အမေရိကန်ကို တိုက်ခိုက်လာရင် အီရန်ရှိပစ်မှတ် ၅၂ နေရာကို တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရန့်ပြော

တီဟီရန်၊ ဇန်နဝါရီ-၅-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်က တိုက်ခိုက်လာမယ်ဆိုရင် အီရန်ရဲ့နေရာ၅၂နေရာကို ပစ်မှတ်ထားပြီး မြန်ဆန်ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။

ပစ်မှတ်နေရာ ၅၂ နေရာသတ်မှတ်တာဟာ အီရန်မှာရှိတဲ့ အမေရိကန်သံရုံးကနေ ၁၉၇၉ ခုနှစ်နှောင်းပိုင်းကနေ တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသာ ၅၂ ဦးကို ကိုယ်စားပြုပြီးတာဖြစ်တယ်လို့ သူကပြောပါတယ်။

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာစင်ဆိုလိုင်မာနီဟာ အမေရိကန်ရဲ့မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးပြီးနောက် ဒေါ်နယ်ထရန့်က ယခုလိုမှတ်ချက်ပြုပြော ဆိုလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဆိုလိုင်မာနီသေဆုံးမှုအတွက် ပြင်းထန်စွာလက်စားချေသွားမယ်လို့ အီရန်ဘက်ကလည်း ပြောဆိုထားပါတယ်။

ဗိုလ်ချုပ်ကြီးသေဆုံးမှုအပေါ်လက်တ့ုံပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန်က ရဲရဲဝံ့ဝံ့ပြောဆိုနေတယ်လို့ သူကစွပ်စွဲပြောဆိုပါတယ်။

အီရန်အနေနဲ့ အမေရိကန်ကို တိုက်ခိုက်လာမယ်ဆိုရင် လျှင်မြန်ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အီရန်အတွက်ရေးပါသောနေရာ၊ လွန်စွာအဆင့်မြင့်သောနေရာနဲ့ အီရန်ယဉ်ကျေးမှုနယ်မြေတွေအပါအဝင် နေရာ၅၂နေရာကို အမေရိကန်က ရွေးချယ်ထားပြီးဖြစ်တယ်လို့ ထရန့်ကပြောဆိုပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #အီရန် #၅၂နေရာ #အမေရိကန် #ဒေါ်နယ်ထရန့်

Zawgyi

အေမရိကန္ကို တိုက္ခိုက္လာရင္ အီရန္ရိွပစ္မွတ္ ၅၂ ေနရာကို တိုက္ခိုက္သြားမယ္လို႔ ေဒၚနယ္ထရန္႔ေျပာ

တီဟီရန္၊ ဇန္နဝါရီ-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံသားေတြနဲ႔ အေမရိကန္ရဲ႕ ပိုင္ဆိုင္မႈေတြကို အီရန္က တိုက္ခို္က္လာမယ္ဆိုရင္ အီရန္ရဲ႕ေနရာ၅၂ေနရာကုိ ပစ္မွတ္ထားျပီး ျမန္ဆန္ျပင္းထန္စြာ တုိက္ခုိက္သြားမယ္လို႔ အေမရိကန္ သမၼတေဒၚနယ္ထရန္႔က သတိေပးေျပာၾကားလုိက္ပါတယ္။

ပစ္မွတ္ေနရာ ၅၂ ေနရာသတ္မွတ္တာဟာ အီီရန္မွာရိွတဲ႔ အေမရိကန္သံရံုးကေန ၁၉၇၉ ခုနွစ္ေနွာင္းပိုင္းကေန တစ္နွစ္ေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းခံခဲ႔ရတဲ႔ အေမရိကန္နုိင္ငံသာ ၅၂ ဦးကို ကိုယ္စားျပဳျပီးတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

အီရန္ထိပ္တန္းဗုိလ္ခ်ဳပ္ၾကီး ကာစင္ဆုိလုိင္မာနီဟာ အေမရိကန္ရဲ႕ေမာင္းသူမဲ႔ေလယာဥ္နဲ႔ တုိက္ခုိက္မႈတစ္ခုအတြင္း ေသဆံုးျပီးေနာက္ ေဒၚနယ္ထရန္႔က ယခုလိုမွတ္ခ်က္ျပဳေျပာ ဆိုိုလိုက္တာျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္ၾကီးဆုိလုိင္မာနီေသဆံုးမႈအတြက္ ျပင္းထန္စြာလက္စားေခ်သြားမယ္လို႔ အီရန္ဘက္ကလည္း ေျပာဆိုထားပါတယ္။

ဗုိလ္ခ်ဳပ္ၾကီးေသဆံုးမႈအေပၚလက္တ႔ံုျပန္တဲ႔အေနနဲ႔ အေမရိကန္ရဲ႕ ပိုင္ဆုိင္မႈေတြကို ပစ္မွတ္ထားတိုက္ခိုက္မယ္လုိ႔ အိီရန္က ရဲရဲ၀ံ႕၀ံ႕ေျပာဆိုေနတယ္လို႔ သူကစြပ္စြဲေျပာဆိုပါတယ္။

အီရန္အေနနဲ႔ အေမရိကန္ကို တုိက္ခိုက္လာမယ္ဆိုရင္ လွ်င္ျမန္ျပင္းထန္တဲ႔ တုိက္ခုိက္မႈနဲ႔ ရင္ဆိုင္ရမွာျဖစ္ျပီး အီရန္အတြက္ေရးပါေသာေနရာ၊ လြန္စြာအဆင့္ျမင့္ေသာေနရာနဲ႔ အီရန္ယဥ္ေက်းမႈနယ္ေျမေတြအပါအဝင္ ေနရာ၅၂ေနရာကုိ အေမရိကန္က ေရြးခ်ယ္ထားျပီးျဖစ္တယ္လိ္ု႔ ထရန္႔ကေျပာဆိုပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #အီရန္ #၅၂ေနရာ #အေမရိကန္ #ေဒၚနယ္ထရန္႔

Related posts

Leave a Comment

VOM News

FREE
VIEW