ဆူဒန်မှာ စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျ လူ ၁၈ ဦးသေဆုံး

ခါတွမ်၊ ဇန်နဝါရီ-၃-၂၀၂၀
မျိုးဆက် (VOM)

ဆူဒန်နိုင်ငံ အနောက်ဒါဖာပြည်နယ်မှာ စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် ကလေးငယ် ရှစ်ဦးအပါအဝင် လူ ၁၈ ဦးထက်မနည်းသေဆုံးသွားပါတယ်။

အဲဒီလေယာဉ်ဟာ ပြည်နယ်ရဲ့မြို့တော် အယ်ဂျန်နီယာနာမှာရှိတဲ့ လေဆိပ်ကနေပံျတက်ပြီး ငါးမိနစ်အကြာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ မကြာသေးမီရက်တွေအတွင်းက မျိုးနွယ်စုအုပ်စုတွေအကြာ လူသေဆုံးစေခဲ့တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေအတွက် အကူအညီအထောက်အပံ့တွေပေးပို့ခဲ့ပါသေးတယ်။

သေဆုံးသူများထဲမှာ လေယာဉ်အမှုထမ်း ခုနှစ်ဦး၊ တရားသူကြီးသုံးဦး၊ အရပ်သားရှစ်ဦးတို့ဖြစ်ပြီး အရပ်သားတွေထဲမှာ ကလေးငယ်လေးဦးပါဝင်တယ်လို့ ဆူဒန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အာမာမိုဟာမက်အယ်လ်ဟတ်ဆန်က ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဟတ်ဆန်က ပြောပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဆူဒန် #လေယာဉ်ပျက်ကျ

Zawgyi

ဆူဒန္မွာ စစ္ဘက္ေလယာဥ္တစ္စင္းပ်က္က် လူ ၁၈ ဦးေသဆံုး

ခါတြမ္၊ ဇန္န၀ါရီ-၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဆူဒန္နိုင္ငံ အေနာက္ဒါဖာျပည္နယ္မွာ စစ္ဘက္ေလယာဥ္တစ္စင္းပ်က္က်မႈေၾကာင္႔ ကေလးငယ္ ရွစ္ဦးအပါအ၀င္ လူ ၁၈ ဦးထက္မနည္းေသဆံုးသြားပါတယ္။

အဲဒိီေလယာဥ္ဟာ ျပည္နယ္ရဲ႕ျမိဳ႕ေတာ္ အယ္ဂ်န္နီယာနာမွာရိွတဲ႔ ေလဆိပ္ကေနပံ်တက္ျပီး ငါးမိနစ္အၾကာမွာ ပ်က္က်ခဲ႔တာျဖစ္ပါတယ္။

ပ်က္က်ခဲ႔တဲ႔ ေလယာဥ္ဟာ မၾကာေသးမီရက္ေတြအတြင္းက မ်ိဳးႏြယ္စုအုပ္စုေတြအၾကာ လူေသဆံုးေစခဲ႔တဲ႔ ပဋိပကၡေတြျဖစ္ပြားခဲ႔တဲ႔ ေဒသေတြအတြက္ အကူအညီအေထာက္အပံ့ေတြေပးပို႔ခဲ႔ပါေသးတယ္။

ေသဆုံုးသူမ်ားထဲမွာ ေလယာဥ္အမႈထမ္း ခုနွစ္ဦး၊ တရားသူၾကီးသံုးဦး၊ အရပ္သားရွစ္ဦးတို႔ျဖစ္ျပီး အရပ္သားေတြထဲမွာ ကေလးငယ္ေလးဦးပါ၀င္တယ္လို႔ ဆူဒန္စစ္ဘက္ေျပာေရးဆိုခြင္႔ရိွသူ အာမာမိုဟာမက္အယ္လ္ဟတ္ဆန္က ေျပာပါတယ္။

ေလယာဥ္ပ်က္က်ရတဲ႔အေၾကာင္းရင္းကို မသိရေသးေၾကာင္းနဲ႔ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဟတ္ဆန္က ေျပာပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဆူဒန္ #ေလယာဥ္ပ်က္က်

Related posts

Leave a Comment

VOM News

FREE
VIEW