ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိထားတဲ့ AA အဖွဲ့ဝင်တွေရဲ့အမှုက လိုပြသက်သေ ရဲဒုတပ်ကြပ်ကိုစစ်ဆေး

မန္တလေး ဇန်နဝါရီ ၇-၂၀၂၀
ဖြူဖြူ(VOM)

ဖောက်ခွဲရေးပစ္စည်းတွေအပါအဝင် စပ်ဆက်ပစ္စည်းနဲ့ ဖမ်းမိထားတဲ့ AA တပ်ဖွဲ့ဝင်အပါခြောက်ဦးအမှုကို ဒီကနေ့ညနေပိုင်းက မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရဲဒုတပ်ကြပ်ကို စစ်ဆေးခဲ့တယ်လို့ မန္တလေးခရိုင်တရားရုံးကနေ သိရပါတယ်။

” တရားလိုပြသက်သေ ရဲဒုတပ်ကြပ် ရဲလင်းအောင်ကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ လိုပြသက်သေ ရဲအုပ်ထင်လင်းကျော်၊ ဦးစိုးတင့် ၊ ဦးတင်ဦးတို့ သုံးဦးကို စစ်ဆေးဖို့ ၂၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ” လို့ မန္တလေးခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမောင်လွင်က ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်းကနေ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၁၉ ခုနှစ် စက်တင်လ ၁၀ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အမှုမှာပါဝင်သူတွေကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁(ဂ)၊၅၂(က) တို့နဲ့ တရားရုံးစွဲတင်ထားတာပါ။

ဖမ်းဆီးရမိသူတွေထဲမှာ AA တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ ၊ ဒုတပ်ကြပ် ချမ်းငြိမ်း ၊ ဒုတပ်ကြပ် မြတ်ခိုင်နဲ့ ကျောက်အရောင်းအဝယ်လုပ်ကိုင်သူ မိုးကျော် ၊ဝင်းသိန်း၊ ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ပြီး ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုးနဲ့ မဦးသန်းခင် တို့သုံးဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ မန္တလေးခရိုင်တရားရုံးကနေ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်သုံးဦးကိုတော့ အောက်တိုဘာ ၈ ရက်က ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)ဟာ အနည်းဆုံးထောင်ဒဏ် ၅နှစ်ကနေ အများဆုံး ၁၀နှစ်ထိချနိုင်တဲ့ အပြင်ငွေဒဏ်လည်းချနိုင်သလို အကြမ်းဖက်တိုက်ဖျက်ရေးဥဒေပုဒ်မ ၅၂(က)ဟာ အနည်းဆုံးထောင်ဒဏ်သုံးနှစ်ကနေ ၇ နှစ်အထိချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တာ ဖြစ်ပါတယ်။

ဒီအမှုမှာ စုစုပေါင်း သက်သေ ၂၃ ဦးရှိပြီး ၆ ဦးကို စစ်ဆေးပြီးဖြစ်တယ်လို့ မန္တလေးခရိုင်တရားရုံးက သိရပါတယ်။

#voiceofmyanmar #မန္တလေး #AA #ရဲဒုတပ်ကြပ်စစ်ဆေး

Zawgyi

ေဖာက္ခြဲေရး ပစၥည္းေတြနဲ႔ ဖမ္းမိထားတဲ့ AA အဖြဲ႕ဝင္ေတြရဲ႕အမႈက လိုျပသက္ေသ ရဲဒုတပ္ၾကပ္ကိုစစ္ေဆး

မႏၲေလး ဇန္နဝါရီ ၇-၂၀၂၀
ျဖဴျဖဴ(VOM)

ေဖာက္ခြဲေရးပစၥည္းေတြအပါအဝင္ စပ္ဆက္ပစၥည္းနဲ႔ ဖမ္းမိထားတဲ့ AA တပ္ဖြဲ႕ဝင္အပါေျခာက္ဦးအမႈကို ဒီကေန႔ညေနပုိင္းက မႏၱေလးခရိုင္တရားရံုးမွာ ႐ုံးထုတ္ခဲ့ၿပီး တရားလိုျပသက္ေသ ရဲဒုတပ္ၾကပ္ကို စစ္ေဆးခဲ့တယ္လို႔ မႏၲေလးခ႐ိုင္တရား႐ုံးကေန သိရပါတယ္။

” တရားလိုျပသက္ေသ ရဲဒုတပ္ၾကပ္ ရဲလင္းေအာင္ကို စစ္ေဆးခဲ့ပါတယ္။ ေနာက္႐ုံးခ်ိန္းမွာ လိုျပသက္ေသ ရဲအုပ္ထင္လင္းေက်ာ္၊ ဦးစိုးတင့္ ၊ ဦးတင္ဦးတို႔ သုံးဦးကို စစ္ေဆးဖို႔ ၂၁ ရက္ေန႔ကို ခ်ိန္းဆိုထားပါတယ္။ ” လို႔ မႏၱေလးခ႐ိုင္တရား႐ုံး သတင္းျပန္ၾကားေရးအရာရွိ ဦးေမာင္လြင္က ေျပာပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းရွိ ေနအိမ္တစ္ခုအတြင္းကေန ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို ၂၀၁၉ ခုႏွစ္ စက္တင္လ ၁၀ ရက္က ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး အမႈမွာပါဝင္သူေတြကို အၾကမ္းဖက္ဥပေဒ ပုဒ္မ ၅၁(ဂ)၊၅၂(က) တို႔နဲ႔ တရား႐ုံးစြဲတင္ထားတာပါ။

ဖမ္းဆီးရမိသူေတြထဲမွာ AA တပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့ ဒုအရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ ၊ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း ၊ ဒုတပ္ၾကပ္ ျမတ္ခိုင္နဲ႔ ေက်ာက္အေရာင္းအဝယ္လုပ္ကိုင္သူ မိုးေက်ာ္ ၊ဝင္းသိန္း၊ ကားဂိတ္မႉး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး တို႔ျဖစ္ၿပီး ၿဖိဳးေဝ (ခ) ကိုၿဖိဳး၊ ေမာင္ေမာင္စိုးနဲ႔ မဦးသန္းခင္ တို႔သုံးဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ မႏၲေလးခ႐ိုင္တရား႐ုံးကေန သိရပါတယ္။

ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္တဲ့ က်န္သုံးဦးကိုေတာ့ ေအာက္တိုဘာ ၈ ရက္က ဖမ္းဝရမ္းထုတ္ထားၿပီး လက္ရွိအခ်ိန္အထိ ဖမ္းဆီးရမိျခင္း မရွိေသးပါဘူး။

အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၁(ဂ)ဟာ အနည္းဆုံးေထာင္ဒဏ္ ၅ႏွစ္ကေန အမ်ားဆုံး ၁၀ႏွစ္ထိခ်ႏိုင္တဲ့ အျပင္ေငြဒဏ္လည္းခ်ႏိုင္သလို အၾကမ္းဖက္တိုက္ဖ်က္ေရးဥေဒပုဒ္မ ၅၂(က)ဟာ အနည္းဆုံးေထာင္ဒဏ္သုံးႏွစ္ကေန ၇ ႏွစ္အထိခ်မွတ္ႏိုင္တဲ့အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တာ ျဖစ္ပါတယ္။

ဒီအမႈမွာ စုစုေပါင္း သက္ေသ ၂၃ ဦးရွိၿပီး ၆ ဦးကို စစ္ေဆးၿပီးျဖစ္တယ္လို႔ မႏၲေလးခ႐ိုင္တရား႐ုံးက သိရပါတယ္။

#voiceofmyanmar #မႏၲေလး #AA #ရဲဒုတပ္ၾကပ္စစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW