ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ကာ ၄ ဦးသေဆုံးပြီး ၆ ဒဏ်ရာပြင်းထန်

ဘူးသီးတောင်၊ ဇန်နဝါရီ ၇၊ ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထင်းခုတ်သွားသူ ၁၀ ဦးထိခိုက်ခဲ့ပြီး အဲ့ဒီထဲက ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ ဒီကနေ့ မနက် ၁၀ နာရီခွဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီးပေါက်ကွဲခဲ့တဲ့အတွက့် အသက် ၈ နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

“ရွာမှာကျူရှင်ပြနေတဲ့ ကျောင်းဆရာနဲ့ကလေးတွေ မနက်ပိုင်းက ထင်းခွေဖို့သွားတယ်။ ၁၀ နာရီခွဲလောက်မှာ မိုင်းပေါက်တာလား။ လက်နက်ကြီးကျတာလားမသိဘူး။ ပေါက်ကွဲမှုဖြစ်ပြီးတော့ လေးယောက်သေတယ်။ ၆ ယောက်ဒဏ်ရာရပါတယ်။” လို့ ထိပ်ထူးပေါက်ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီလက်နက်ကြီး ထိမှန်သူတွေဟာ ထိပ်ထူးပေါက်ကျေးရွာသား လူငယ် ၉ ဦးနဲ့ သာစည်ပင်ကျေးရွာက လူငယ် တစ်ဦးတို့ဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက အဲ့ဒီကျေးရွာအနီးမှာ တပ်မတော်နဲ့အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိကြောင်းနဲ့ တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

“ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာမရှိဘူး။ တပ်မတော်က ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲတာလို့သိရတယ်။ အဲ့ဒီနေရာက တပ်မတော်စစ်ကြောင်းတွေရှိနေတဲ့နေရာဖြစ်တယ်။ ကျွန်တော်တို့နဲ့ သက်ဆိုင်မှုမရှိဘူး။” လို့ ခိုင်သုခက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဆက်အသွယ်မရရှိခဲ့ပါဘူူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကလည်း ထိပ်ထူးပေါက်ကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးနဲ့ အိမ်မွေးတရိစ္ဆာန်တွေ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်အကြာရှိနေပြီဖြစ်ကာ အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဘူးသီးတောင် #လက်နက်ကြီးကျည်ထိ #လူသေဆုံး

Zawgyi

ဘူးသီးေတာင္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္ထိမွန္ကာ ၄ ဦးေသဆံုးၿပီး ၆ ဒဏ္ရာျပင္းထန္

ဘူးသီးေတာင္၊ ဇန္နဝါရီ ၇၊ ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထင္းခုတ္သြားသူ ၁၀ ဦးထိခိုက္ခဲ့ၿပီး အဲ့ဒီထဲက ၄ ဦးေသဆံုးကာ ၆ ဦး ဒဏ္ရာအျပင္းအထန္ရ႐ွိတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

အဲ့ဒီေပါက္ကြဲမႈဟာ ဒီကေန႔ မနက္ ၁၀ နာရီခြဲမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေက်းရြာအနီးေပါက္ကြဲခဲ့တဲ့အတြက္ ့ အသက္ ၈ ႏွစ္အရြယ္ႏွစ္ဦးနဲဲ႔ ၁၀ ႏွစ္အရြယ္ႏွစ္ဦး ေသဆံုးသြားခ့ဲပါတယ္။

“ရြာမွာက်ဴရွင္ျပေနတဲ့ ေက်ာင္းဆရာနဲ႔ကေလးေတြ မနက္ပိုင္းက ထင္းေခြဖုိ႔သြားတယ္။ ၁၀ နာရီခြဲေလာက္မွာ မိုင္းေပါက္တာလား။ လက္နက္ႀကီးက်တာလားမသိဘူး။ ေပါက္ကြဲမႈျဖစ္ၿပီးေတာ့ ေလးေယာက္ေသတယ္။ ၆ ေယာက္ဒဏ္ရာရပါတယ္။” လို႔ ထိပ္ထူးေပါက္ေက်းရြာသားတစ္ဦးကေျပာပါတယ္။

အဲ့ဒီလက္နက္ႀကီး ထိမွန္သူေတြဟာ ထိပ္ထူးေပါက္ေက်းရြာသား လူငယ္ ၉ ဦးနဲ႔ သာစည္ပင္ေက်းရြာက လူငယ္ တစ္ဦးတို႔ျဖစ္တယ္လို႔ ေက်းရြာသားေတြကေျပာပါတယ္။

ဒီေန႔မနက္ပိုင္းက အဲ့ဒီေက်းရြာအနီးမွာ တပ္မေတာ္နဲ႔ေအေအတုိ႔ တုိက္ပြဲျဖစ္ပြားခဲ့တာမရွိေၾကာင္းနဲ႔ တပ္မေတာ္ဘက္က ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲတာျဖစ္ႏုိင္တယ္လို႔ ေအေအရဲ႕ေျပာခြင့္ရသူ ခုိင္သုခက ေျပာပါတယ္။

“ကၽြန္ေတာ္တုိ႔နဲ႔တုိက္ပြဲျဖစ္တာမရွိဘူး။ တပ္မေတာ္က ရမ္းသမ္းပစ္ခတ္တဲဲ့ လက္နက္ႀကီးက်ည္က်လို႔ ေပါက္ကြဲတာလို႔သိရတယ္။ အဲ့ဒီေနရာက တပ္မေတာ္စစ္ေၾကာင္းေတြရွိေနတဲ့ေနရာျဖစ္တယ္။ ကၽြန္ေတာ္တုိ႔နဲ႔ သက္ဆိုင္မႈမရွိဘူး။” လို႔ ခိုင္သုခက ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ဆက္သြယ္ေမးျမန္းခဲဲ့ရာမွာေတာ့ အဆက္အသြယ္မရရွိခဲ့ပါဘူူး။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာလကုန္ပို္င္းကလည္း ထိပ္ထူးေပါက္ေက်းရြာကို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အမ်ိဳးသမီးတစ္ဦးနဲ႔ အိမ္ေမြးတရိစာၦန္ေတြ ေသဆံုးမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျဖစ္ပြားတာ တစ္ႏွစ္ေက်ာ္အၾကာရွိေနၿပီျဖစ္ကာ အရပ္သား ထိခိုက္ေသဆံုးမႈဟာလည္း ျမင့္တက္ေနဆဲျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဘူးသီးေတာင္ #လက္နက္ႀကီးက်ည္ထိ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW