ကားပါမစ်သတင်းတွေကြောင့် မန္တလေးကားဈေးကွက် အရောင်းအဝယ်ပိုအေးလာ

မန္တလေး ဇန်နဝါရီ ၈-၂၀၂၀
ဖြူဖြူ(VOM)

ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည့်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားပါမစ်ချပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် မန္တလေးကားဈေးကွက်မှာ အရောင်းအဝယ်ပိုအေးလာတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းမှာတော့ ပါမစ်တွေထွက်မယ်ဆိုတဲ့ သတင်းတွေကြောင့် တစ်ချို့ဝယ်နေရင်းနဲ့ပြန်သွားတာတောင် ရှိတယ်။ မနေ့ကဆို ဈေးစကားပြောပြီးမှ သူတို့အိမ်က ပါမစ်ရမယ်ဆိုလို့ မဝယ်နဲ့တော့၊ ပြန်လာခဲ့တော့ဆိုပြီး ပြန်သွားတယ်။”လို့ ကားအရောင်းအဝယ်လုပ်ကိုင်သူ ဦးမောင်မောင်မျိုးခိုင်က ပြောပါတယ်။

တိုင်းပြည်စီးပွားရေးအခြေအနေအရ ပြည်သူအားလုံး ကြပ်တည်းနေချိန်မှာ အရပ်သားအစိုးရအနေနဲ့ အခုလို ခွဲခြားပြီး အခွင့်ထူးခံပေးတာတွေက အစိုးရပုံရိပ်ကိုလည်းထိခိုက်စေတယ်လို့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ အခုနှစ်တွေအတွင်း မူလကတည်းက ကားအရောင်းအဝယ်အေးနေတဲ့ အချိန်မှာ အခုလို ပါမစ်ချပေးလိုက်ပါက ကားဈေးကွက်ကိုလည်း ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။

“ချပေးလိုက်ရင်တော့ ထိခိုက်သွားမှာပေါ့။ ထိခိုက်တဲ့အပြင် အစိုးရရဲ့ပုံရိပ်လည်းကျသွားမှာပဲ။ အရင်အစိုးရတွေလိုဖြစ်သွားမှာပဲ။ ကျနော်တို့ကတော့ ချမပေးစေချင်ပါဘူး။”လို့ မန္တလေးမြို့ပြည်ကြီးမျက်ရှင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း အတွင်းရေးမှူး ဦးရဲညွန့်က ပြောပါတယ်။

မန္တလေးကားဈေးကွက်မှာ ကျပ်သိန်း ၂၀၀ ဝန်းကျင်ကားအချို့သာ အရောင်းအဝယ်အနည်းငယ်ရှိနေပြီး အမြင့်ဈေးကားတွေ အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။

အများပြည်သူစိတ်ဝင်စားနေတဲ့ ပါမစ်ကိစ္စကတော့ ပထမအဆင့်မှာ ညွှန်ချုပ်နဲ့အထက် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ပါမစ်ချပေးမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတွေကို ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်တစ်စောင် ထွက်ရှိထားတာဖြစ်ပါတယ်။

ဒါပေမယ့် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနထံတော့ တရားဝင်စာပေးပို့လာတာ မရှိသေးဘူးလို့ တာဝန်ရှိသူကဖြေဆိုထားတယ်လို့ သတင်းမီဒီယာအချို့ရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။

အခုပါမစ်ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း လွှတ်တော်တွင်း တရားဝင်ကန့်ကွက်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #ကားပါမစ်

Zawgyi

ကားပါမစ္သတင္းေတြေၾကာင့္ မႏၲေလးကားေဈးကြက္ အေရာင္းအဝယ္ပိုေအးလာ

မႏၲေလး ဇန္နဝါရီ ၈-၂၀၂၀
ျဖဴျဖဴ(VOM)

ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔အထက္ ျပည့္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံဝန္ထမ္းေတြကို ကားပါမစ္ခ်ေပးမယ္ဆိုတဲ့ သတင္းေတြေၾကာင့္ မႏၲေလးကားေဈးကြက္မွာ အေရာင္းအဝယ္ပိုေအးလာတယ္လို႔ သိရပါတယ္။

“ဒီရက္ပိုင္းမွာေတာ့ ပါမစ္ေတြထြက္မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ တစ္ခ်ိဳ႕ဝယ္ေနရင္းနဲ႔ျပန္သြားတာေတာင္ ရွိတယ္။ မေန႔ကဆို ေဈးစကားေျပာၿပီးမွ သူတို႔အိမ္က ပါမစ္ရမယ္ဆိုလို႔ မဝယ္နဲ႔ေတာ့၊ ျပန္လာခဲ့ေတာ့ဆိုၿပီး ျပန္သြားတယ္။”လို႔ ကားအေရာင္းအဝယ္လုပ္ကိုင္သူ ဦးေမာင္ေမာင္မ်ိဳးခိုင္က ေျပာပါတယ္။

တိုင္းျပည္စီးပြားေရးအေျခအေနအရ ျပည္သူအားလုံး ၾကပ္တည္းေနခ်ိန္မွာ အရပ္သားအစိုးရအေနနဲ႔ အခုလို ခြဲျခားၿပီး အခြင့္ထူးခံေပးတာေတြက အစိုးရပုံရိပ္ကိုလည္းထိခိုက္ေစတယ္လို႔ ေဝဖန္မႈေတြကလည္း ရွိေနပါတယ္။ အခုႏွစ္ေတြအတြင္း မူလကတည္းက ကားအေရာင္းအဝယ္ေအးေနတဲ့ အခ်ိန္မွာ အခုလို ပါမစ္ခ်ေပးလိုက္ပါက ကားေဈးကြက္ကိုလည္း ထိခိုက္လာႏိုင္တယ္လို႔ သိရပါတယ္။

“ခ်ေပးလိုက္ရင္ေတာ့ ထိခိုက္သြားမွာေပါ့။ ထိခိုက္တဲ့အျပင္ အစိုးရရဲ႕ပုံရိပ္လည္းက်သြားမွာပဲ။ အရင္အစိုးရေတြလိုျဖစ္သြားမွာပဲ။ က်ေနာ္တို႔ကေတာ့ ခ်မေပးေစခ်င္ပါဘူး။”လို႔ မႏၲေလးၿမိဳ႕ျပည္ႀကီးမ်က္ရွင္ ေမာ္ေတာ္ယာဥ္ေရာင္းဝယ္ေရးအသင္း အတြင္းေရးမႉး ဦးရဲၫြန္႔က ေျပာပါတယ္။

မႏၲေလးကားေဈးကြက္မွာ က်ပ္သိန္း ၂၀၀ ဝန္းက်င္ကားအခ်ိဳ႕သာ အေရာင္းအဝယ္အနည္းငယ္ရွိေနၿပီး အျမင့္ေဈးကားေတြ အေရာင္းအဝယ္မရွိဘူးလို႔ သိရပါတယ္။

အမ်ားျပည္သူစိတ္ဝင္စားေနတဲ့ ပါမစ္ကိစၥကေတာ့ ပထမအဆင့္မွာ ၫႊန္ခ်ဳပ္နဲ႔အထက္ ျပည္သူ႔ဝန္ထမ္းနဲ႔ ႏိုင္ငံဝန္ထမ္းေတြကို ပါမစ္ခ်ေပးမွာျဖစ္ၿပီး ဒုတိယအဆင့္အေနနဲ႔ ဒုၫႊန္ခ်ဳပ္နဲ႔ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံ့ဝန္ထမ္းေကာင္းတံဆိပ္ရရွိသူေတြကို ေဆာင္႐ြက္ေပးမွာျဖစ္တယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၂ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္တစ္ေစာင္ ထြက္ရွိထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနထံေတာ့ တရားဝင္စာေပးပို႔လာတာ မရွိေသးဘူးလို႔ တာဝန္ရွိသူကေျဖဆိုထားတယ္လို႔ သတင္းမီဒီယာအခ်ိဳ႕ရဲ႕ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

အခုပါမစ္ကိစၥနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ကလည္း လႊတ္ေတာ္တြင္း တရားဝင္ကန႔္ကြက္တာေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလး #ကားပါမစ္

Related posts

Leave a Comment

VOM News

FREE
VIEW