စက်ယန္တယားတွေနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်သူတွေကို ဖမ်းဆီး

ဖားကန့်၊ ဇန်နဝါရီ ၁-၂ဝ၂ဝ
ဇော်မိုးထက် (VOM)

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးအုပ်စု၊ ငိုးပင်းကျေးရွာ၊ မူလရွာဟောင်းနေရာမှာ စက်ယန္တယားအမြောက်အများနဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်နေသူတွေကို ဇန်နဝါရီ(၁)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ရွာသားတွေက ပြောပါတယ် ။

ဖမ်းဆီးထားတဲ့ စက်ယန္တယားအရေးအတွက်နဲ့ တရားမဝင်ကျောက်စိမ်းတူးသူ အရေအတွက်ကို သိရှိနိုင်ဖို့ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်မေးမြန်းရာ “ရှဒူးဇွပ်ကျေးရွာဈေးမီးလောင်မှု ၊ မီးဘေးသင့်ပြည်သူများကို သွားရောက် ကူညီကယ်ဆယ်နေတယ်”လို့ သိရပြီး ၊ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးဌာနရုံး (လုံးခင်း)နဲ့ လုံးခင်းနယ်မြေ ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လူ(၁၆) အပါအဝင် ဘက်ဟိုး(၁ဝ)စီးနဲ့မြေသယ်ယဉ် (၅)စီးကို ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ပြောပါတယ် ။

ဖမ်းဆီးခဲ့တဲ့နေရာ ငိုးပင်း အကျိုးတူ (၄) အပိုင်း A ၊ ယခင်က ရှယ်ဖယ်မလီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီရဲ့ လုပ်ကွင်ဟောင်း ဖြစ်တယ်လို့လည်း သက်ဆိုင်ရာက ပြောပါတယ် ။

တရားမဝင်ကျောက်စိမ်းတူးဖော်ခဲ့တဲ့လူတွေနဲ့ ဖမ်းဆီးရမိတဲ့ စက်ယန္တယားတွေကို လုံးခင်းနယ်မြေရဲစခန်းကို အပ်နှံပြီး ကျောက်မျက် ဥပဒေ ၅ဝ(ခ) အရ တရားစွဲဆိုလိုက်ပြီ လို့ သက်ဆိုင်ရာကနေ သိရပါတယ် ။

#VOM #voiceofmyanmar #ဖားကန့် #တရားမဝင်ကျောက်တူး #ဖမ်းဆီး

Zawgyi

စက္ယႏၲယားေတြနဲ႔ တရားမဝင္ေက်ာက္စိမ္းတူးေဖာ္သူေတြကို ဖမ္းဆီး

ဖားကန္႔၊ ဇန္နဝါရီ ၁-၂ဝ၂ဝ
ေဇာ္မိုးထက္ (VOM)

ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်းအုပ္စု၊ ငိုးပင္းေက်း႐ြာ၊ မူလ႐ြာေဟာင္းေနရာမွာ စက္ယႏၲယားအေျမာက္အမ်ားနဲ႔ တရားမဝင္ ေက်ာက္စိမ္းတူးေဖာ္ေနသူေတြကို ဇန္နဝါရီ(၁)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ရွိသူ ႐ြာသားေတြက ေျပာပါတယ္ ။

ဖမ္းဆီးထားတဲ့ စက္ယႏၲယားအေရးအတြက္နဲ႔ တရားမဝင္ေက်ာက္စိမ္းတူးသူ အေရအတြက္ကို သိရွိႏိုင္ဖို႔ ကခ်င္ျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလွဆိုင္းကို ဆက္သြယ္ေမးျမန္းရာ “ရွဒူးဇြပ္ေက်း႐ြာေစ်းမီးေလာင္မႈ ၊ မီးေဘးသင့္ျပည္သူမ်ားကို သြားေရာက္ ကူညီကယ္ဆယ္ေနတယ္”လုိ႔ သိရၿပီး ၊ ေက်ာက္စိမ္းတူးေဖာ္မႈ ႀကီးၾကပ္ေရးဌာန႐ုံး (လုံးခင္း)နဲ႔ လုံးခင္းနယ္ေျမ ရဲစခန္းကို ဖုန္းဆက္သြယ္ခဲ့ေပမဲ့ လက္ခံေျဖၾကားျခင္း မရွိခဲ့ပါဘူး။

အမည္မေဖာ္လိုတဲ့ တာဝန္ရွိသူ တစ္ဦးကေတာ့ လူ(၁၆) အပါအဝင္ ဘက္ဟိုး(၁ဝ)စီးနဲ႔ေျမသယ္ယဥ္ (၅)စီးကို ဖမ္းဆီးရမိထားၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္ ။

ဖမ္းဆီးခဲ့တဲ့ေနရာ ငိုးပင္း အက်ိဳးတူ (၄) အပိုင္း A ၊ ယခင္က ရွယ္ဖယ္မလီ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီရဲ႕ လုပ္ကြင္ေဟာင္း ျဖစ္တယ္လို႔လည္း သက္ဆိုင္ရာက ေျပာပါတယ္ ။

တရားမဝင္ေက်ာက္စိမ္းတူးေဖာ္ခဲ့တဲ့လူေတြနဲ႔ ဖမ္းဆီးရမိတဲ့ စက္ယႏၲယားေတြကို လုံးခင္းနယ္ေျမရဲစခန္းကို အပ္ႏွံၿပီး ေက်ာက္မ်က္ ဥပေဒ ၅ဝ(ခ) အရ တရားစြဲဆိုလိုက္ၿပီ လို႔ သက္ဆိုင္ရာကေန သိရပါတယ္ ။

#VOM #voiceofmyanmar #ဖားကန္႔ #တရားမဝင္ေက်ာက္တူး #ဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW