ကြက်ဝိုင်း ဝင်ဖမ်းရာမှာ ဆိုင်ကယ် အစီး ၆၀ခန့်သာဖမ်းဆီးရမိပြီး လောင်းကစားလုပ်နေသူတွေ ထွက်ပြေး

တိုက်ကြီး၊ ဒီဇင်ဘာ ၂၉-၂၀၁၉
မိုးယံ(VOM)

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ကျေးရွာရှိလယ်ကွင်းထဲမှာ မနေ့ ဒီဇင်ဘာ(၂၈)ရက်နေ့ညနေ (၄)နာရီဝန်းကျင် ရဲတပ်ဖွဲ့ကကြက်ဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးရာ ကြက်နဲ့လောင်းကစားလုပ်နေသူတွေ လွတ်မြောက်သွားပြီး ကျန်ရစ်တဲ့ ဆိုင်ကယ် အစီး( ၆၀)ခန့်ကိုသာ ဖမ်းဆီးရမိခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းကနေ သိရပါတယ်။

‟ကြက်တိုက်လောင်းကစားတဲ့ လူတွေနဲ့ ကြက်တွေက မမိလိုက်ဘူး။ လောင်းကစားဥပဒေနဲ့အမှုဖွင့်လို့မရဘူး။ မြို့နယ်ထွေအုပ်ကိုတော့ ဘယ်လိုစီမံခန့်ခွဲမလည်းဆိုတာတင်ပြထားတယ်။ ဖမ်းမိတဲ့ ဆိုင်ကယ် အစီး ၆၀ နဲ့ စက်ဘီးတစ်စီးကိုတော့ ကျနော်တို့စခန်းမှာထိန်းသိမ်းထားတယ်လို့ ”ဥက္ကံမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းဇော်ကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မော်တော်ဆိုင်ကယ် အမျိုးအစားမျိုးစုံ (၆၀)စီးနဲ့ စက်ဘီးတစ်စီးတို့ကို ဂေါ့ကျေးရွာအုပ်ချုပ်ရေမှူး ဦးသိန်ထွန်း၊ သပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်တို့ရဲ့ ရှေ့မှာသိမ်းဆည်းခဲ့ပြီး ဥက္ကံရဲစခန်းတွင်းသိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်တွေကို ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို လိုင်စင်ရှိ/မရှိ မေးမြန်းဆောင်ရွက်ပြီး တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန မြို့နယ်အုပ်ချုပ်ရေးမူးရုံးသို့ စီမံခန့်ခွဲမှု ပြုလုပ်ဖို့အတွက် ရဲတပ်ဖွဲ့ကတင်ပြသွားမယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #တိုက်ကြီး #ကြက်ဝိုင်း #လောင်းကစားဖမ်း

Zawgyi


မိုးယံ(VOM)






Related posts

Leave a Comment

VOM News

FREE
VIEW