ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို ကားတင်သွင်းခွင့်‌ပေးမယ်

ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀
သိဂီ ၤ(VOM)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းတွေ တင်သွင်းလိုတဲ့ကားတွေကို တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို အရစ်ကျရောင်းချပေးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ရက်နေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒုတိယအဆင့်အနေနဲ့ ဒုညွှန်ချုပ်နှင့် လုပ်သက် 25 နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းတံဆိပ်ရရှိတဲ့ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကားတင်သွင်းချင်သူတွေကို စီးကူးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ပြည်ပကနေတင်သွင်းသော ကားတွေရဲ့ ထုတ်လုပ်တဲ့ခုနှစ် Model Year အမိန့်ကြေငြာစာပါ သတ်မှတ်ချက်အတိုင်း ကားတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” လုပ်သက် ၁၀ နှစ်လောက်ဆိုရင်တော်သေးတယ်။ ၂၅ နှစ်ဆိုတာကတော့ အောက်ဝန်ထမ်းတွေအတွက် မလွယ်ပါဘူး။ဒုညွှန်ချုပ်တွေ ညွှန်ချုပ်တွေက ခုရော လိုင်းကားတိုးရုံးတက်တာရှိလို့လား၊ ကားတွေနဲ့ချည်းပါပဲ “လို့ လုပ်သက် ၁၀နှစ်ရှိပြီဖြစ်တဲ့ အစိုးရဝန်ထမ်း ကိုမင်းမော်ကပြောပါတယ်။

ကနဦး ညွှန်ချုပ်နှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေအတွက် ကားတင်သွင်းခွင့် နဲ့ ပါတ်သတ်ပြီး ပုံစံ 1၊ ပုံစံ 2ပါ ပုံစံဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနမှာ လျှောက်ထားဆောင်ရွက်ရမှာဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေက တာဝန်ခံဆက်သွယ်ဆောင်ရွက်နိုင်မယ့် ညွှန်မှူးအဆင့် အရာရှိကြီး အမည်နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် ဖုန်းနံပါတ်ကိုပါ ယခုလ ၈ ရက်နေ့ အရောက် စီးပွားကူးသန်းဝန်ကြီးဌာနကို ပေးပို့ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #အစိုးရဝန်ထမ်း #ကားတင်သွင်းခွင့်

Zawgyi

ညႊန္ခ်ဳပ္ႏွင့္အထက္အဆင့္ နိုင္ငံ၀န္ထမ္းေတြကို ကားတင္သြင္းခြင့္‌ေပးမယ္

ရန္ကုန္ ဇန္နဝါရီ ၃-၂၀၂၀
သိဂီ ၤ(VOM)

ျပည္သူ႔၀န္ထမ္းႏွင့္ နိုင္ငံ၀န္ထမ္းေတြ တင္သြင္းလိုတဲ့ကားေတြကို တင္သြင္းခြင့္ျပဳသြားမွာျဖစ္ၿပီး ကနဦးအေနနဲ႔ ညႊန္ခ်ဳပ္ႏွင့္အထက္အဆင့္ နိုင္ငံ၀န္ထမ္းေတြက္ုိ အရစ္က်ေရာင္းခ်ေပးသြားမယ္လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး၀န္ႀကီးဌာနက ဇန္နဝါရီ ၂ရက္ေန႔ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒုတိယအဆင့္အေနနဲ႕ ဒုညႊန္ခ်ဳပ္ႏွင့္ လုပ္သက္ 25 ႏွစ္ျပည့္ၿပီး နိုင္ငံ၀န္ထမ္းတံဆိပ္ရရွိတဲ့၀န္ထမ္းေတြကို ေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္။

ဒါေႀကာင့္ ကားတင္သြင္းခ်င္သူေတြကို စီးကူး၀န္ႀကီးဌာနက ႏွစ္စဥ္ထုတ္ျပန္တဲ့ ျပည္ပကေနတင္သြင္းေသာ ကားေတြရဲ႕ ထုတ္လုပ္တဲ့ခုႏွစ္ Model Year အမိန႔္ေၾကျငာစာပါ သတ္မွတ္ခ်က္အတိုင္း ကားတင္သြင္းခြင့္ျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

” လုပ္သက္ ၁၀ ႏွစ္ေလာက္ဆ္ုိရင္ေတာ္ေသးတယ္။ ၂၅ ႏွစ္ဆိုတာကေတာ့ ေအာက္ဝန္ထမ္းေတြအတြက္ မလြယ္ပါဘူး။ဒုညႊန္ခ်ဳပ္ေတြ ညႊန္ခ်ဳပ္ေတြက ခုေရာ လိုင္းကားတိုးရုံးတက္တာရွိလို႔လား၊ ကားေတြနဲ႕ခ်ည္းပါပဲ “လို႔ လုပ္သက္ ၁၀ႏွစ္ရွိၿပီျဖစ္တဲ့ အစိုးရဝန္ထမ္း ကိုမင္းေမာ္ကေျပာပါတယ္။

ကနဦး ညႊန္ခ်ဳပ္ႏွင့္အထက္အဆင့္ ျပည္သူ႔၀န္ထမ္းနဲ႔ နိုင္ငံ၀န္ထမ္းေတြအတြက္ ကားတင္သြင္းခြင့္ နဲ႔ ပါတ္သတ္ၿပီး ပုံစံ 1၊ ပုံစံ 2ပါ ပုံစံျဖင့္ စီးပြားကူးသန္း၀န္ႀကီးဌာနမွာ ေလၽွာက္ထားေဆာင္ရြက္ရမွာျဖစ္ပါတယ္။

သက္ဆိုင္ရာဌာနအဖြဲ႕အစည္းေတြက တာ၀န္ခံဆက္သြယ္ေဆာင္ရြက္နိုင္မယ့္ ညႊန္မွူးအဆင့္ အရာရွိႀကီး အမည္နဲ႔ ဆက္သြယ္ေဆာင္ရြက္နိုင္မယ့္ ဖုန္းနံပါတ္ကိုပါ ယခုလ ၈ ရက္ေန႔ အေရာက္ စီးပြားကူးသန္း၀န္ႀကီးဌာနကို ေပးပို႔ရမယ္လို႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #အစိုးရဝန္ထမ္း #ကားတင္သြင္းခြင့္

Related posts

Leave a Comment

VOM News

FREE
VIEW