ထိုင်းနိုင်ငံမှာ နှစ် ၄၀ အတွင်းအဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြုံနေရ

ဘန်ကောက်၊ ဇန်နဝါရီ-၇-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့နေရတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။

မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် ဆားငန်ဓါတ်တွေဖြစ်ပေါ်လာတဲ့အတွက် ဘုံပိုင်ရေကိုသောက်သုံးခြင်းမပြုဖို့ အသက်ကြီးအရွယ် အိုမင်းမသန်စွမ်းတွေကို အာဏာပိုင်တွေက အကြံပြုထားပါတယ်။

နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၀ မှာပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ရင်ဆိုင်နေရပြီး မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၁၃ ခုမှာတော့ အရေးပေါ်အစီအမံတွေလုပ်ဆောင်ဖို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရပေမယ့် ယခုနှစ်မိုးခေါင်မှုဟာ ပုံမှန်ထက် ပိုမိုကြာရှည်တယ်လို့ အမျိုးသားရေအရင်းအမြစ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မိုးခေါင်မှုကြောင့် ကျောက်ဖယားမြစ်ရဲ့စီးဆင်းမှုကို အားနည်းသွားစေပြီး ပင်လယ်ရေမြင့်တက်လာတဲ့ အခါ ဘုံပိုင်ရေမှာဆားဓါတ်ပါဝင်မှုမြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

မိုးခေါင်ရေရှားမှုနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ ရေစီမံခန့်ခွဲမှုဌာနတစ်ခု ဖွဲ့စည်းဖို့အတွက် ဇန်နဝါရီ ၇ ရက်မှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။

Ref : NHK Photo: The Nation
#VOM #voiceofmyanmar #ထိုင်းနိုင်ငံ #မိုးခေါင်ရေရှား

Zawgyui

ထိုင္းနုိင္ငံမွာ နွစ္ ၄၀ အတြင္းအဆိုးရြားဆံုး မိုးေခါင္ေရရွားမႈၾကံဳေနရ

ဘန္ေကာက္၊ ဇန္န၀ါရီ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံမွာ ဆယ္စုနွစ္ေလးခုအတြင္း အဆိုးရြားဆံုး မိုးေခါင္ေရရွားမႈနဲ႔႔ ၾကံဳေတြ႔ေနရတယ္လို႔ ထိုင္းတာ၀န္ရိွသူေတြကေျပာပါတယ္။

မိုးရြာသြန္းမႈနည္းပါးတဲ့အတြက္ ဆားငန္ဓါတ္ေတြျဖစ္ေပၚလာတဲ႔အတြက္ ဘံုပိုင္ေရကိုေသာက္သံုးျခင္းမျပဳဖို႔ အသက္ၾကီးအရြယ္ အိုမင္းမသန္စြမ္းေတြကို အာဏာပိုင္ေတြက အၾကံျပဳထားပါတယ္။

နိုင္ငံတစ္၀န္းရိွ ျပည္နယ္ ၃၀ မွာပူျပင္းေျခာက္ေသြ႔တဲ႔ ရာသီဥတုနဲ႔ရင္ဆိုင္ေနရျပီး ေျမာက္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းရိွ ျပည္နယ္ ၁၃ ခုမွာေတာ႔ အေရးေပၚအစီအမံေတြလုပ္ေဆာင္ဖို႔ သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရး အာဏာပိုင္ေတြက အမိန္႔ထုတ္ထားပါတယ္။

ထိုင္းနိုင္ငံဟာ နွစ္စဥ္နွစ္တိုင္း မိုးေခါင္ေရရွားမႈနွင္႔ ၾကံဳေတြ႔ေနရေပမယ္႔ ယခုနွစ္မိုးေခါင္မွဳဟာ ပံုမွန္ထက္ ပိုမိုၾကာရွည္တယ္လို႔ အမ်ိဳးသားေရအရင္းအျမစ္ရံုးမွ တာ၀န္ရိွသူတစ္ဦးကေျပာပါတယ္္။

မိုးေခါင္မႈေၾကာင္႔ ေက်ာက္ဖယားျမစ္ရဲ႕စီးဆင္းမႈကို အားနည္းသြားေစျပီး ပင္လယ္ေရျမင္႔တက္လာတဲ႔ အခါ ဘံုပိုင္ေရမွာဆားဓါတ္ပါ၀င္မႈျမင္႔တက္လာေၾကာင္း တာ၀န္ရိွသူမ်ားက ေျပာပါတယ္။

မိုးေခါင္ေရရွားမႈနဲ႔ ပတ္သက္ျပီး အစိုးရအဖြဲ႔အေနနဲ႔ ေရစီမံခန္႔ခြဲမႈဌာနတစ္ခု ဖြဲ႔စည္းဖို႔အတြက္ ဇန္န၀ါရီ ၇ ရက္မွာ ေဆြးေႏြးဖြယ္ရိွေနပါတယ္။

Ref : NHK Photo: The Nation
#VOM #voiceofmyanmar #ထိုင္းနိုင္ငံ #မိုးေခါင္ေရရွား

Related posts

Leave a Comment

VOM News

FREE
VIEW