နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဘူးသီးတောင်မြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ အေအေထုတ်ပြန်

ဘူးသီးတောင်၊ ဇန်နဝါရီ ၅-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ သဇင်မြိုင်နယ်ခြားစောင့်ရဲစခန်းမှ တပ်ကြပ်အဆင့်ရှိ အောင်ကျော်ကျော်နဲ့ တပ်သားဝင်းမိုးသန်းတို့ကို ကျပ်ငွေအများအပြား၊ မူးယစ်ဆေးဝါးတွေနဲ့အတူ အေအေအဖွဲ့ကဖမ်းဆီးထားတယ်လို့ မနေ့က ဇန်နဝါရီ ၄ ရက် ရက်စွဲနဲ့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါရှိတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ အဲ့ဒီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရဲ့ သဇင်မြိုင်ကျေးရွာ နဲ့ ပြင်ရှည်ရွာအကြားမှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ မသင်္ကာဖွယ်လူ(၄) ဦးထဲက (၂)ဦးဖြစ်ပြီး ရက္ခိုင့်တပ်တော်မှ ခေါ်ယူစစ်ဆေးရာ သူတို့မှာပါလာတဲ့လက်နက်တွေနဲ့ ခုခံကာကွယ်တဲ့အတွက် (၂) ဦးဟာလွတ်မြောက်ခဲ့ပြီး ကျန်(၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပါရှိပါတယ်။

ထွက်ပြေးလွတ်မြောက်သူ(၂) ဦးမှာ ဒုရဲအုပ်-နေဖြိုး နဲ့ တပ်သား-ပြည့်ဖြိုးဝေတို့ဖြစ်ကြပြီး ဒုရဲအုပ်-နေဖြိုးဟာ စိတ်ကြွဆေးပြားတွေကို ရောင်းဝယ်ဖောက်ကားတဲ့လုပ်ရပ်များတွင် ပါဝင်နေသူတစ်ဦးဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးနဲ့အတူ စိတ်ကြွဆေးပြား(၁၂) ပြား၊ ရောင်းဝယ်ဖောက်ကားပြီး ရရှိလာတဲ့ငွေ လေးဆယ့်နှစ်သိန်းငါးထောင်ကျပ် (ဂဏန်းဖြင့်-၄၂၀၅၀၀၀ ကျပ်)၊ ကျည်ကာ(၁) ထည်၊ လက်ပစ်ဗုံး(၁) လုံး၊ လက်စွပ်(၁) ကွင်း၊ ဘဏ်ကဒ်(၁) ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အေအေကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ သူတို့ထွက်ဆိုချက်တွေအရ မူးယစ်ဆေးဝါးနဲ့ ပါဝင်ပတ်သက်နေတဲ့ ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမှာဖြစ်ပြီး ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေလည်း အတူတကွပါဝင်ကြောင်း ၎င်းတို့(၂) ဦးကနေ ထပ်မံထွက်ဆိုထားတယ်လို့ အေအေက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သတ်လို့ အနောက် တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်းပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ အေအေပြောရေးဆိုခွင့်ရှိသူခိုင်သုခတို့ကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

အဲ့ဒီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ အေအေအဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #နယ်ခြားစောင့်တပ်ဖွဲ့ဝင် #အေအေဖမ်း

Zawgyi

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို ဘူးသီးေတာင္ၿမိဳ႕နယ္မွာ မူးယစ္ေဆးဝါးေတြနဲ႔အတူဖမ္းဆီးရမိတယ္လို႔ ေအေအထုတ္ျပန္

ဘူးသီးေတာင္၊ ဇန္နဝါရီ ၅-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္က နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးျဖစ္တဲ့ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲစခန္းမွ တပ္ၾကပ္အဆင့္ရွိ ေအာင္ေက်ာ္ေက်ာ္နဲ႔ တပ္သားဝင္းမိုးသန္းတို႔ကို က်ပ္ေငြအမ်ားအျပား၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ေအေအအဖြဲ႕ကဖမ္းဆီးထားတယ္လို႔ မေန႔က ဇန္နဝါရီ ၄ ရက္ ရက္စြဲနဲ႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါရွိတာျဖစ္ပါတယ္။

ထုတ္ျပန္ခ်က္မွာ အဲ့ဒီ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလ ၂ ရက္ေန႔က ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ရဲ႕ သဇင္ၿမိဳင္ေက်း႐ြာ နဲ႔ ျပင္ရွည္႐ြာအၾကားမွာ အရပ္ဝတ္နဲ႔သြားလာေနတဲ့ မသကၤာဖြယ္လူ(၄) ဦးထဲက (၂)ဦးျဖစ္ၿပီး ရကၡိဳင့္တပ္ေတာ္မွ ေခၚယူစစ္ေဆးရာ သူတို႔မွာပါလာတဲ့လက္နက္ေတြနဲ႔ ခုခံကာကြယ္တဲ့အတြက္ (၂) ဦးဟာလြတ္ေျမာက္ခဲ့ၿပီး က်န္(၂) ဦးကို အရွင္ဖမ္းဆီးရမိခဲ့တယ္လို႔ ပါရွိပါတယ္။

ထြက္ေျပးလြတ္ေျမာက္သူ(၂) ဦးမွာ ဒုရဲအုပ္-ေနၿဖိဳး နဲ႔ တပ္သား-ျပည့္ၿဖိဳးေဝတို႔ျဖစ္ၾကၿပီး ဒုရဲအုပ္-ေနၿဖိဳးဟာ စိတ္ႂကြေဆးျပားေတြကို ေရာင္းဝယ္ေဖာက္ကားတဲ့လုပ္ရပ္မ်ားတြင္ ပါဝင္ေနသူတစ္ဦးျဖစ္တယ္လို႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

ဖမ္းဆီးခံရသူႏွစ္ဦးနဲ႔အတူ စိတ္ႂကြေဆးျပား(၁၂) ျပား၊ ေရာင္းဝယ္ေဖာက္ကားၿပီး ရရွိလာတဲ့ေငြ ေလးဆယ့္ႏွစ္သိန္းငါးေထာင္က်ပ္ (ဂဏန္းျဖင့္-၄၂၀၅၀၀၀ က်ပ္)၊ က်ည္ကာ(၁) ထည္၊ လက္ပစ္ဗုံး(၁) လုံး၊ လက္စြပ္(၁) ကြင္း၊ ဘဏ္ကဒ္(၁) ခုတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ေအေအကထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

မိမိတို႔အေနနဲ႔ သူတို႔ထြက္ဆိုခ်က္ေတြအရ မူးယစ္ေဆးဝါးနဲ႔ ပါဝင္ပတ္သက္ေနတဲ့ ကြင္းဆက္ေတြကို ဆက္လက္ေဖာ္ထုတ္အေရးယူသြားမွာျဖစ္ၿပီး ရခိုင္ေဒသအတြင္း စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့တဲ့ ျမန္မာ့တပ္မေတာ္နဲ႔အတူ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ေတြလည္း အတူတကြပါဝင္ေၾကာင္း ၎တို႔(၂) ဦးကေန ထပ္မံထြက္ဆိုထားတယ္လို႔ ေအေအက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သတ္လို႔ အေနာက္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္းေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးနဲ႔ ေအေအေျပာေရးဆိုခြင့္ရွိသူခိုင္သုခတို႔ကို ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

အဲ့ဒီ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္ေန႔ ေအေအအဖြဲ႕က ဖမ္းဆီးသြားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္ #ေအေအဖမ္း

Related posts

Leave a Comment

VOM News

FREE
VIEW