အရက်သောက်ရင်း စကားများရာမှ ရဲဒင်းနဲ့ထုသတ်လို့ အမျိုးသားတစ်ဦးနေရာတင်သေဆုံး

နတ္တလင်း ဇန်နဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ကုန်းသာအုပ်စု၊ ကြို့လေးပင်ရွာမှာ မနေ့ ဇန်နဝါရီ ၄ရက်မနက် ၁၁နာရီဝန်းကျင်က အမျိုးသားနှစ်ဦး အရက်အတူသောက်ရာမှ စကားများပြီး ရဲဒင်းနဲ့ထုသတ်လို့ အမျိုးသားတစ်ဦးနေရာတင် သေဆုံးခဲ့တယ်လို့ တာပွန်နယ်မြေရဲစခန်းကနေသိရပါတယ်။

“သေတဲ့သူနဲ့ သတ်တဲ့သူတွေက တစ်အိမ်တည်းအတူနေထိုင်တဲ့သူတွေပါ ၊ သူတို့အချင်းချင်း ရန်ဖြစ်စကားများပြီး ၊ ထင်းခွဲတဲ့ရဲဒင်းနဲ့ နောက်စေ့ကိုထုသတ်လိုက်တာ နေရာတင်သေဆုံးသွားပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူလည်း ဖမ်းဆီးထားပါပြီ”လို့ တာပွန်နယ်မြေရဲစခန်းမှ ရဲအုပ်အောင်ဇော်မိုးကပြောပါတယ်။

အသက်(၄၈)နှစ်ရှိဦးဇော်ဦးနဲ့ အသက်(၅၀)နှစ်ရှိဦးခင်စိန်ဆိုသူတို့ နှစ်ဦးဟာ အရက်သေစာသောက်စားကြပြီး ဦးခင်စိန်က ဦးဇော်ဦးကို ဖုန်းသူခိုးလို့ စွပ်စွဲတဲ့အတွက် လက်သီးနဲ့ထိုးကာ နေအိမ်ဈေးဆိုင်မှာ မနေဖို့ နှင်ထုတ်ခဲ့တဲ့အတွက် ဦးဇော်ဦးက မခံနိုင်ဖြစ်ပြီး ရဲဒင်းနဲ့ ထုသတ်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။

ဦးခင်စိန်သေဆုံးမှုနဲ့ပတ်သက်ပြီး ယောက္ခမဖြစ်သူ ဦးလှတင်ဆိုသူက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် တာပွန်နယ်မြေရဲစခန်းက အရက်သေစာသောက်စားရာမှ နိုင်ထက်စီးနင်းပြုလုပ်သည်ကိုမခံနိုင်၍ ရဲဒင်းဖြင့်ထုသတ်ခဲ့တယ်လို့ သုံးသပ်တဲ့အတွက် အသက်(၄၈)နှစ်ရှိဦးဇော်ဦးကို (ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #တာပွန် #လူသတ်မှု

Zawgyi

အရက္ေသာက္ရင္း စကားမ်ားရာမွ ရဲဒင္းနဲ႔ထုသတ္လို႔ အမ်ိဳးသားတစ္ဦးေနရာတင္ေသဆုံး

နတၱလင္း ဇန္နဝါရီ ၅-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာ၀တီခ႐ိုင္၊ နတၱလင္းၿမိဳ႕နယ္၊ ကုန္းသာအုပ္စု၊ ႀကိဳ႕ေလးပင္႐ြာမွာ မေန႔ ဇန္နဝါရီ ၄ရက္မနက္ ၁၁နာရီ၀န္းက်င္က အမ်ိဳးသားႏွစ္ဦး အရက္အတူေသာက္ရာမွ စကားမ်ားၿပီး ရဲဒင္းနဲ႔ထုသတ္လို႔ အမ်ိဳးသားတစ္ဦးေနရာတင္ ေသဆုံးခဲ့တယ္လို႔ တာပြန္နယ္ေျမရဲစခန္းကေနသိရပါတယ္။

“ေသတဲ့သူနဲ႔ သတ္တဲ့သူေတြက တစ္အိမ္တည္းအတူေနထိုင္တဲ့သူေတြပါ ၊ သူတို႔အခ်င္းခ်င္း ရန္ျဖစ္စကားမ်ားၿပီး ၊ ထင္းခြဲတဲ့ရဲဒင္းနဲ႔ ေနာက္ေစ့ကိုထုသတ္လိုက္တာ ေနရာတင္ေသဆုံးသြားပါတယ္။ ျပစ္မႈက်ဴးလြန္တဲ့သူလည္း ဖမ္းဆီးထားပါၿပီ”လို႔ တာပြန္နယ္ေျမရဲစခန္းမွ ရဲအုပ္ေအာင္ေဇာ္မိုးကေျပာပါတယ္။

အသက္(၄၈)ႏွစ္ရွိဦးေဇာ္ဦးနဲ႔ အသက္(၅၀)ႏွစ္ရွိဦးခင္စိန္ဆိုသူတို႔ ႏွစ္ဦးဟာ အရက္ေသစာေသာက္စားၾကၿပီး ဦးခင္စိန္က ဦးေဇာ္ဦးကို ဖုန္းသူခိုးလို႔ စြပ္စြဲတဲ့အတြက္ လက္သီးနဲ႔ထိုးကာ ေနအိမ္ေဈးဆိုင္မွာ မေနဖို႔ ႏွင္ထုတ္ခဲ့တဲ့အတြက္ ဦးေဇာ္ဦးက မခံႏိုင္ျဖစ္ၿပီး ရဲဒင္းနဲ႔ ထုသတ္ခဲ့တာျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဦးခင္စိန္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ေယာကၡမျဖစ္သူ ဦးလွတင္ဆိုသူက တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ တာပြန္နယ္ေျမရဲစခန္းက အရက္ေသစာေသာက္စားရာမွ ႏိုင္ထက္စီးနင္းျပဳလုပ္သည္ကိုမခံႏိုင္၍ ရဲဒင္းျဖင့္ထုသတ္ခဲ့တယ္လို႔ သံုးသပ္တဲ့အတြက္ အသက္(၄၈)ႏွစ္ရွိဦးေဇာ္ဦးကုိ (ပ)၂/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂နဲ႔ အေရးယူေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #တာပြန္ #လူသတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW