မဒေးဆည်နဲ့ကပ်လျက်က ရွာ၄ရွာမှာ သောက်ရေသုံးရေပြတ်နေ

ကံမ၊ဒီဇင်ဘာ၂၈-၂၀၁၉
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်မှာရှိတဲ့ မဒေးဆည်ခြေရင်းက ကျေးရွာ၄ရွာဟာ သောက်ရေသုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ယခင်က ဒေသခံတွေအသုံးပြုနေတဲ့ မဒေးချောင်းကို ဆည်အဖြစ်ပိတ်ပြီးနောက်ပိုင်းမှာ နှစ်စဉ်ခံစားနေရတယ်လို့လည်း သိရပါတယ်။

“ဆည်ပြီးကာစ၂၀၀၇နဲ့၂၀၀၈အထိဘဲ ရေလုံလောက်စွာရရှိခဲ့တယ်။ ၂၀၀၉ကနေ ယနေ့ထိ အခုလိုလတွေမှာ ဆည်ရေမရတဲ့အပြင် မြေအောက်စမ်းရေပါခမ်းခြောက်လို့ လက်နှိပ်တွင်း၊ အုတ်တွင်းကအစ ရေမထွက်တော့ဘူး”လို့ အထက်မီးပေါက်ရွာက ကိုသံလုံးကပြောပါတယ်။
ယခုလိုရာသီရောက်တိုင်း နှစ်စဉ်ရေပြတ်လပ်တဲ့ဒဏ်ကို ခံကြရတဲ့ရွာတွေဟာ အထက်မီးပေါက် ၊ အလယ်မီးပေါက်၊ အောက်မီးပေါက်၊ သရက်ချောင်းကျေးရွာတို့ပဲ ဖြစ်ပါတယ်။

“ဆည်ရေက မိုးစပါးအတွက် နိုဝင်ဘာအကုန်ထိပေးခဲ့တယ်။ နွေစပါးအတွက် ဖေဖေါ်ဝါရီ၁ရက်နေ့မှပြန်ပေးမှာ၊ ဒီနှစ်က ဆည်ရေဝင်လဲနည်းတယ်၊ ဒီအချိန်တွေက ဆည်မြောင်းလက်တံတွေပြင်ဆင် ၊ ဆည်ကြံ့ခိုင်ရေးလုပ်တဲ့အချိန်ဖြစ်တယ်။”လို့ ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်လင်းကပြောပါတယ်။

အရင်နှစ်တွေထက် ယခုနှစ်မှာ ရေပိုမိုပြတ်လပ်ခြင်းဟာ မိုးမရှိတာနဲ့ ဆည်ကရေကိုထိမ်းထားလို့ မဒေးချောင်းက ရေမနေတော့တာလို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။

“၂၀၀၇ဆည်ပြီးကာစက ရေအားလျှပ်စစ်တောင် လင်းပြသေးတယ်။ ခဏပဲ လူကြီးတွေပြန်တော့ နောက်ထပ်မလင်းတော့ဘူး။ မီးစက်ရုံတောင်ပျက်နေပြီ”လို့ ရွာခွဲတာဝန်ခံကပြောပြပါတယ်။

ချောင်းအောက်ပိုင်းတလျောက်ကတော့ စမ်းရေမခမ်းဘဲ ရေအခက်အခဲသိပ် မဖြစ်ကြဘူးလို့သိရပြီး အခုလို ရေပြတ်လပ်မှု့ကြောင့် စိုက်ပျိုးလက်စရေသွင်းပဲနဲ့ ကွမ်းခြံတို့အပါအဝင် ဧက၆၀ ကျော်လောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူတွေကနေ သိရပါတယ်။

#VOM #voiceofmyanmar #ကံမ #ရေပြတ် #ရွာ၄ရွာ

Zawgyi

မေဒးဆည္နဲ႔ကပ္လ်က္က ႐ြာ၄႐ြာမွာ ေသာက္ေရသုံးေရျပတ္ေန

ကံမ၊ဒီဇင္ဘာ၂၈-၂၀၁၉
ဂ်န္ကိုးလ္(VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ ကံမၿမိဳ႕နယ္မွာရွိတဲ့ မေဒးဆည္ေျခရင္းက ေက်း႐ြာ၄႐ြာဟာ ေသာက္ေရသုံးေရအခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ယခင္က ေဒသခံေတြအသုံးျပဳေနတဲ့ မေဒးေခ်ာင္းကို ဆည္အျဖစ္ပိတ္ၿပီးေနာက္ပိုင္းမွာ ႏွစ္စဥ္ခံစားေနရတယ္လို႔လည္း သိရပါတယ္။

“ဆည္ၿပီးကာစ၂၀၀၇နဲ႔၂၀၀၈အထိဘဲ ေရလုံေလာက္စြာရရွိခဲ့တယ္။ ၂၀၀၉ကေန ယေန႔ထိ အခုလိုလေတြမွာ ဆည္ေရမရတဲ့အျပင္ ေျမေအာက္စမ္းေရပါခမ္းေျခာက္လို႔ လက္ႏွိပ္တြင္း၊ အုတ္တြင္းကအစ ေရမထြက္ေတာ့ဘူး”လို႔ အထက္မီးေပါက္႐ြာက ကိုသံလုံးကေျပာပါတယ္။
ယခုလိုရာသီေရာက္တိုင္း ႏွစ္စဥ္ေရျပတ္လပ္တဲ့ဒဏ္ကို ခံၾကရတဲ့႐ြာေတြဟာ အထက္မီးေပါက္ ၊ အလယ္မီးေပါက္၊ ေအာက္မီးေပါက္၊ သရက္ေခ်ာင္းေက်း႐ြာတို႔ပဲ ျဖစ္ပါတယ္။

“ဆည္ေရက မိုးစပါးအတြက္ ႏိုဝင္ဘာအကုန္ထိေပးခဲ့တယ္။ ေႏြစပါးအတြက္ ေဖေဖၚဝါရီ၁ရက္ေန႔မွျပန္ေပးမွာ၊ ဒီႏွစ္က ဆည္ေရဝင္လဲနည္းတယ္၊ ဒီအခ်ိန္ေတြက ဆည္ေျမာင္းလက္တံေတြျပင္ဆင္ ၊ ဆည္ႀကံ့ခိုင္ေရးလုပ္တဲ့အခ်ိန္ျဖစ္တယ္။”လို႔ ဆည္ေျမာင္းဦးစီးဌာန ခ႐ိုင္ဦးစီးမႉးဦးေဇာ္လင္းကေျပာပါတယ္။

အရင္ႏွစ္ေတြထက္ ယခုႏွစ္မွာ ေရပိုမိုျပတ္လပ္ျခင္းဟာ မိုးမရွိတာနဲ႔ ဆည္ကေရကိုထိမ္းထားလို႔ မေဒးေခ်ာင္းက ေရမေနေတာ့တာလို႔ ေဒသခံေတြကေျပာဆိုေနၾကပါတယ္။

“၂၀၀၇ဆည္ၿပီးကာစက ေရအားလွ်ပ္စစ္ေတာင္ လင္းျပေသးတယ္။ ခဏပဲ လူႀကီးေတြျပန္ေတာ့ ေနာက္ထပ္မလင္းေတာ့ဘူး။ မီးစက္႐ုံေတာင္ပ်က္ေနၿပီ”လို႔ ႐ြာခြဲတာဝန္ခံကေျပာျပပါတယ္။

ေခ်ာင္းေအာက္ပိုင္းတေလ်ာက္ကေတာ့ စမ္းေရမခမ္းဘဲ ေရအခက္အခဲသိပ္ မျဖစ္ၾကဘူးလို႔သိရၿပီး အခုလို ေရျပတ္လပ္မႈ႕ေၾကာင့္ စိုက္ပ်ိဳးလက္စေရသြင္းပဲနဲ႔ ကြမ္းၿခံတို႔အပါအဝင္ ဧက၆၀ ေက်ာ္ေလာက္ပ်က္စီးခဲ့တယ္လို႔ ေဒသခံေတာင္သူေတြကေန သိရပါတယ္။

#VOM #voiceofmyanmar #ကံမ #ေရျပတ္ #ရြာ၄ရြာ

Related posts

Leave a Comment

VOM News

FREE
VIEW