အခြေခံပညာသင်ကာလ တိုးမြှင့်တာကို ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ နဲ့ပညာရေး တက္ကသိုလ်များက ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀-၂၀၁၉
စွဲ့ဝတီ(VOM)

အခြေခံပညာကျောင်းများရဲ့ ပညာသင်ကာလကို မတ်လ ၃၁ရက်အထိ တိုးမြှင့်တဲ့အပေါ် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီ နဲ့ပညာရေး တက္ကသိုလ်များ ကန့်ကွက်တဲ့အတွက် ဒီဇင်ဘာ၂၈ရက်နေ့ကနေစတင်ပြီး ကြေညာချက် အသီးသီးကို တက္ကသိုလ်အများစုက ထုတ်ပြန်ခဲ့ပါတယ်။

အခြေခံပညာအတန်းများရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြီးဆုံးတဲ့အချိန်မှာ စစ်ဆေးရမယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာထုတ်ပြန်ခဲ့တဲ့အပေါ်မှာ ပညာရေးကောလိပ် ၂၃ခု ပါဝင်ဖွဲ့စည်းထားတဲ့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂတို့က ကန့်ကွက်စာအသီးသီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အဓိကဖြစ်စေချင်တာကတော့ အခြေခံပညာက ဆရာ၊ဆရာမတွေရဲ့ အသံကို ပြန်ပြီးတော့ နားထောင်စေချင်တာပေါ့။ မတ်လကုန်အထိ ကျောင်းဖွင့်ရင် ကလေးတွေအတွက် ဘာတွေရသွားနိုင်လဲ။ သူတို့ရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့ ဖွင့်တယ်ဆိုရင် လက်ခံပေးလို့ရတယ်။ အခြေခံပညာက ဆရာ၊ဆရာမတွေရဲ့ အသံကို သေချာပြန်နားထောင်စေချင်တယ်။ အခြေခံမှာဖြစ်နေတဲ့အကြောင်းအရာအပေါ်မူတည်ပြီးတော့ ဒါကို လုပ်သင့်လား။ မလုပ်သင့်ဘူးလား။ လုပ်ရင် အကျိုးရှိလား။ မရှိဘူးလားဆိုတာကိုက လုပ်သင့်တယ်လို့ ထင်တယ်။ ဒါကို ဥပက္ခာပြုပြီးတော့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ကတော့ လုပ်နည်းလုပ်ဟန် အတိုင်းပဲ ဆက်ပြီးသွားရလိမ့်မယ်”လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိုင်ထက်ဝေက ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားစာကို သဘောတူလက်မခံနိုင်ကြောင်းကိုလည်း အခြေခံပညာရေးမှ ကျောင်းဆရာ ၊ဆရာမများနဲ့ ပညာရေးဝန်ထမ်းများက ကန့်ကွက်ငြင်းဆန်သည့် သဘောထားများ ထုတ်ဖော်ပြသခဲ့တယ်လို့ အဲ့ဒီကြေညာချက်တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခြေခံပညာဆရာ၊ဆရာမတွေကို ဝန်းရံတယ်။ ဆရာများအဖွဲ့ချုပ်ကလည်း ဒီကိစ္စကို ကန့်ကွက်ထားတာရှိတယ်။ ကျွန်တော်တို့ကတော့ ဆရာ၊ဆရာမတွေဘက်က ဝန်းရံပြီးတော့ သူတို့နဲ့ တစ်သားထဲ ရပ်တည်မဲ့ သဘောထား ဖြစ်ပါတယ် ”လို့ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြု ကော်မတီ မှ ပြင်ပအကြံပေးကော်မတီဝင် ကိုဇော်ရဲထွဋ်ကပြောပါတယ်။

အခြေခံပညာရေးဦးစီးဌာနစီမံခန့်ခွဲသူများနဲ့ လုပ်ငန်းခွင်က ဝန်ထမ်းများအကြားသဘောထား ကွဲလွဲရတဲ့အဓိအကြောင်းရင်းက လုပ်ငန်းခွင် ဆရာ၊ဆရာမများနဲ့ ပညာရေးဝန်ထမ်းများရဲ့ သဘောထားများနဲ့ဆန္ဒများကို လျစ်လျုရှုခြင်း၊ သစ်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလ ခွဲဝေမူအား ကြိုတင်ပြင်ဆင်မူမရှိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ဖြစ်ရတယ်လို့ ယုံကြည်ပြီး ၊ ပညာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရဲ့ ကမောက်ကမ ပညာရေးရေးစနစ် နဲ့အစမ်းသပ်ခံ ပညာရေးအခင်းအကျင်းတို့ကို ဖန်တီးနေတယ်လို့ အဲ့ဒီကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီညွှန်ကြားစာကို ပြန်လည် ပယ်ဖျက်ပေးဖို့နဲ့ အခြေခံပညာရေးက ဆရာ၊ဆရာမများရဲ့ သဘောထားဆန္ဒတွေနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့၊ အခြေခံ ပညာသင်ကာတိုးမြှင့်ခြင်းကို အခြေခံပညာ ဆရာ၊ဆရာမများရဲ့ သဘောထားနဲ့အတူ တစ်သားတည်း ရပ်တည်နေတယ်အတွက် သဘောထား ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်း အတန်းအသီးသီးရဲ့ ကျောင်းတက်ကာလ တိုးမြှင့်ရတာက မြန်မာနိုင်ငံရဲ့အခြေခံပညာကျောင်းတက်ရက်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံဖြိုးဆဲနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ရက်ပေါင်း ၁၈၀၊ ၂၀၀လောက်ရှိရမဲ့အစား ၁၁၀နဲ့ ၁၂၀လောက်ပဲ ရှိတဲ့အတွက် ခုလိုပညာသင်ကာလ တိုးရတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောကြားထားတာလည်း ဖြစ်ပါတယ်။

ကျောင်းတွင်းစစ်စာမေးပွဲများကို မတ် ၂၃ရက်နေ့ မှ မတ် ၃၁ရက် အတွင်း ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲပြီးမှ ပြုလုပ်မယ်လို့ သိရပါတယ်။

 

Photo – Representative Committe Of ECSUs

#VOM #voiceofmyanmar #ရန်ကုန် #အခြေခံပညာ #ပညာသင်ကာလတိုးမြှင့်

Zawgyi

အေျခခံပညာသင္ကာလ တိုးျမႇင့္တာကို ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီ နဲ႔ပညာေရး တကၠသိုလ္မ်ားက ကန႔္ကြက္

ရန္ကုန္၊ ဒီဇင္ဘာ ၃၀-၂၀၁၉
စြဲ႕ဝတီ(VOM)

အေျခခံပညာေက်ာင္းမ်ားရဲ႕ ပညာသင္ကာလကို မတ္လ ၃၁ရက္အထိ တိုးျမႇင့္တဲ့အေပၚ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳ ေကာ္မတီ နဲ႔ပညာေရး တကၠသိုလ္မ်ား ကန႔္ကြက္တဲ့အတြက္ ဒီဇင္ဘာ၂၈ရက္ေန႔ကေနစတင္ၿပီး ေၾကညာခ်က္ အသီးသီးကို တကၠသိုလ္အမ်ားစုက ထုတ္ျပန္ခဲ့ပါတယ္။

အေျခခံပညာအတန္းမ်ားရဲ႕ ေက်ာင္းတြင္းစစ္စာေမးပြဲေတြကို တကၠသိုလ္ဝင္တန္းစာေမးပြဲမ်ား ၿပီးဆုံးတဲ့အခ်ိန္မွာ စစ္ေဆးရမယ္လို႔ ပညာေရးဝန္ႀကီးဌာနက ၫႊန္ၾကားစာထုတ္ျပန္ခဲ့တဲ့အေပၚမွာ ပညာေရးေကာလိပ္ ၂၃ခု ပါဝင္ဖြဲ႕စည္းထားတဲ့ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳ ေကာ္မတီနဲ႔ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၊ စစ္ကိုင္းပညာေရးတကၠသိုလ္ ေက်ာင္းသား မ်ားသမဂၢတို႔က ကန႔္ကြက္စာအသီးသီး ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ အဓိကျဖစ္ေစခ်င္တာကေတာ့ အေျခခံပညာက ဆရာ၊ဆရာမေတြရဲ႕ အသံကို ျပန္ၿပီးေတာ့ နားေထာင္ေစခ်င္တာေပါ့။ မတ္လကုန္အထိ ေက်ာင္းဖြင့္ရင္ ကေလးေတြအတြက္ ဘာေတြရသြားႏိုင္လဲ။ သူတို႔ရည္႐ြယ္ခ်က္မွန္မွန္ကန္ကန္နဲ႔ ဖြင့္တယ္ဆိုရင္ လက္ခံေပးလို႔ရတယ္။ အေျခခံပညာက ဆရာ၊ဆရာမေတြရဲ႕ အသံကို ေသခ်ာျပန္နားေထာင္ေစခ်င္တယ္။ အေျခခံမွာျဖစ္ေနတဲ့အေၾကာင္းအရာအေပၚမူတည္ၿပီးေတာ့ ဒါကို လုပ္သင့္လား။ မလုပ္သင့္ဘူးလား။ လုပ္ရင္ အက်ိဳးရွိလား။ မရွိဘူးလားဆိုတာကိုက လုပ္သင့္တယ္လို႔ ထင္တယ္။ ဒါကို ဥပကၡာျပဳၿပီးေတာ့ ဆက္လုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ကေတာ့ လုပ္နည္းလုပ္ဟန္ အတိုင္းပဲ ဆက္ၿပီးသြားရလိမ့္မယ္”လို႔ စစ္ကိုင္းပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ျပင္ပဆက္ဆံေရးတာဝန္ခံ ကိုပိုင္ထက္ေဝက ေျပာပါတယ္။
ပညာေရးဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားစာကို သေဘာတူလက္မခံႏိုင္ေၾကာင္းကိုလည္း အေျခခံပညာေရးမွ ေက်ာင္းဆရာ ၊ဆရာမမ်ားနဲ႔ ပညာေရးဝန္ထမ္းမ်ားက ကန႔္ကြက္ျငင္းဆန္သည့္ သေဘာထားမ်ား ထုတ္ေဖာ္ျပသခဲ့တယ္လို႔ အဲ့ဒီေၾကညာခ်က္ေတြမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ အေျခခံပညာဆရာ၊ဆရာမေတြကို ဝန္းရံတယ္။ ဆရာမ်ားအဖြဲ႕ခ်ဳပ္ကလည္း ဒီကိစၥကို ကန႔္ကြက္ထားတာရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဆရာ၊ဆရာမေတြဘက္က ဝန္းရံၿပီးေတာ့ သူတို႔နဲ႔ တစ္သားထဲ ရပ္တည္မဲ့ သေဘာထား ျဖစ္ပါတယ္ ”လို႔ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳ ေကာ္မတီ မွ ျပင္ပအႀကံေပးေကာ္မတီဝင္ ကိုေဇာ္ရဲထြဋ္ကေျပာပါတယ္။

အေျခခံပညာေရးဦးစီးဌာနစီမံခန႔္ခြဲသူမ်ားနဲ႔ လုပ္ငန္းခြင္က ဝန္ထမ္းမ်ားအၾကားသေဘာထား ကြဲလြဲရတဲ့အဓိအေၾကာင္းရင္းက လုပ္ငန္းခြင္ ဆရာ၊ဆရာမမ်ားနဲ႔ ပညာေရးဝန္ထမ္းမ်ားရဲ႕ သေဘာထားမ်ားနဲ႔ဆႏၵမ်ားကို လ်စ္လ်ဳရႈျခင္း၊ သစ္႐ိုးသစ္၊ သင္႐ိုးေဟာင္း စာသင္ကာလ ခြဲေဝမူအား ႀကိဳတင္ျပင္ဆင္မူမရွိျခင္း စတဲ့အေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ရတယ္လို႔ ယုံၾကည္ၿပီး ၊ ပညာေရးဝန္ႀကီးဌာနဟာ ျမန္မာႏိုင္ငံရဲ႕ ကေမာက္ကမ ပညာေရးေရးစနစ္ နဲ႔အစမ္းသပ္ခံ ပညာေရးအခင္းအက်င္းတို႔ကို ဖန္တီးေနတယ္လို႔ အဲ့ဒီေၾကညာခ်က္မွာ ထည့္သြင္းေဖာ္ျပထားပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဒီၫႊန္ၾကားစာကို ျပန္လည္ ပယ္ဖ်က္ေပးဖို႔နဲ႔ အေျခခံပညာေရးက ဆရာ၊ဆရာမမ်ားရဲ႕ သေဘာထားဆႏၵေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ေပးဖို႔၊ အေျခခံ ပညာသင္ကာတိုးျမႇင့္ျခင္းကို အေျခခံပညာ ဆရာ၊ဆရာမမ်ားရဲ႕ သေဘာထားနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတယ္အတြက္ သေဘာထား ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ အေျခခံပညာေက်ာင္း အတန္းအသီးသီးရဲ႕ ေက်ာင္းတက္ကာလ တိုးျမႇင့္ရတာက ျမန္မာႏိုင္ငံရဲ႕အေျခခံပညာေက်ာင္းတက္ရက္ဟာ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားနဲ႔ ဖြံၿဖိဳးဆဲႏိုင္ငံမ်ားနဲ႔ ႏႈိင္းယွဥ္ရင္ ရက္ေပါင္း ၁၈၀၊ ၂၀၀ေလာက္ရွိရမဲ့အစား ၁၁၀နဲ႔ ၁၂၀ေလာက္ပဲ ရွိတဲ့အတြက္ ခုလိုပညာသင္ကာလ တိုးရတာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာၾကားထားတာလည္း ျဖစ္ပါတယ္။

ေက်ာင္းတြင္းစစ္စာေမးပြဲမ်ားကို မတ္ ၂၃ရက္ေန႔ မွ မတ္ ၃၁ရက္ အတြင္း က်င္းပသြားမွာျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲၿပီးမွ ျပဳလုပ္မယ္လို႔ သိရပါတယ္။

Photo – Representative Committe Of ECSUs

#VOM #voiceofmyanmar #ရန္ကုန္ #အေျခခံပညာ #ပညာသင္ကာလတိုးျမွင့္

Related posts

Leave a Comment

VOM News

FREE
VIEW