ပိတ်သိမ်းထားတဲ့ သုဿာန်လေးခုမှာ လက်ကားဈေး၊ ပန်းခြံ၊ အားကစားကွင်းတွေဖော်ဆောင်ဖို့ ဝန်ကြီးချုပ်ကိုတင်ပြမယ်

ပြည် ဇန်နဝါရီ ၂ -၂၀၂၀
သိဂီ ၤ(VOM)

ပြည်မြို့အတွင်းက ပိတ်သိမ်းထားတဲ့ မွတ်စလင်၊ ဟိန္ဒူ၊ တရုတ်၊ ခရစ်ယာန်သုဿာန် လေးခုကို State Land အဖြစ်သတ်မှတ်ပြီး လက်ကားဈေး၊ ပန်းခြံ၊ အားကစားကွင်းပြုလုပ်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်ကို တင်ပြသွားမယ်လို့ ပဲခူးတိုင်းသယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီသုဿာန်ဟောင်းမြေ(၄)ခုဟာ မြို့ရဲ့အချက်အချာကျတဲ့ နေရာမှာရှိပေမယ့် ဘယ်လုပ်ငန်းအတွက်မှ အသုံးပြုခြင်းမရှိတော့တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အခြားနည်းသုံးစွဲခွင့်လျှောက်ထားပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လက်ကားဈေး၊ ပန်းခြံ၊ ကစားကွင်းတွေ ဆောက်လုပ်သင့်တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ပိတ်လိုက်တဲ့ သုဿာန်ဟောင်း (၇)ခုရှိတယ်။ ဒီထဲမှာ မွတ်စလင်သုဿာန်၊ ဟိန္ဒူသုဿာန်၊ တရုတ်သုဿာန်၊ ခရစ်ယာန်သုဿာန်၊ ကန်သာဦးသုဿာန်တွေက မြို့တွင်းအချက်အချာကျတဲ့သုဿာန်တွေ ဖြစ်တယ်။ လက်ရှိမှာက လူဦးရေတိုးလာသလို မြို့ဧရိယာတိုးချဲ့လာတာကြောင့် ပိတ်သိမ်းခဲ့တယ်။ ပြည် မြို့စွန်က အေးငြိမ်းရာဘာသာပေါင်းစုံသုဿာန်မှာ သင်္ဂြိုလ်စေခဲ့တယ်” လို့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကပြောပါတယ်။

အဲ့ဒီသုဿာန် ၄ ခုနဲ့အတူ ကန်သာဦးသုဿန်ဟာ မြို့တွင်းအချက်အချာကျတဲ့နေရာတွေမှာ ရှိတဲ့အတွက် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ ပိတ်လိုက်တာဖြစ်ပါတယ်။

ကန်သာဦးသုဿာန်ကတော့ လက်ရှိမှာ ဌာနဆိုင်ရာအဆောက်အဦးတွေ ဆောက်လုပ်ထားပါတယ်။ ဒါကြောင့် ကျန်တဲ့သုဿန်နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်တဲ့ လက်ကားဈေး၊ ပန်းခြံ၊ ကစားကွင်းတွေ ဆောက်လုပ်နိုင်ဖို့ မြေလွဲနဲ့ အခြားနည်းသုံးစွဲခွင့် ရရှိရေးအတွက် စီမံခန့်ခွဲခွင့်ရှိသူ ဝန်ကြီးချုပ်ထံ တင်ပြဖို့စီစဉ်မှာဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့မှတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်မယ်လို့သိရပါတယ်။

အဲ့ဒီသုဿန်မြေ(၄)ခုရဲ့ အကျယ်အဝန်းဟာ စုစုပေါင်းဧရိယာ ဧက(၁၈.၀၇၅)ရှိပြီး အဖွဲ့ပိုင်မြေမဟုတ်ဘဲ အဖွဲ့ကနေကြီးကြပ်မှုသာရှိတဲ့မြေဖြစ်တယ်လို့ သိရပါတယ်။

Photo-အာကာ
#VOM #voiceofmyanmar #ပြည် #သုဿာန်မြေ #အားကစားကွင်း

Zawgyi

ပိတ္သိမ္းထားတဲ့ သုႆာန္ေလးခုမွာ လက္ကားေဈး၊ ပန္းၿခံ၊ အားကစားကြင္းေတြေဖာ္ေဆာင္ဖို႔ ဝန္ႀကီးခ်ဳပ္ကိုတင္ျပမယ္

ျပည္ ဇန္နဝါရီ ၂ -၂၀၂၀
သိဂီ ၤ(VOM)

ျပည္ၿမိဳ့အတြင္းက ပိတ္သိမ္းထားတဲ႕ မြတ္စလင္၊ ဟိႏၵဴ၊ တ႐ုတ္၊ ခရစ္ယာန္သုႆာန္ ေလးခုကို State Land အျဖစ္သတ္မွတ္ၿပီး လက္ကားေဈး၊ ပန္းၿခံ၊ အားကစားကြင္းျပဳလုပ္ဖို႕ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ကို တင္ျပသြားမယ္လို႕ ပဲခူးတိုင္းသယံဇာတ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

အဲ့ဒီသုႆာန္ေဟာင္းေျမ(၄)ခုဟာ ၿမိဳ့ရဲ႕အခ်က္အခ်ာက်တဲ့ ေနရာမွာရွိေပမယ့္ ဘယ္လုပ္ငန္းအတြက္မွ အသုံးျပဳျခင္းမရွိေတာ့တဲ့အတြက္ လုပ္ထုံးလုပ္နည္းနဲ႔အညီ အျခားနည္းသုံးစြဲခြင့္ေလၽွာက္ထားၿပီး ၿမိဳ့ျပဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြျဖစ္တဲ့ လက္ကားေဈး၊ ပန္းၿခံ၊ ကစားကြင္းေတြ ေဆာက္လုပ္သင့္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

“ပိတ္လိုက္တဲ႕ သုႆာန္ေဟာင္း (၇)ခုရွိတယ္။ ဒီထဲမွာ မြတ္စလင္သုႆာန္၊ ဟိႏၵဴသုႆာန္၊ တ႐ုတ္သုႆာန္၊ ခရစ္ယာန္သုႆာန္၊ ကန္သာဦးသုႆာန္ေတြက ၿမိဳ့တြင္းအခ်က္အခ်ာက်တဲ့သုႆာန္ေတြ ျဖစ္တယ္။ လက္ရွိမွာက လူဦးေရတိုးလာသလ္ုိ ၿမိဳ့ဧရိယာတိုးခ်ဲ႕လာတာေႀကာင့္ ပိတ္သိမ္းခဲ့တယ္။ ျပည္ ၿမိဳ့စြန္က ေအးၿငိမ္းရာဘာသာေပါင္းစုံသုႆာန္မွာ သၿဂႋဳလ္ေစခဲ႕တယ္” လို႕ စည္ပင္သာယာေရးဝန္ႀကီး ေဒါက္တာေစာညိဳဝင္းကေျပာပါတယ္။

အဲ့ဒီသုႆာန္ ၄ ခုနဲ႔အတူ ကန္သာဦးသုႆန္ဟာ ၿမိဳ႕တြင္းအခ်က္အခ်ာက်တဲ့ေနရာေတြမွာ ရွိတဲ့အတြက္ လြန္ခဲ႕တ့ဲ ၂၀၀၅ ခုႏွစ္မွာ ပိတ္လိုက္တာျဖစ္ပါတယ္။

ကန္သာဦးသုႆာန္ကေတာ့ လက္ရွိမွာ ဌာနဆိုင္ရာအေဆာက္အဦးေတြ ေဆာက္လုပ္ထားပါတယ္။ ဒါေႀကာင့္ က်န္တဲ့သုႆန္ေနရာေတြမွာ ဖြံ့ၿဖိဳးေရးလုပ္ငန္းေတြျဖစ္တဲ့ လက္ကားေဈး၊ ပန္းၿခံ၊ ကစားကြင္းေတြ ေဆာက္လုပ္နိုင္ဖို႕ ေျမလြဲနဲ႔ အျခားနည္းသုံးစြဲခြင့္ ရရွိေရးအတြက္ စီမံခန႔္ခြဲခြင့္ရွိသူ ဝန္ႀကီးခ်ဳပ္ထံ တင္ျပဖို႔စီစဥ္မွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ရဲ႕မွတ္ခ်က္အတိုင္း ဆက္လက္လုပ္ေဆာင္မယ္လို႕သိရပါတယ္။

အဲ့ဒီသုႆန္ေျမ(၄)ခုရဲ႕ အက်ယ္အဝန္းဟာ စုစုေပါင္းဧရိယာ ဧက(၁၈.၀၇၅)ရွိၿပီး အဖြဲ႕ပိုင္ေျမမဟုတ္ဘဲ အဖြဲ႕ကေနႀကီးၾကပ္မွုသာရွိတဲ့ေျမျဖစ္တယ္လို႔ သိရပါတယ္။

Photo-အာကာ
#VOM #voiceofmyanmar #ျပည္ #သုႆာန္ေျမ #အားကစားကြင္း

Related posts

Leave a Comment

VOM News

FREE
VIEW