အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ပါလီမန်ကြေညာ

တီဟီရန်၊ ဇန်နဝါရီ-၇-၂၀၂၀
မျိုးဆက် (VOM)

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကပြုလုပ်ခဲ့တဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေအားလုံးကို အကြမ်းဖက်သမားတွေအဖြစ် အီရန်ပါလီမန်က ဇန်နဝါရီ ၇ ရက်မှာ သတ်မှတ်လိုက်ပါတယ်။

အီရန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီဟာ ဘဂ္ဂဒက်လေဆိပ်ပြင်ပမှာ ဇန်နဝါရီ ၃ ရက်က အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အီရန်ပါလီမန်က အတည်ပြုလိုက်တဲ့ ဥပဒေအရ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ပင်တဂွန်စစ်ဌာနချုပ်က ဝန်ထမ်းတွေ၊ ဆက်စပ်အဖွဲ့အစည်းတွေ၊ အေးဂျင့်တွေ၊ တပ်မှူးတွေနဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို လုပ်ကြံဖို့အမိန့်ပေးသူအားလုံးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပါတယ်။

စစ်ရေး၊ ထောက်လှမ်းရေး၊ ဘဏ္ဍာရေး၊ နည်းပညာ၊ ဝန်ဆောင်မှု ပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဘယ်လိုကူညီထောက်ပံ့မှုမျိုးကိုမဆို အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းမှုအဖြစ်သတ်မှတ်သွားမယ်လို့ ပါလီမန်ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီဦးဆောင်ခဲ့တဲ့ တပ်ဖွဲ့ရဲ့ ပြည်ပစစ်ဆင်ရေးတွေမြှင့်တင်ဖို့အတွက် ယူရိုသန်း ၂၀၀ ကိုလည်းအီရန်လွှတ်တော်အမတ်တွေက ခွင့်ပြုပေးခဲ့ပါတယ်။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #အီရန် #အမေရိကန် #အကြမ်းဖက်သမား

Zawgyi

အေမရိကန္တပ္ဖြဲ႔၀င္အားလံုးကို အၾကမ္းဖက္သမားေတြအျဖစ္ အီရန္ပါလီမန္ေၾကညာ

တီဟီရန္၊ ဇန္န၀ါရီ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ျပီးခဲ႔တဲ႔သီတင္းပတ္အတြင္းကျပဳလုပ္ခဲ႔တဲ႔ အေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈမွာ အီရန္ထိပ္တန္းဗို္လ္ခ်ဳပ္ၾကီးတစ္ဦး ေသဆံုးျပီးေနာက္ အေမရိကန္တပ္ဖြဲ႔၀င္ေတြအားလံုးကို အၾကမ္းဖက္သမားေတြအျဖစ္ အီရန္ပါလီမန္က ဇန္န၀ါရီ ၇ ရက္မွာ သတ္မွတ္လိုက္ပါတယ္။

အီရန္ရဲ႕ အေရွ႕အလယ္ပိုင္းဆိုင္ရာ စစ္ဆင္ေရးေတြကို ဦးေဆာင္ေနတဲ႔ ဗိုလ္ခ်ဳပ္ၾကီး ကာဆမ္ဆိုလိုင္မာနီဟာ ဘဂၢဒက္ေလဆိပ္ျပင္ပမွာ ဇန္န၀ါရီ ၃ ရက္က အေမရိကန္ေမာင္းသူမဲ႔ေလယာဥ္န႔ဲ တိုက္ခိုက္ခံရတာေၾကာင္႔ ေသဆံုးခဲ႔တာျဖစ္ျပီး နွစ္နုိင္ငံအၾကား တင္းမာမႈေတြ ျမင္႔တက္ေနပါတယ္။

အီရန္ပါလီမန္က အတည္ျပဳလိုက္တဲ႔ ဥပေဒအရ အေမရိကန္တပ္ဖြဲ႔၀င္ေတြ၊ ပင္တဂြန္စစ္ဌာနခ်ဳပ္က ၀န္ထမ္းေတြ၊ ဆက္စပ္အဖြဲ႔အစည္းေတြ၊ ေအးဂ်င္႔ေတြ၊ တပ္မွဴးေတြနဲ႔ ဗိုလ္ခ်ဳပ္ၾကီး ကာဆမ္ဆိုလိုင္မာနီကို လုပ္ၾကံဖို႔အမိန္႔ေပးသူအားလံုးကို အၾကမ္းဖက္သမားေတြအျဖစ္ သတ္မွတ္ထားပါတယ္။

စစ္ေရး၊ ေထာက္လွမ္းေရး၊ ဘ႑ာေရး၊ နည္းပညာ၊ ၀န္ေဆာင္မႈ ပါအ၀င္ အေမရိကန္တပ္ဖြဲ႔၀င္ေတြကို ဘယ္လိုကူညီေထာက္ပံ႕မႈမ်ိဳးကိုမဆို အၾကမ္းဖက္အဖြဲ႔နဲ႔ ပူးေပါင္းမႈအျဖစ္သတ္မွတ္သြားမယ္လို႔ ပါလီမန္ကထုတ္ျပန္ပါတယ္။

ဒါ႔အျပင္ ဗိုလ္ခ်ဳပ္ၾကီး ဆိုလိုင္မာနီဥိီးေဆာင္ခဲ႔တဲ႔ တပ္ဖြဲ႕ရဲ႕ ျပည္ပစစ္ဆင္ေရးေတြျမွင္႔တင္ဖို႔အတြက္ ယူရိုသန္း ၂၀၀ ကိုလည္းအီရန္လႊတ္ေတာ္အမတ္ေတြက ခြင္႔ျပဳေပးခဲ႔ပါတယ္။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #အီရန္ #အေမရိကန္ #အၾကမ္းဖက္သမား

Related posts

Leave a Comment

VOM News

FREE
VIEW