ဗစ်တိုးရီးယားအမည်ကို ထုတ်ဖော်ပြောကြားတဲ့သူတွေကို တရားစွဲဆိုဖို့ အမှုအပ်နှံတဲ့ လုပ်ငန်းများစတင်

နေပြည်တော် ၊ ဇန်နဝါရီ ၂-၂၀၁၉
သူရိန်(VOM)

ဗစ်တိုးရီးယားနာမည်နဲ့ မိဘနာမည်တွေကို ထုတ်ဖော်ပြောကြားခဲ့သူတွေကို တရားစွဲဆိုနိုင်ဖို့အတွက် ဗစ်တိုးရီးယားရဲ့ဖခင်ဆီကနေ ကိုယ်စားလှယ်လွှဲအပ်စာရရှိတဲ့ စာရေးဆရာထင်လင်းဦးက မြန်မာ နိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)ကို အမှုအပ်နှံခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦး (ILAM) ကနေ သိရပါတယ်။

“ပထမဆုံး ဆရာထင်တို့ကော်မတီ (ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီ )က ကျွန်တော်တို့ကိုအမှုအပ်လိုက်ပြီ ။ ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း(ILAM)က ကော်မတီရယ် ၊ မိသားစုရယ် ရှေ့နေတွေအဖြစ် စတင်ဆောင်ရွက်သွားပါတော့မယ်။ ဆရာထင်က ကိုယ်စားလှယ်ပါဝါယူထားတော့ တရားမကြောင်းမှာတော့ ဆောင်ရွက်လို့ရတယ် ၊ ပြစ်မှုကြောင်းမှာကျတော့ တချို့အမှုတွေက နစ်နာသူကိုယ်တိုင်စွဲဖို့ မိသားစုနဲ့တွေ့ဖို့ရှိသေးတယ်။ တရားမမှုကတော့ ဆရာထင်က ကိုယ်စားလှယ်လွဲလို့ရတယ်။ အချို့အမှုတွေမှာတော့ ကိုယ်စားလှယ်နဲ့စွဲခွင့်ပြုတယ်။ ရှေ့တပတ်မိသားစုနဲ့ အိုင်လန်ကိုယ်စားတွေ့ဆုံမှာဖြစ်ပြီး တရားစွဲတဲ့သူတွေက ပြည်သူ့ဝန်ထမ်းတွေပါရင် ဥပဒေအရခွင့်ပြုမိန့်တောင်းတာ ၊တရားမကြောင်းအရ နို့တစ်စာပေးတာလုပ်ရမယ်။ အခုကတရားဝင်စလုပ်ပါပြီ”လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦး (ILAM) ကပြောပါတယ်။

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေးအတွက် အချက် ၃ ချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဗစ်တိုးရီးယားအမှုက ကိုအောင်ကြီး လွတ်သွားပေမယ့် တရားခံပေါ်ပေါက်ဖို့ ကလေးငယ်အပေါ်ကျူးလွန်ခဲ့တဲ့အတွက် ရာဇဝတ် ကြောင်းဆိုင်ရာ ကိစ္စ‌တွေကိုတရားစွဲဆိုဆောင်ရွက်ဖို့နဲ့ မိသားစု ဂုဏ်သိက္ခာနစ်နာခဲ့ရတဲ့အတွက် တရားမ ကြောင်းအရ နစ်နာကြေးတောင်းဆိုသွားမယ်လို့ သိရပါတယ်။

“ဒီလိုဆောင်ရွက်ရတာက (၁) တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတာ သေချာစေဖို့ ၊ (၂) နိုင်ငံသားတစ်ယောက်ရဲ့ ထိခိုက်နစ်နာမှုဟာ နိုင်ငံသား အားလုံးနဲ့ဆိုင်တယ်။ ဒါကြောင့် မတရားမှုတိုင်းကို နိုင်ငံသားတွေရဲ့အားနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာ သာဓကဖြစ်စေဖို့၊ (၃) one for all , all for one ဆိုတာကို သက်သေပြဖို့အတွက်ပါ”လို့ဗစ်တိုးရီးယားရဲ့ဖခင်ဆီကနေ ကိုယ်စားလှယ်လွှဲအပ်စာရရှိသူ စာရေးဆရာ ထင်လင်းဦး ( Wisdom Villa )ကပြောပါတယ်။

နေပြည်တော်မှာ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အများစုက လျှို့ဝှက်ထားတဲ့ လိင်အကြမ်းဖက်မှုကျူးလွန်ခံရတဲ့ ဗစ်တိုးရီးယားအမည်၊ မိဘအမည်တွေကို ရဲမှူးချုပ် စိုးနိုင်ဦးနဲ့ ရဲမှူးကြီးသာထွန်းတို့က မီဒီယာတွေအပါအဝင် ပြည်သူအားလုံးကို ရဲဇာနည် Facebook စာမျက်နှာက Live လွှင့်ကာ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ သမီးငယ်ရဲ့အမည်ရင်းနဲ့ ကိုယ်ရေးအချက်အလက်တွေကို သတင်းထုတ်ပြန်ခဲ့တာက အလွန်ဆိုးရွားတဲ့ လုပ်ဆောင်ချက်ဆိုတာကို မြန်မာနိုင်ငံသား ပြည်သူတွေက ဆန္ဒပြပွဲတွေ၊ ဥပ‌ဒေပညာရှင်တွေ ၊ အသိပညာရှင် အတတ်ပညာရှင်တွေသာမက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကပါ ဝေဖန်ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ရပ်အတွက် တာဝန်ယူမှုတာဝန်ခံမှုရှိဖို့နဲ့ အမှုမှန်ပေါ်ပေါ်က်ဖို့ ဗစ်တိုးရီးယားအတွက် အမှန်တရား တောင်းဆိုမှုကော်မတီ ( Committee for Demanding Justice for Victoria) ကို ဒီဇင်ဘာ၂၂ ရက်ကဖွဲ့စည်းခဲ့ပြီး ဒီကော်မတီက သမီးငယ်ရဲ့ထိခိုက်နစ်နာမှုအတွက် တာဝန်ယူမှု ၊ တာဝန်ခံ မှုတို့ကို တောင်းဆိုဖို့ ၊ သမီးငယ်ရဲ့ အမှုကိစ္စ အမှန်တရားပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုကိုရရှိဖို့ ရေဆုံး ရေဖျား ဆက်လက်ရင်ဆိုင်သွားကြမယ်လို့ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Photo – ဦးသိန်းသန်းဦး(FB)
#VOM #voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား #တရားစွဲဖို့စတင်

Zawgyi

ဗစ္တိုးရီးယားအမည္ကို ထုတ္ေဖာ္ေျပာၾကားတဲ့သူေတြကို တရားစြဲဆိုဖို႔ အမႈအပ္ႏွံတဲ့ လုပ္ငန္းမ်ားစတင္

ေနျပည္ေတာ္ ၊ ဇန္နဝါရီ ၂-၂၀၁၉
သူရိန္(VOM)

ဗစ္တိုးရီးယားနာမည္နဲ႔ မိဘနာမည္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့သူေတြကို တရားစြဲဆိုႏိုင္ဖို႔အတြက္ ဗစ္တိုးရီးယားရဲ႕ဖခင္ဆီကေန ကိုယ္စားလွယ္လႊဲအပ္စာရရွိတဲ့ စာေရးဆရာထင္လင္းဦးက ျမန္မာ ႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ားအသင္း (ILAM)ကို အမႈအပ္ႏွံခဲ့တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးသိန္းသန္းဦး (ILAM) ကေန သိရပါတယ္။

“ပထမဆုံး ဆရာထင္တို႔ေကာ္မတီ (ဗစ္တိုးရီးယားအတြက္ အမွန္တရားေတာင္းဆိုမႈ ေကာ္မတီ )က ကြၽန္ေတာ္တို႔ကိုအမႈအပ္လိုက္ၿပီ ။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံလြတ္လပ္ေသာေရွ႕ေနမ်ား အသင္း(ILAM)က ေကာ္မတီရယ္ ၊ မိသားစုရယ္ ေရွ႕ေနေတြအျဖစ္ စတင္ေဆာင္႐ြက္သြားပါေတာ့မယ္။ ဆရာထင္က ကိုယ္စားလွယ္ပါဝါယူထားေတာ့ တရားမေၾကာင္းမွာေတာ့ ေဆာင္႐ြက္လို႔ရတယ္ ၊ ျပစ္မႈေၾကာင္းမွာက်ေတာ့ တခ်ိဳ႕အမႈေတြက နစ္နာသူကိုယ္တိုင္စြဲဖို႔ မိသားစုနဲ႔ေတြ႕ဖို႔ရွိေသးတယ္။ တရားမမႈကေတာ့ ဆရာထင္က ကိုယ္စားလွယ္လြဲလို႔ရတယ္။ အခ်ိဳ႕အမႈေတြမွာေတာ့ ကိုယ္စားလွယ္နဲ႔စြဲခြင့္ျပဳတယ္။ ေရွ႕တပတ္မိသားစုနဲ႔ အိုင္လန္ကိုယ္စားေတြ႕ဆုံမွာျဖစ္ၿပီး တရားစြဲတဲ့သူေတြက ျပည္သူ႔ဝန္ထမ္းေတြပါရင္ ဥပေဒအရခြင့္ျပဳမိန႔္ေတာင္းတာ ၊တရားမေၾကာင္းအရ ႏို႔တစ္စာေပးတာလုပ္ရမယ္။ အခုကတရားဝင္စလုပ္ပါၿပီ”လို႔ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးသိန္းသန္းဦး (ILAM) ကေျပာပါတယ္။

ဗစ္တိုးရီးယားအမႈမွန္ေပၚေပါက္ေရးအတြက္ အခ်က္ ၃ ခ်က္နဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ဗစ္တိုးရီးယားအမႈက ကိုေအာင္ႀကီး လြတ္သြားေပမယ့္ တရားခံေပၚေပါက္ဖို႔ ကေလးငယ္အေပၚက်ဴးလြန္ခဲ့တဲ့အတြက္ ရာဇဝတ္ ေၾကာင္းဆိုင္ရာ ကိစၥ‌ေတြကိုတရားစြဲဆိုေဆာင္႐ြက္ဖို႔နဲ႔ မိသားစု ဂုဏ္သိကၡာနစ္နာခဲ့ရတဲ့အတြက္ တရားမ ေၾကာင္းအရ နစ္နာေၾကးေတာင္းဆိုသြားမယ္လို႔ သိရပါတယ္။

“ဒီလိုေဆာင္႐ြက္ရတာက (၁) တရားဥပေဒအထက္မွာ ဘယ္သူမွ မရွိရဘူးဆိုတာ ေသခ်ာေစဖို႔ ၊ (၂) ႏိုင္ငံသားတစ္ေယာက္ရဲ႕ ထိခိုက္နစ္နာမႈဟာ ႏိုင္ငံသား အားလုံးနဲ႔ဆိုင္တယ္။ ဒါေၾကာင့္ မတရားမႈတိုင္းကို ႏိုင္ငံသားေတြရဲ႕အားနဲ႔ ဝိုင္းဝန္းေျဖရွင္းဖို႔ လိုအပ္တယ္ဆိုတာ သာဓကျဖစ္ေစဖို႔၊ (၃) one for all , all for one ဆိုတာကို သက္ေသျပဖို႔အတြက္ပါ”လို႔ဗစ္တိုးရီးယားရဲ႕ဖခင္ဆီကေန ကိုယ္စားလွယ္လႊဲအပ္စာရရွိသူ စာေရးဆရာ ထင္လင္းဦး ( Wisdom Villa )ကေျပာပါတယ္။

ေနျပည္ေတာ္မွာ ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အမ်ားစုက လွ်ိဳ႕ဝွက္ထားတဲ့ လိင္အၾကမ္းဖက္မႈက်ဴးလြန္ခံရတဲ့ ဗစ္တိုးရီးယားအမည္၊ မိဘအမည္ေတြကို ရဲမႉးခ်ဳပ္ စိုးႏိုင္ဦးနဲ႔ ရဲမႉးႀကီးသာထြန္းတို႔က မီဒီယာေတြအပါအ၀င္ ျပည္သူအားလုံးကို ရဲဇာနည္ Facebook စာမ်က္ႏွာက Live လႊင့္ကာ ထုတ္ေဖာ္ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဒီသတင္းစာရွင္းလင္းပြဲမွာ သမီးငယ္ရဲ႕အမည္ရင္းနဲ႔ ကိုယ္ေရးအခ်က္အလက္ေတြကို သတင္းထုတ္ျပန္ခဲ့တာက အလြန္ဆိုး႐ြားတဲ့ လုပ္ေဆာင္ခ်က္ဆိုတာကို ျမန္မာႏိုင္ငံသား ျပည္သူေတြက ဆႏၵျပပြဲေတြ၊ ဥပ‌ေဒပညာရွင္ေတြ ၊ အသိပညာရွင္ အတတ္ပညာရွင္ေတြသာမက ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ေတြကပါ ေဝဖန္ေထာက္ျပခဲ့ၿပီးျဖစ္ပါတယ္။

ဒီျဖစ္စဥ္ျဖစ္ရပ္အတြက္ တာဝန္ယူမႈတာဝန္ခံမႈရွိဖို႔နဲ႔ အမႈမွန္ေပၚေပၚက္ဖို႔ ဗစ္တိုးရီးယားအတြက္ အမွန္တရား ေတာင္းဆိုမႈေကာ္မတီ ( Committee for Demanding Justice for Victoria) ကို ဒီဇင္ဘာ၂၂ ရက္ကဖြဲ႕စည္းခဲ့ၿပီး ဒီေကာ္မတီက သမီးငယ္ရဲ႕ထိခိုက္နစ္နာမႈအတြက္ တာဝန္ယူမႈ ၊ တာဝန္ခံ မႈတို႔ကို ေတာင္းဆိုဖို႔ ၊ သမီးငယ္ရဲ႕ အမႈကိစၥ အမွန္တရားေပၚေပါက္ဖို႔နဲ႔ တရားမွ်တမႈကိုရရွိဖို႔ ေရဆုံး ေရဖ်ား ဆက္လက္ရင္ဆိုင္သြားၾကမယ္လို႔ သတင္းထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

Photo – ဦးသိန္းသန္းဦး(FB)
#VOM #voiceofmyanmar #ေနျပည္ေတာ္ #ဗစ္တိုးရီးယား #တရားစြဲဖို႔စတင္

Related posts

Leave a Comment

VOM News

FREE
VIEW