RCSS/SSAခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် JICM အစည်းအဝေးတက်ရောက်မယ်

ရန်ကုန်၊ ဇန်နဝါရီ ၅-၂၀၂၀
အောင်ထူးနိုင်(VOM)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ဖို့အတွက် ဇန်နဝါရီ ၆ ရက်နေ့(မနက်ဖြန်)မှာ တာချီလိတ်ကနေ နေပြည်တော်ကို ထွက်ခွာမယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက VOM ကို အတည်ပြုပြောပါတယ်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့ အစိုးရဘက်နဲ့ ကျွန်တော်တို့အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းထားပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလထဲမှာ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ NCA လေးနှစ်ပြည့်အခမ်းအနားနဲ့ JICM အစည်းအဝေး တက်ရောက်နိုင်ဖို့အတွက် ခရီးစဉ်ပြင်ဆင်ခဲ့ပေမယ့် သတ်မှတ်လမ်းကြောင်းအတိုင်း လာတာမဟုတ်တဲ့အတွက် တပ်မတော်ဘက်က ခွင့်မပြုခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ခရီးစဉ် ဖျက်သိမ်းခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး အဲဒီခရီးစဉ်ဖျက်ခဲ့ရပြီးနောက် နေပြည်တော်ကိုသွားမယ့် အခုခရီးစဉ်ဟာ ပထမဆုံးပြန်လည်သွားရောက်မယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။

“အစိုးရဘက်ကလည်း ဒီခရီးစဉ်အတွက် ကူညီပေးပါလိမ့်မယ်”လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ နေပြည်တော်ခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အကြီးအကဲတွေ၊ ငြိမ်းချမ်းရေးမှာပါဝင်နေတဲ့ Stakeholder တွေအပြင် တခြားအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ RCSSကနေ သိရပါတယ်။

“ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ဖို့ အဓိကထားပါတယ်”လို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ဇန်နဝါရီ ၇ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် PPST အစည်းအဝေးနဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ကျင်းပမယ့် JICM အစည်းအဝေးတို့ကို တက်ရာက်မှာဖြစ်ပြီး ယုံကြည်မှုပြန်လည် တည်ဆောက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့နိုင်ဖို့အတွက် RCSS က မျှောလင့်ထား တယ်လို့ သိရပါတယ်။

#VOM #voiceoffmyanmar #ရန်ကုန် #ဗိုလ်ချုပ်ကြီးယွက်စစ် #JICMအစည်းအဝေး

Zawgyi

RCSS/SSAေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ JICM အစည္းအေဝးတက္ေရာက္မယ္

ရန္ကုန္၊ ဇန္နဝါရီ ၅-၂၀၂၀
ေအာင္ထူးႏိုင္(VOM)

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး(JICM) ကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ တက္ေရာက္ဖို႔အတြက္ ဇန္နဝါရီ ၆ ရက္ေန႔(မနက္ျဖန္)မွာ တာခ်ီလိတ္ကေန ေနျပည္ေတာ္ကို ထြက္ခြာမယ္လို႔ RCSS ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီးစိုင္းဦးက VOM ကို အတည္ျပဳေျပာပါတယ္။

“ဒီခရီးစဥ္နဲ႔ပတ္သက္လို႔ အစိုးရဘက္နဲ႔ ကြၽန္ေတာ္တို႔အဆင္ေျပဆုံးျဖစ္ေအာင္ ညႇိႏႈိင္းထားပါတယ္”လို႔ ဒုတိယဗိုလ္မႉးႀကီးစိုင္းဦးက ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလထဲမွာ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္အေနနဲ႔ NCA ေလးႏွစ္ျပည့္အခမ္းအနားနဲ႔ JICM အစည္းအေဝး တက္ေရာက္ႏိုင္ဖို႔အတြက္ ခရီးစဥ္ျပင္ဆင္ခဲ့ေပမယ့္ သတ္မွတ္လမ္းေၾကာင္းအတိုင္း လာတာမဟုတ္တဲ့အတြက္ တပ္မေတာ္ဘက္က ခြင့္မျပဳခဲ့တဲ့အတြက္ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ရဲ႕ ခရီးစဥ္ ဖ်က္သိမ္းခဲ့ရတဲ့ ျဖစ္စဥ္ျဖစ္ခဲ့ၿပီး အဲဒီခရီးစဥ္ဖ်က္ခဲ့ရၿပီးေနာက္ ေနျပည္ေတာ္ကိုသြားမယ့္ အခုခရီးစဥ္ဟာ ပထမဆုံးျပန္လည္သြားေရာက္မယ့္ ခရီးစဥ္လည္းျဖစ္ပါတယ္။

“အစိုးရဘက္ကလည္း ဒီခရီးစဥ္အတြက္ ကူညီေပးပါလိမ့္မယ္”လို႔ ဒုတိယဗိုလ္မႉးႀကီးစိုင္းဦးက ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕(PPST) ယာယီအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားရတဲ့ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္အေနနဲ႔ ေနျပည္ေတာ္ခရီးစဥ္အတြင္း ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ ႏိုင္ငံေတာ္အႀကီးအကဲေတြ၊ ၿငိမ္းခ်မ္းေရးမွာပါဝင္ေနတဲ့ Stakeholder ေတြအျပင္ တျခားအဖြဲ႕အစည္းေတြနဲ႔လည္း ေတြ႕ဆုံေဆြးေႏြးသြားဖို႔ စီစဥ္ထားတယ္လို႔ RCSSကေန သိရပါတယ္။

“ဒီခရီးစဥ္ဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေရွ႕ဆက္သြားႏိုင္ဖို႔ အဓိကထားပါတယ္”လို႔ ဒုတိယဗိုလ္မႉးႀကီးစိုင္းဦးက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ဟာ ဇန္နဝါရီ ၇ ရက္ေန႔ ေနျပည္ေတာ္မွာက်င္းပမယ့္ PPST အစည္းအေဝးနဲ႔ ဇန္နဝါရီ ၈ ရက္ေန႔မွာ က်င္းပမယ့္ JICM အစည္းအေဝးတို႔ကို တက္ရာက္မွာျဖစ္ၿပီး ယုံၾကည္မႈျပန္လည္ တည္ေဆာက္ႏိုင္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင္ေျပေခ်ာေမြ႕ႏိုင္ဖို႔အတြက္ RCSS က ေမွ်ာလင့္ထား တယ္လို႔ သိရပါတယ္။

#VOM #voiceoffmyanmar #ရန္ကုန္ #ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ #JICMအစည္းအေဝး

Related posts

Leave a Comment

VOM News

FREE
VIEW