ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ အပစ်ရပ်သက်တမ်းတိုးထုတ်ပြန်ချက် လက်တွေ့မှာ အပစ်ခတ်ရပ်ဆိုင်းဖို့ ဖြစ်မလာနိုင်

စစ်တွေ၊ ဇန်နဝါရီ ၂-၂၀၂၀
ခိုင်လင်းစံ (VOM)

ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့ကထုတ်ပြန်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ အပစ်ရပ်သက်တန်းတိုးရေး ထုတ်ပြန်ချက်ဟာ အပစ်ခတ်ရပ်ဆိုင်းဖို့ လက်တွေ့မှာဖြစ်နိုင်ခြေမရှိဘူးလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအောင်း(PSLF/TNLA)၊ ရခိုင်(ULA/AA) တို့ဟာ အပစ်ခတ်ရပ်ဆိုင်းရေးစာချုပ်(Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရေးနဲ့ ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုဖော်ဆောင်နိုင်ပြီး ပြည်တွင်းစစ်များလုံးဝချုပ်ငြိမ်းရေးအတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို ၂ လထပ်မံသက်တမ်းတိုးကြောင်း ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

” အပစ်ရပ်သက်တမ်းတိုးတာ နှစ်ကြိမ်ဆက်တိုက်ဆိုတော့ သုံးခါရှိပြီပေါ့ ၊ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်တာ၊ အဲ့လိုအပစ်ရပ်သက်တမ်းတိုးတာတွေဟာ လက်တွေ့မှာ အပစ်အခတ်ရပ်ဆိုင်းဖို့ ဆိုတာတော့ လက်တွေ့ကျကျ ကျနော်တို့တွေ့ရတယ်။ တဖက်သတ်အပစ်ရပ်ကြေညာရုံတင်မကဘူး စားပွဲဝိုင်းပေါ်မှာ လက်တွေ့ကျကျ ပကတိအခြေအနေကို ဆွေးနွေးဖို့လိုတယ်လို့ထင်တယ်။ လက်ရှိမှာ တင်းမာမှူတွေက ပြင်းထန်နေတာပဲ တွေ့ဆုံဆွေးနွေးပွဲတွေကပဲ တင်းမာမှူကိုလျှော့ချနိုင်မယ်လို့ထင်တယ်။” လို့ ဦးမောင်မောင်စိုးက သုံးသပ်ထားတာ ဖြစ်ပါတယ်။

အပစ်ရပ်သက်တမ်းတိုးပေမယ့် တိုက်ပွဲတွေကတော့ရှိနေမှာဖြစ်ပြီး အထူးသဖြင့်ရခိုင်မှာ ပိုပြင်းထန်နိုင်တယ်လို့ သူက သုံးသပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ တောက်လျှောက်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ပိုမိုပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြသလို တချို့နေရာတွေမှာ မြို့တွင်းတိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ကြပါတယ်။

“အပစ်ရပ်သက်တမ်းတိုးတာကတော့ ကောင်းပါတယ်။ ဝမ်းသားပါတယ်။ ကြိုဆိုပါတယ်။ အပစ်ရပ်တာကတော့ ဟိုဖက်ကလည်းရပ်တယ်လို့ပြောတယ်။ ဒီဖက်ကလဲ ရပ်တယ်လို့ပြောတယ်။ ဒါကို သေချာစောင့်ထိန်းပြီးတော့ အကောင်ထည်ဖော်နိုင်ရင် ပြည်သူတွေအတွက်စိတ်ချမ်းသာတာပေါ့”လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ပြည့်နေပြီဖြစ်တာနဲ့အညီ စစ်ဘေးရှောင်ပြည်သူတွေဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေပြီးတော့ အခုဆိုရင် တစ်သိန်းနီးပါးရှိလာပြီလို့သိရပါတယ်။

တပ်မတော်ဖက်ကလည်း ၂၀၁၈၊ ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်တိုင်း ၅ တိုင်းမှာ အပစ်ခတ်ရပ်စဲကြောင်း သုံးကြိမ်သက်တမ်းတိုး ကြေညာမှုတွေရှိခဲ့ပေမယ့် အနောက်ပိုင်းတိုင်းစစ်ဒေသမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #အပစ်ရပ်သက်တမ်းတိုး #သုံးသပ်ချက်

Zawgyi

ညီေနာင္မဟာမိတ္(၃)ဖြဲ႔ရဲ႕ အပစ္ရပ္သက္တမ္းတိုးထုတ္ျပန္ခ်က္ လက္ေတြ႔မွာ အပစ္ခတ္ရပ္ဆိုင္းဖို႔ ျဖစ္မလာႏိုင္

စစ္ေတြ၊ ဇန္နဝါရီ ၂-၂၀၂၀
ခိုင္လင္းစံ (VOM)

ယမန္ေန႔ ဇန္နဝါရီ ၁ ရက္ေန႔ကထုတ္ျပန္တဲ့ ညီေနာင္မဟာမိတ္(၃)ဖြဲ႔ရဲ႕ အပစ္ရပ္သက္တန္းတိုးေရး ထုတ္ျပန္ခ်က္ဟာ အပစ္ခတ္ရပ္ဆိုင္းဖို႔ လက္ေတြ႔မွာျဖစ္ႏိုင္ေျခမ႐ွိဘူးလို႔ တိုင္းရင္းသားအေရး ေလ့လာသံုးသပ္သူ စာေရးဆရာဦးေမာင္ေမာင္စိုးက သံုးသပ္ေျပာဆိုထားတာျဖစ္ပါတယ္။

ညီေနာင္မဟာမိတ္(၃)ဖြဲ႔ျဖစ္တဲ့ ကိုးကန္႔ (MNTJP/MNDAA)၊ တေအာင္း(PSLF/TNLA)၊ ရခိုင္(ULA/AA) တို႔ဟာ အပစ္ခတ္ရပ္ဆိုင္းေရးစာခ်ဳပ္(Bilateral Ceasefire Agreement) သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေတြ႔ဆံုေဆြးေႏြးေရးလုပ္ငန္းေတြကို လက္ေတြ႔က်က်ေဖာ္ေဆာင္ႏိုင္ေရးနဲ႔ ၂၀၂၀ ခုႏွစ္၊ ေရြးေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္ကိုေဖာ္ေဆာင္ႏိုင္ၿပီး ျပည္တြင္းစစ္မ်ားလံုးဝခ်ဳပ္ၿငိမ္းေရးအတြက္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းကို ၂ လထပ္မံသက္တမ္းတိုးေၾကာင္း ဇန္နဝါရီ ၁ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။

” အပစ္ရပ္သက္တမ္းတိုးတာ ႏွစ္ႀကိမ္ဆက္တိုက္ဆိုေတာ့ သံုးခါ႐ွိၿပီေပါ့ ၊ ညီေနာင္မဟာမိတ္အဖြဲ႔က ထုတ္ျပန္တာ၊ အဲ့လိုအပစ္ရပ္သက္တမ္းတိုးတာေတြဟာ လက္ေတြ႔မွာ အပစ္အခတ္ရပ္ဆိုင္းဖို႔ ဆိုတာေတာ့ လက္ေတြ႔က်က် က်ေနာ္တို႔ေတြ႔ရတယ္။ တဖက္သတ္အပစ္ရပ္ေၾကညာရံုတင္မကဘူး စားပြဲဝိုင္းေပၚမွာ လက္ေတြ႔က်က် ပကတိအေျခအေနကို ေဆြးေႏြးဖို႔လိုတယ္လို႔ထင္တယ္။ လက္႐ွိမွာ တင္းမာမႉေတြက ျပင္းထန္ေနတာပဲ ေတြ႔ဆံုေဆြးေႏြးပြဲေတြကပဲ တင္းမာမႉကိုေလွ်ာ့ခ်ႏိုင္မယ္လို႔ထင္တယ္။” လို႔ ဦးေမာင္ေမာင္စိုးက သံုးသပ္ထားတာ ျဖစ္ပါတယ္။

အပစ္ရပ္သက္တမ္းတိုးေပမယ့္ တိုက္ပြဲေတြကေတာ့႐ွိေနမွာျဖစ္ၿပီး အထူးသျဖင့္ရခိုင္မွာ ပိုျပင္းထန္ႏိုင္တယ္လုိ႔ သူက သံုးသပ္ထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္းကေန စတင္ျဖစ္ပြားခဲ့တဲ့ တုိက္ပြဲေတြဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ေတာက္ေလွ်ာက္ျဖစ္ပြားေနခဲ့တာျဖစ္ၿပီး ႏွစ္ကုန္ပိုင္းမွာ ပိုမိုျပင္းျပင္းထန္ထန္္ျဖစ္ပြားခဲ့ၾကသလို တခ်ိဳ႕ေနရာေတြမွာ ၿမိဳ႕တြင္းတုိက္ပြဲေတြလည္း ျဖစ္ပြားခဲ့ၾကပါတယ္။

“အပစ္ရပ္သက္တမ္းတိုးတာကေတာ့ ေကာင္းပါတယ္။ ဝမ္းသားပါတယ္။ ႀကိဳဆိုပါတယ္။ အပစ္ရပ္တာကေတာ့ ဟိုဖက္ကလည္းရပ္တယ္လို႔ေျပာတယ္။ ဒီဖက္ကလဲ ရပ္တယ္လို႔ေျပာတယ္။ ဒါကို ေသခ်ာေစာင့္ထိန္းၿပီးေတာ့ အေကာင္ထည္ေဖာ္ႏိုင္ရင္ ျပည္သူေတြအတြက္စိတ္ခ်မ္းသာတာေပါ့”လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားေနသည္မွာ တစ္ႏွစ္ျပည့္ေနၿပီျဖစ္တာနဲ႔အညီ စစ္ေဘးေ႐ွာင္ျပည္သူေတြဟာလည္း တစ္ေန႔ထက္တစ္ေန႔ တိုးလာေနၿပီးေတာ့ အခုဆိုရင္ တစ္သိန္းနီးပါး႐ွိလာၿပီလို႔သိရပါတယ္။

တပ္မေတာ္ဖက္ကလည္း ၂၀၁၈၊ ဒီဇင္ဘာ ၂၁ ရက္ေန႔ကစၿပီး စစ္တိုင္း ၅ တိုင္းမွာ အပစ္ခတ္ရပ္စဲေၾကာင္း သံုးႀကိမ္သက္တမ္းတိုး ေၾကညာမႈေတြ႐ွိခဲ့ေပမယ့္ အေနာက္ပို္င္းတုိင္းစစ္ေဒသမွာေတာ့ တုိက္ပြဲေတြ ျပင္းထန္ေနခဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #အပစ္ရပ္သက္တမ္းတုိး #သံုးသပ္ခ်က္

Related posts

Leave a Comment

VOM News

FREE
VIEW