဏ္အတြင္းရွိ ဝန္ထမ္းအိမ္ရာႏွင့္ အိမ္ခန္းမ်ားမွအပ ေဆး႐ုံအေဆာက္အအုံ၊ ႐ုံးခန္း ပရိဝုဏ္ႏွင့္ ပရိဝုဏ္အတြင္းရွိ အျခားအေဆာက္ အအုံမ်ား၊

(ခ ) ေလေအးေပးစက္တပ္ဆင္ထားေသာစားေသာက္ဆိုင္မ်ား၊ လႊက္ရည္ဆိုင္မ်ားႏွင့္ အေအးဆိုင္မ်ား

( ဂ ) ေလေအးေပးစက္တပ္ဆင္ထားေသာ စတိုးဆိုင္မ်ား၊ ကုန္တိုက္မ်ား၊ ကုန္ပေဒသာဆိုင္မ်ားႏွင့္ကိုယ္ပိုင္ေဈးမ်ား၊

(ဃ) ကုန္တိုက္၊ ကုန္ပေဒသာဆိုင္၊ စတိုးဆိုင္ႏွင့္ အမိုးအကာရွိသည့္ ေဈးမ်ားအတြင္းရွိ ေဈး႐ုံမ်ား၊ .

( င ) အမိုးအကာရွိသည့္စားေသာက္ဆိုင္မ်ား၊ လႊက္ရည္ဆိုင္မ်ားႏွင့္အေအးဆိုင္မ်ား၊

( စ ) ကေလးကစား႐ုံႏွင့္ ကစားကြင္းမ်ား

(ဆ) အမ်ားျပည္သူသုံးခန္းမႀကီးမ်ား၊

( ဇ ) ပုဂၢလိကေက်ာင္းပရိဝုဏ္အတြင္းရွိဝန္ထမ္းအိမ္ရာႏွင့္အိမ္ခန္းမ်ားမွအပသင္ၾကားေရး အေဆာက္အအုံ၊ စာသင္ခန္း၊ ႐ုံးခန္းပရိဝုဏ္ႏွင့္ပရိဝုဏ္အတြင္းရွိအျခားအေဆာက္အအုံမ်ား၊

( ၅ ) ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းႏွင့္ သင္တန္းေက်ာင္းမ်ား၏ သင္ၾကားေရးအေဆာက္အအုံႏွင့္ စာသင္ခန္းမ်ား

(ည) ဧည့္ေဂဟာ၊ တည္းခိုရိပ္သာႏွင့္ ေဘာ္ဒါေဆာင္တို႔၏ အေဆာက္အအုံမ်ား၊

၂။ အထက္အပိုဒ္(၁)ပါေနရာမ်ား၏ တာဝန္ခံပုဂၢိဳလ္သည္
(က) မိမိႏွင့္သက္ဆိုင္ေသာေနရာရွိ လူအမ်ားျမင္သာသည့္ေနရာ၌ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ အမိန႔္ေၾကာ္ျငာစာတြင္ေဖာ္ျပထားေသာ သတ္မွတ္ခ်က္
မ်ားႏွင့္အညီ ေဆးလိပ္ေသာက္ခြင့္မရွိေသာေနရာကို ေဖာ္ၫႊန္းသည့္ စာတန္းႏွင့္အမွတ္အသားမ်ားကို ျပဳလုပ္ထားရွိရမည္။

( ခ ) အထက္အပိုဒ္၁ပါ အပိုဒ္ခြဲ(င)ႏွင့္အပိုဒ္ခြဲ (ည)တို႔၏ တာဝန္ခံပုဂၢိဳလ္သည္ မိမိႏွင့္သက္ဆိုင္ေသာေနရာတြင္ ေဆးလိပ္ေသာက္ခြင့္ရွိေသာသီးသန႔္ေနရာကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ အမိန႔္ေၾကာ္ျငာစာတြင္ေဖာ္ျပထားေသာ သတ္မွတ္
ခ်က္မ်ားႏွင့္အညီ စီမံထားရွိရမည္ျဖစ္ၿပီး ေဆးလိပ္ေသာက္ခြင့္ရွိေသာသီးသန႔္ေနရာကို ေဖာ္ၫႊန္းသည့္ စာတမ္းအမွတ္အသားႏွင့္ဆိုင္းဘုတ္မ်ား ျပဳလုပ္ထားရွိရမည္။

(ဂ ) ေဆးလိပ္ေသာက္ခြင့္ မရွိေသာေနရာ၌ မည္သူမွ်ေဆးလိပ္ေသာက္ျခင္းမျပဳရန္ ၾကပ္မတ္ေဆာင္႐ြက္ရမည္။

(ဃ) ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ
၊ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈထိန္းခ်ဳပ္ေရးလုပ္ငန္းအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ႀကီးၾကပ္သူမ်ားက လာေရာက္စစ္ေဆးသည့္အခါ စစ္ေဆးျခင္းကိုခံယူရမည္။

၃။ ေဆးလိပ္ေရာင္းခ်သူျဖစ္ပါက

(က) ေက်ာင္းပရိဝုဏ္မ်ားမွ ေပ ၁၀၀ အတြင္း ေဆးလိပ္ေရာင္းခ်ျခင္းမျပဳရ

( ခ ) စီးကရက္ကိုလြယ္ကူစြာ ဝယ္ယူေသာက္သုံးႏိုင္ေစရန္ တစ္လိပ္ခ်င္းျဖစ္ေစ၊ အလိပ္(၂၀)ထက္နည္းေသာ အထုပ္ျဖင့္ျဖစ္ေစ ေရာင္းခ်ျခင္းမျပဳရ

( ဂ ) က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွထုတ္ျပန္ထားေသာ“ေဆးလိပ္ထုပ္တြင္ သတိေပး႐ုပ္ပုံႏွင့္စာသားမ်ား ပုံႏွိပ္ေဖာ္ျပျခင္းဆိုင္ရာအမိန႔္”တြင္ သတ္မွတ္ထား
သည့္အတိုင္း သတိေပး႐ုပ္ပုံႏွင့္စာသားမ်ားပုံႏွိပ္ေဖာ္ျပထားျခင္းမရွိေသာ ေဆးလိပ္ထုပ္မ်ားကိုခင္းက်င္းေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္းမျပဳလုပ္ရ၊

(ဃ) အသက္(၁၈)ႏွစ္မျပည့္ေသးေသာသူအား ေဆးလိပ္ကိုေရာင္းခ်ျခင္း(သို႔မဟုတ္)ေပးကမ္းျခင္းမျပဳရ။

( င ) အသက္(၁၈)ႏွစ္မျပည့္ေသးေသာသူအားေဆးလိပ္ျဖန႔္ျဖဴးျခင္း(သို႔မဟုတ္)ေရာင္းခ် ျခင္း
ျပဳရာတြင္ ခိုင္းေစျခင္းျပဳရ

( စ ) ေဆးလိပ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးကို ဆိုး႐ြား႐ြာထိခိုက္ေစႏိုင္ေၾကာင္း၊ ျမန္မာဘာသာျဖင့္ေရးသားထားေသာ သတိေပးစာတန္းကို ေဆးလိပ္ေရာင္းခ်သည့္ေနရာတြင္ ထင္ရွားျမင္သာစြာ ေဖာ္ျပထားရွိရမည္

(ဆ) အသက္(၁၈)ႏွစ္မျပည့္ေသးေသာသူကို ေဆးလိပ္ေရာင္းခ်ျခင္းမျပဳေၾကာင္း၊ျမန္မာဘာသာျဖင့္ေရးသားထားေသာ သတိေပးစာတန္းကို ေဆးလိပ္ေရာင္းခ်
သည့္ေနရာတြင္ ထင္ရွားျမင္သာစြာ ေဖာ္ျပထားရွိရမည္။

၄။ ေကာ္မတီ၏ခြင့္ျပဳခ်က္ျဖင့္ လုပ္ငန္းေဆာင္႐ြက္ေသာတာဝန္ခံပုဂၢိဳလ္ႏွင့္ ေဆးလိပ္ေရာင္းခ်သူ
မ်ားသည္ အထက္ေဖာ္ျပပါစည္းကမ္းခ်က္မ်ားအားလိုက္နာျခင္းမရွိပါက ေကာ္မတီသည္ ေနျပည္ေတာ္ စည္ပင္သာယာေရးဥပေဒပုဒ္မ ၂၂အရ ေအာက္ပါစီမံခန႔္ခြဲေရးနည္းလမ္းျဖင့္ အေရးယူႏိုင္သည္

(က) သတိေပးျခင္း၊
( ခ ) ဒဏ္ေၾကးေငြအနည္းဆုံး (၁၀၀၀ဝိ/) (က်ပ္တစ္ေသာင္းတိတိ) တပ္႐ိုက္ျခင္း၊
( ဂ ) လိုင္စင္ (သို႔မဟုတ္) ခြင့္ျပဳခ်က္ကို ကာလအကန႔္အသတ္ျဖင့္ ရပ္ဆိုင္းျခင္း၊
(ဃ) လိုင္စင္ (သို႔မဟုတ္) ခြင့္ျပဳခ်က္ကို ပယ္ဖ်က္ျခင္း။

၅။ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ အခါအားေလ်ာ္စြာထုတ္ျပန္ေသာ ျပည္သူ႔က်န္းမာေရးႏွင့္သက္ဆိုင္သည့္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းကမ္းခ်က္မ်ား၊ အမိန႔္ႏွင့္အမိန႔္ေၾကာ္ျငာစာမ်ားအား လိုက္နာရမည္။

၆။ အထက္ေဖာ္ျပပါစည္းကမ္းခ်က္မ်ားအား လိုက္နာမႈရွိပါက ေနျပည္ေတာ္စည္ပင္သာယာေရး
ဥပေဒအရေသာ္လည္းေကာင္း၊ တည္ဆဲဥပေဒတစ္ရပ္ရပ္အရေသာ္လည္းေကာင္း ထိေရာက္စြာအေရးယူျခင္းခံရမည္။

၇။ ဤအမိန႔္ေၾကာ္ျငာစာထုတ္ျပန္သည့္ရက္မွ ရက္ေပါင္း(၁၈၀)အထိ ပညာေပးကာလအျဖစ္
သတ္မွတ္မည္ျဖစ္ၿပီး ၊ ရက္ေပါင္း(၁၈၀)ေက်ာ္လြန္သည့္ေန႔မွစ၍ က်ဴးလြန္ေဖာက္ဖ်က္သည့္ မည္သူ
မဆို အေရးယူျခင္းခံရမည္။

ေဒါက္တာမ်ိဳးေအာင္
ၿမိဳ႕ေတာ္ဝန္
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ေဆးလိပ္ #တားျမစ္

Related posts

Leave a Comment

VOM News

FREE
VIEW