ရသေ့တောင်မြို့နယ် မယူကမ်းတောင်ဦးအနီး တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရ ထခိုက်မှုရှိ

ရသေ့တောင်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တောင်ဦးအနီးမှာ မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး၊ တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နံနက် ၇ နာရီကျော်ကနေ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ တောင်ဦးနားမှာဖြစ်တယ်။ မနက်ကတည်းက လက်နက်ကြီးနဲ့မဟုတ်ဘဲ ရိုးရိုးတိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ လက်နက်ကြီးက ၃နာရီ ၄နာရီလောက်မှာထုတယ်။ ကျွန်တော်က စစ်တွေရောက်နေလို့ အတိကျမသိသေးဘူး။” လို့ အငူမော်ဒေသခံ ဦးအောင်ဇော်ဝင်းကပြောပါတယ်။

အဲ့ဒီယာဉ်တန်းဟာ တပ်မတော်က ထောက်ပို့ယာဉ်တန်းဖြစ်တဲ့အတွက် အေအေဘက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက အတည်ပြုပြောဆိုပါတယ်။

“မနေ့က ရသေ့တာင်မြို့နယ် အငူမော်အနီးမှာ တပ်မတော်က ထောက်ပို့ယာဉ်တန်းတစ်ခုကို ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ဧရိယာထဲကို စစ်ဆင်ရေးပုံစံမျိုးနဲ့ ဝင်ရောက်လာလို့ကတော့ ကျွန်တော်တို့က ဘယ်နည်းနဲ့မဆို ဟန့်တားမှုတွေ လုပ်ရမှာပဲ”လို့ ခိုင်သုခက ပြောပါတယ်။

အဲ့ဒီ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ ယာဉ်တန်းဟာ ရဲတပ်ဖွဲ့ရဲ့ယာဉ်တန်းလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ခိုင်သုခကတော့ တပ်မတော်စစ်ကြောင်းတွေကို နေရာပြောင်းရွှေ့မှုတွေ ပြုလုပ်တဲ့အခါမှာ အရပ်သားကားတွေ၊ ရဲတပ်ဖွဲ့ကားတွေကို အသုံးပြုပြီး ရဲယူနီဖောင်းတွေကိုလည်း အသုံးပြုသွားလာတာတွေရှိတယ်လို့ ပြောဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီကိစ္စကို သူ့အနေနဲ့ မသိရှိရသေးဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တပ်မတော်နဲ့ အေအေတို့ကြားတိုက်ပွဲတွေဟာ ယခုနှစ်ကုန်းပိုင်းတွေမှာ ပိုမိုပြင်းထန်လာပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း တစ်သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တပ်မတော်ယာဉ်တန်း #မိုင်းဆွဲခံရ

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္ မယူကမ္းေတာင္ဦးအနီး တပ္မေတာ္ယာဥ္တန္းမိုင္းဆြဲခံရ ထခိုက္မႈရွိ

ရေသ့ေတာင္၊ ဒီဇင္ဘာ ၂၉၊ ၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေတာင္ဦးအနီးမွာ မေန႔ ဒီဇင္ဘာ ၂၈ ရက္ေန႔ မနက္ပိုင္းက တပ္မေတာ္ယာဥ္တန္းတစ္ခု မိုင္းခြဲတိုက္ခိုက္ခံခဲ့ရၿပီး၊ တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြကေန သိရပါတယ္။

နွစ္ဖက္အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြဟာ နံနက္ ၇ နာရီေက်ာ္ကေန စတင္ျဖစ္ပြားခဲ့ၿပီး ညေန ၃နာရီေလာက္မွာ လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာေတြ႐ွိတယ္လို႔ သိရပါတယ္။

“တိုက္ပြဲျဖစ္ပြားခဲ့တာ႐ွိပါတယ္။ ေတာင္ဦးနားမွာျဖစ္တယ္။ မနက္ကတည္းက လက္နက္ႀကီးနဲ႔မဟုတ္ဘဲ ႐ိုး႐ိုးတိုက္ပြဲျဖစ္တယ္လို႔ေျပာတယ္။ လက္နက္ႀကီးက ၃နာရီ ၄နာရီေလာက္မွာထုတယ္။ ကၽြန္ေတာ္က စစ္ေတြေရာက္ေနလို႔ အတိက်မသိေသးဘူး။” လို႔ အငူေမာ္ေဒသခံ ဦးေအာင္ေဇာ္ဝင္းကေျပာပါတယ္။

အဲ့ဒီယာဥ္တန္းဟာ တပ္မေတာ္က ေထာက္ပို႔ယာဥ္တန္းျဖစ္တဲ့အတြက္ ေအေအဘက္ကေန မိုင္းဆြဲတုိက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခိုင္သုခက အတည္ျပဳေျပာဆိုပါတယ္။

“မေန႔က ရေသ့တာင္ၿမိဳ႕နယ္ အငူေမာ္အနီးမွာ တပ္မေတာ္က ေထာက္ပို႔ယာဥ္တန္းတစ္ခုကို ကၽြန္ေတာ္တုိ႔ မိုင္းဆြဲတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ စစ္ျဖစ္ေနတဲ့ဧရိယာထဲကို စစ္ဆင္ေရးပံုစံမ်ိဳးနဲ႔ ဝင္ေရာက္လာလို႔ကေတာ့ ကၽြန္ေတာ္တုိ႔က ဘယ္နည္းနဲ႔မဆို ဟန္႔တားမႈေတြ လုပ္ရမွာပဲ”လို႔ ခိုင္သုခက ေျပာပါတယ္။

အဲ့ဒီ မိုင္းဆြဲတိုက္ခုိက္ခံလိုက္ရတဲဲ့ ယာဥ္တန္းဟာ ရဲတပ္ဖြဲ႔ရဲ႕ယာဥ္တန္းလို႔ သတင္းေတြထြက္ေပၚေနေပမယ့္ ခိုင္သုခကေတာ့ တပ္မေတာ္စစ္ေၾကာင္းေတြကို ေနရာေျပာင္းေရႊ႕မႈေတြ ျပဳလုပ္တဲ့အခါမွာ အရပ္သားကားေတြ၊ ရဲတပ္ဖြဲ႔ကားေတြကို အသံုးျပဳၿပီး ရဲယူနီေဖာင္းေတြကိုလည္း အသံုးျပဳသြားလာတာေတြရွိတယ္လို႔ ေျပာဆိုပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ကို ဆက္သြယ္ေမးျမန္းခဲဲ့ရာမွာေတာ့ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ဒီကိစၥကို သူ႔အေနနဲ႔ မသိရွိရေသးဘူးလို႔ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ၾကားတိုက္ပြဲေတြဟာ ယခုႏွစ္ကုန္းပိုင္းေတြမွာ ပိုမိုျပင္းထန္လာၿပီးေတာ့ ေနရပ္စြန္႔ခြာထြက္ေျပးရတဲ့ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြလည္း တစ္သိန္းေက်ာ္ ႐ွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တပ္မေတာ္ယာဥ္တန္း #မိုင္းဆြဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW