တရုတ်နိုင်ငံက သံတမာန်နိုင်ငံကူးနဲ့ တရားဝင်နိုင်ငံကူးလက်မှတ်ရှိသူတွေကို ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်ပေး

မူဆယ်၊ဇန်နဝါရီ ၁-၂၀၁၉
မဟာမင်း(VOM)

မူဆယ်မြို့ရှိ နှစ်နိုင်ငံလူဝင်လူထွက်စစ်ဆေးရေး နန်းတော်ဂိတ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး သံတမာန် ပတ်စပိုစ့် နဲ့ အထူးပတ်စပိုစ့်(ခေါ်)အစိုးရဝန်ထမ်းများအတွက် ထုတ်ပေးတဲ့ပတ်စပိုစ့်ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားတွေကို ရက်(၃၀)ဗီဇာကင်းလွတ်ခွင့် နဲ့ မြန်မာနိုင်ငံအတွင်းဝင်ရောက် ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကနေ သိရပါတယ်။

“မြန်မာပြည်ရဲ့ခရီးသွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီးတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်၉ နာရီ အချိန်ကစတင်၍ Diplomatic Passport နှင့် Official Passport (ခ)Special Passport တို့ဖြင့် ဝင်ရောက်လာသူများကို ရက်၃၀ ဗီဇာကင်းလွတ်ခွင့် ဖြင့် လာရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံလူဝင်လူထွက်များခဲ့ရင်လည်း နှစ်နိုင်ငံပြည်သူများအတွက် Passport ဖြင့် ဝင်ထွက်သွားလာနိုင်အောင် တိုးချဲ့မှုတွေအတွက် ယာထားပါတယ်။ နန်းတော်ပေါက်ကနေ Diplomatic Passport နှင့် Official Passport တို့ဖြင့် ဝင်လာတဲ့ မည်သူမဆို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာလေယာဉ်ကွင်းများမှ ပြန်လည်ထွက်ခွါနိုင်ပါတယ်”လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

သက်မှတ်ထားတဲ့ ပတ်စပိုစ့်ကိုင်ဆောင်ထားသူတွေအနေနဲ့ မူဆယ် ၊ ကွက်ခိုင်၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ ပြင်ဦးလွင်လမ်းအတိုင်း မန္တလေး ၊ ရန်ကုန် စတဲ့မြို့တွေကို ဝင်ရောက်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတကာလေယာဉ်ကွင်းတွေကနေ ပြန်လည်ထွက်ခွါနိုင်မယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့မှာ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်လူထွက် စစ်ဆေးရေးဂိတ် မန့်ဝန်း ၊နန်တော် နဲ့ ဆင်ဖြူ ၃ဂိတ်ရှိပြီး အဲ့ဒီ၃ဂိတ်ကနေ နေ့စဉ် နှစ်နိုင်ငံပြည်သူ နှစ်သောင်းနဲ့ သုံးသောင်းကြားဟာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BORDER PASS စာအုပ် သို့မဟုတ် TEMPORARY BORDERPASS ကဒ်တို့နဲ့ အဝင်အထွက် ဖြတ်သန်းလျက်ရှိတယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့ မင်္ဂလာမူဆယ် အထူးစီးပွားရေးဇုန်အတွင်းရှိ ဟိုဆောင် အပြည်ပြည်ဆိုင်ရာ လူဝင်လူထွက် စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုမှာ ၉၀ ရာခိုင်းနှုန်းအထိပြီးစီးနေပြီ ၎င်း ဂိတ် အမြန်ဆုံးဖွင့်လှစ်နိုင်‌ရေး ကို မူဆယ်မြို့နေသူတွေက မျှော်လင့်လျက်နေတာဖြစ်ပါတယ်။

အဲ့ဒီဂိတ်စဖွင့်လာရင် နှစ်နိုင်ငံပြည်သူ Paassport စာအုပ်နဲ့ ဝင်ထွက်ဖြတ်သန်းနိုင်ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံ ခရီးသွားရေးလုပ်များနဲ့ စီးပွားရေးတိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ မူဆယ်မြို့မှာ နေထိုင်သူထိုင်သူတွေက မှတ်ချက်ပြုပြောကြားထားတာလည်း ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မူဆယ် #တရုတ်နိုင်ငံသား #မြန်မာနိုင်ငံဝင်ရောက်ခွင့်

Zawgyi

တရုတ္နိုင္ငံက သံတမာန္နိုင္ငံကူးနဲ႔ တရားဝင္ႏိုင္ငံကူးလက္မွတ္ရိွသူေတြကို ရက္(၃၀)ဗီဇာကင္းလြတ္ခြင့္ျဖင့္ ျမန္မာနုိင္ငံအတြင္းဝင္ေရာက္ခြင့္ေပး

မူဆယ္၊ဇန္နဝါရီ ၁-၂၀၁၉
မဟာမင္း(VOM)

မူဆယ္ၿမိဳ႕ရိွ ႏွစ္ႏိုင္ငံလူဝင္လူထြက္စစ္ေဆးေရး နန္းေတာ္ဂိတ္မွာ ဒီကေန႔မနက္ပိုင္းကစၿပီး သံတမာန္ ပတ္စပိုစ့္ နဲ႔ အထူးပတ္စပိုစ့္(ေခၚ)အစိုးရဝန္ထမ္းမ်ားအတြက္ ထုတ္ေပးတဲ့ပတ္စပိုစ့္ကိုင္ေဆာင္ထားတဲ့ တရုတ္နိုင္ငံသားေတြကို ရက္(၃၀)ဗီဇာကင္းလြတ္ခြင့္ နဲ႔ ျမန္မာနုိင္ငံအတြင္းဝင္ေရာက္ ျဖတ္သန္းခြင့္ျပဳခဲ့တယ္လို႔ ရွမ္းျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာနကေန သိရပါတယ္။

“ျမန္မာျပည္ရဲ႕ခရီးသြားလာေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစရန္ရည္႐ြယ္ၿပီးေတာ့ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ နံနက္၉ နာရီ အခ်ိန္ကစတင္၍ Diplomatic Passport ႏွင့္ Official Passport (ခ)Special Passport တို႔ျဖင့္ ဝင္ေရာက္လာသူမ်ားကို ရက္၃၀ ဗီဇာကင္းလြတ္ခြင့္ ျဖင့္ လာေရာက္လည္ပတ္ႏိုင္ၿပီျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံလူဝင္လူထြက္မ်ားခဲ့ရင္လည္း ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ Passport ျဖင့္ ဝင္ထြက္သြားလာႏိုင္ေအာင္ တိုးခ်ဲ႕မႈေတြအတြက္ ယာထားပါတယ္။ နန္းေတာ္ေပါက္ကေန Diplomatic Passport ႏွင့္ Official Passport တို႔ျဖင့္ ဝင္လာတဲ့ မည္သူမဆို ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံတကာေလယာဥ္ကြင္းမ်ားမွ ျပန္လည္ထြက္ခြါႏိုင္ပါတယ္”လို႔ ရွမ္းျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးဝင္းလြင္က ေျပာပါတယ္။

သက္မွတ္ထားတဲ့ ပတ္စပိုစ့္ကိုင္ေဆာင္ထားသူေတြအေနနဲ႔ မူဆယ္ ၊ ကြက္ခိုင္၊ လားရႈိး၊ သီေပါ၊ ေနာင္ခ်ိဳ၊ ျပင္ဦးလြင္လမ္းအတိုင္း မႏၲေလး ၊ ရန္ကုန္ စတဲ့ၿမိဳ႕ေတြကို ဝင္ေရာက္လာႏိုင္ၿပီး ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံတကာေလယာဥ္ကြင္းေတြကေန ျပန္လည္ထြက္ခြါႏိုင္မယ္လို႔လည္း သိရပါတယ္။

မူဆယ္ၿမိဳ႕မွာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံလူဝင္လူထြက္ စစ္ေဆးေရးဂိတ္ မန႔္ဝန္း ၊နန္ေတာ္ နဲ႔ ဆင္ျဖဴ ၃ဂိတ္ရွိၿပီး အဲ့ဒီ၃ဂိတ္ကေန ေန႔စဥ္ ႏွစ္ႏိုင္ငံျပည္သူ ႏွစ္ေသာင္းနဲ႔ သုံးေသာင္းၾကားဟာ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ BORDER PASS စာအုပ္ သို႔မဟုတ္ TEMPORARY BORDERPASS ကဒ္တို႔နဲ႔ အဝင္အထြက္ ျဖတ္သန္းလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

မူဆယ္ၿမိဳ႕ မဂၤလာမူဆယ္ အထူးစီးပြားေရးဇုန္အတြင္းရွိ ဟိုေဆာင္ အျပည္ျပည္ဆိုင္ရာ လူဝင္လူထြက္ စစ္ေဆးေရးဂိတ္ တည္ေဆာက္ေနမႈမွာ ၉၀ ရာခိုင္းႏႈန္းအထိၿပီးစီးေနၿပီ ၎ ဂိတ္ အျမန္ဆုံးဖြင့္လွစ္ႏိုင္‌ေရး ကို မူဆယ္ၿမိဳ႕ေနသူေတြက ေမွ်ာ္လင့္လ်က္ေနတာျဖစ္ပါတယ္။

အဲ့ဒီဂိတ္စဖြင့္လာရင္ ႏွစ္ႏိုင္ငံျပည္သူ Paassport စာအုပ္နဲ႔ ဝင္ထြက္ျဖတ္သန္းႏိုင္ၿပီး ျမန္မာ – တ႐ုတ္ ႏွစ္ႏိုင္ငံ ခရီးသြားေရးလုပ္မ်ားနဲ႔ စီးပြားေရးတိုးတက္မႈေတြ ရွိလာႏိုင္တယ္လို႔ မူဆယ္ၿမိဳ႕မွာ ေနထုိင္သူထိုင္သူေတြက မွတ္ခ်က္ျပဳေျပာၾကားထားတာလည္း ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #တရုတ္န္ိုင္ငံသား #ျမန္မာနို္င္ငံဝင္ေရာက္ခြင့္

Related posts

Leave a Comment

VOM News

FREE
VIEW