မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းကို ဖျက်ပေးဖို့ဆန္ဒပြ

မြစ်ကြီးနား၊ဇန်နဝါရီ ၇-၂၀၂၀
ရန်အောင်ထွန်း(VOM)

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း WUNPAWNG HTUNGHKING HPUNG GINJAW (WHG) ကို ဖျက်သိမ်းပေးဖို့ ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှေ့မှာ လူဦးရေငါးဆယ်ခန့်က ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ထုတ်ပြန်ချက်က အချက် ၇ ချက်မှာတော့ ကချင်လူမျိုး‌တွေကြား စိတ်ဝမ်းကွဲစေမယ့် ပြဿနာများသာ ဖန်တီးနေတဲ့ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း(WHG) ကိုဖျက်သိမ်းပေးဖို့ ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှာကျရောက်မယ့် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ဘုံစာ‌ပေ မသုံးဘဲ မြန်မာ (ဗမာ) ဘာသာနဲ့သာရေးပြီး မနောင်ကွင်းမှာ ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မနောင်ပွဲတော် အစီအစဉ်ကို NLD အစိုးရက ဗဟိုညွှန်ကြားမှုအမိန့်နဲ့ ကျင်းပရန်စီစဉ်နေမှုကိုလည်း ရုတ်သိမ်းပေးဖို့၊ RC , KBC , MCC , WMR , JHG , PCG က ကချင်လူမျိုးခေါင်းဆောင်တွပါဝင် ဆွေးနွေးပြီးမှသာ ကချင်တစ်မျိုးသားလုံးနဲ့ပါတ်သက်တဲ့ မနောင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

(၇၁)ကြိမ်မြောက် မနောပွဲကျင်းပဖို့ စီစဉ်ခဲ့ချိန်မှာလည်း (KACHIN MUNGDAW NHTOI) ဆိုတဲ့စာသားကို ကန့်ကွက်ခဲ့ကြပြီး မနောပွဲတော်အဝင်မုဒ်ဦး ဆိုင်းဘုတ်ကို မီးရှို့တဲ့အထိဖြစ်လို့ (JINGHPAW MUNGDAW NHTOI)ဆိုတဲ့စာသား ပြောင်းလဲပြင်ဆင်ခဲ့ရပါတယ်။

အမည်အတွက် သဘောထားကွဲလွဲမှုကို အဲ့ဒီမနောပွဲအပြီးမှာ တိုင်းရင်းသားစာပေယဉ်ကျေးမှုကော်မတီတွေ တွေ့ဆုံပြီး ဌာနေတိုင်းရင်းသားအားလုံး လက်ခံနိုင်မယ့် အမည်တစ်ခုကို ဝိုင်းဝန်းဆွေးနွေးကြဖို့ ဆောင်ရွက်ပေးမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပေမယ့် အခုအထိ အကောင်အထည်ဖော်နိုင်မှုမရှိသေးတာ တွေ့ရပါတယ်။

#VOM #voiceofmyanmar #မြစ်ကြီးနား #WHGအသင်း #ဆန္ဒပြ

Zawgyi

ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳး႐ိုးရာယဥ္ေက်းမႈအသင္းကုိ ဖ်က္ေပးဖို႔ဆႏၵျပ

ျမစ္ႀကီးနား၊ဇန္နဝါရီ ၇-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳး႐ိုးရာယဥ္ေက်းမႈအသင္း WUNPAWNG HTUNGHKING HPUNG GINJAW (WHG) ကုိ ဖ်က္သိမ္းေပးဖို႔ ဒီကေန႔မနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္းေရွ႕မွာ လူဦးေရငါးဆယ္ခန႔္က ဆႏၵျပခဲ့ၾကပါတယ္။

သူတို႔ထုတ္ျပန္ခ်က္က အခ်က္ ၇ ခ်က္မွာေတာ့ ကခ်င္လူမ်ိဳး‌ေတြၾကား စိတ္ဝမ္းကြဲေစမယ့္ ျပႆနာမ်ားသာ ဖန္တီးေနတဲ့ ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳး႐ိုးရာယဥ္ေက်းမႈအသင္း(WHG) ကိုဖ်က္သိမ္းေပးဖို႔ ၊ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ ၁၀ ရက္မွာက်ေရာက္မယ့္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားကို ကခ်င္ဘုံစာ‌ေပ မသုံးဘဲ ျမန္မာ (ဗမာ) ဘာသာနဲ႔သာေရးၿပီး မေနာင္ကြင္းမွာ ၇၂ ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔မေနာင္ပြဲေတာ္ အစီအစဥ္ကို NLD အစိုးရက ဗဟိုၫႊန္ၾကားမႈအမိန႔္နဲ႔ က်င္းပရန္စီစဥ္ေနမႈကိုလည္း ႐ုတ္သိမ္းေပးဖို႔၊ RC , KBC , MCC , WMR , JHG , PCG က ကခ်င္လူမ်ိဳးေခါင္းေဆာင္တြပါဝင္ ေဆြးေႏြးၿပီးမွသာ ကခ်င္တစ္မ်ိဳးသားလုံးနဲ႔ပါတ္သက္တဲ့ မေနာင္ပြဲနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေဖာ္ျပထားပါတယ္။

(၇၁)ႀကိမ္ေျမာက္ မေနာပြဲက်င္းပဖို႔ စီစဥ္ခဲ့ခ်ိန္မွာလည္း (KACHIN MUNGDAW NHTOI) ဆိုတဲ့စာသားကို ကန္႔ကြက္ခဲ့ၾကၿပီး မေနာပြဲေတာ္အဝင္မုဒ္ဦး ဆိုင္းဘုတ္ကို မီးရႈိ႕တဲ့အထိျဖစ္လို႔ (JINGHPAW MUNGDAW NHTOI)ဆိုတဲ့စာသား ေျပာင္းလဲျပင္ဆင္ခဲ့ရပါတယ္။

အမည္အတြက္ သေဘာထားကြဲလြဲမႈကို အဲ့ဒီမေနာပြဲအၿပီးမွာ တိုင္းရင္းသားစာေပယဥ္ေက်းမႈေကာ္မတီေတြ ေတြ႕ဆုံၿပီး ဌာေနတိုင္းရင္းသားအားလုံး လက္ခံႏိုင္မယ့္ အမည္တစ္ခုကို ဝိုင္းဝန္းေဆြးေႏြးၾကဖို႔ ေဆာင္႐ြက္ေပးမယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာခဲ့ေပမယ့္ အခုအထိ အေကာင္အထည္ေဖာ္ႏိုင္မႈမရွိေသးတာ ေတြ႕ရပါတယ္။

#VOM #voiceofmyanmar #ျမစ္ႀကီးနား #WHGအသင္း #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW